အခ်စ္သစ္ေတြ႕ၿပီ ျဖစ္တဲ့အေၾကာင္း တရားဝင္ေၾကညာလိုက္တဲ့ အဆိုေတာ္ေခ်ာေလး

အခ်စ္သစ္ေတြ႕ၿပီ ျဖစ္တဲ့အေၾကာင္း တရားဝင္ေၾကညာလိုက္တဲ့ ေအသင္ခ်ိဳေဆြ

ေအသင္ခ်ိဳေဆြကို(A Then Cho Swe) ‘’ေပါက္တဲ့အိုး’’ ဆိုတဲ့ တစ္ကိုယ္ေတာ္ အေခြ ကေနတဆင့္ ပရိသတ္ေတြ သိတင္သိရွိခဲ့တာပါ။ အဲဒီေနာက္ ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြလည္း ထြက္ရွိခဲ့ပါတယ္။

သူမဟာ ဂီတအလုပ္ေတြသာမက သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ဗီဒီယို ဇာတ္ကားေတြလည္း ႐ိုက္ကူးခဲ့ဖူးပါေသးတယ္။ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြ ထြက္ၿပီးသြားတဲ့ေနာက္မွာေတာ့ အႏုပညာအလုပ္ေတြနဲ႔ ခဏတာ ေဝးကြာသြားခဲ့ပါတယ္။

အဲဒီေနာက္ ၂၀၁၈ ခုႏွစ္မွစၿပီး ဂီတေလာကထဲကို ျပန္လည္ဝင္ေရာက္လာတာ ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြကေတာ့ လက္ရွိပိုင္ဆိုင္ထားတဲ့ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကို ေျပာျပလာပါတယ္။ ေအသင္ခ်ိဳေဆြက အခုဆိုရင္ ခ်စ္သူရွိေနၿပီလို႔ ဆိုပါတယ္။

အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ ယုံၾကည္ခ်က္မရွိတဲ့ သူမ အတြက္ေတာ့ လက္ရွိ ခ်စ္သူက စိတ္ခ်မ္းသာေစတယ္လို႔ေျပာျပလာပါတယ္။ “ကြၽန္မေလာက္ အခ်စ္နဲ႔ပတ္သတ္ရင္ ေယာက်ာ္းေတြနဲ႔ ပတ္သက္ရင္ ဆန္းဆန္းတင့္တာ ကြၽန္မပဲ။ ကြၽန္မ ဒီတခါ

သိပ္ကံေကာင္းတာပဲလို႔ ေျပာဖို႔ ေစာေနေသးေပမယ့္ ေျပာဖို႔အတြက္ တကယ္ကိုထိုက္တန္လို႔ပါ။ အခ်စ္ နဲ႔ပတ္သက္ရင္ ကံဆိုးတယ္၊ ကံေကာင္းတယ္ ဆိုတဲ့ ကံတရားနဲ႔ မဆိုင္ပါဘူး။ ကိုယ့္ကိုခ်စ္ တဲ့ လူ နဲ႔ ပဲ တိုက္႐ိုက္ သက္ဆိုင္ေနပါတယ္ ။ Love you coco”

ဆိုၿပီးေတာ့ ဇူလိုင္လ ၂၄ ရက္ေန႔ ညေန ၃ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ေအသင္ခ်ိဳေဆြကေတာ့ သူမရဲ႕ ခ်စ္သူ ဘယ္သူလဲဆိုတာကိုေတာ့ ထုတ္ေျပာျပထားတာ မေတြ႕ရေသးပါဘူး။ လက္ရွိခ်စ္သူက သူမရဲ႕ က်န္းမာေရးနဲ႔

ပတ္သက္ၿပီးေတာ့လည္း ေသခ်ာဂ႐ုစိုက္ေပးတယ္လို႔ ေအသင္ခ်ိဳေဆြက ေျပာလာပါတယ္။ ” ကြၽန္မ ဒီရက္ပိုင္းေတြထဲ အရမ္းေပ်ာ္ၿပီး စိတ္လည္းခ်မ္းသာေနရတယ္။ တကယ္ေျပာတာ။ မိသားစုနဲ ႔ခရီးသြားဖို႔ေတြ၊ ဝိတ္ျပန္ခ်ဖို႔ေတြပဲစဥ္းစားေနမိတယ္။

ဝိတ္ခ်ဖို႔ ကိုေတာင္က်န္းမာေရးေၾကာင့္ပဲ နည္းလမ္းမွန္စြာ ေျဖးေျဖးနဲ႔မွန္မွန္ပဲခ်ဖို႔ မွာထားတယ္ သူက။ တကယ္ပဲ သူက စိတ္ခ်မ္းသာေအာင္ ေနဖို႔မွာထားတယ္။ ေပ်ာ္ေနတာပဲေတြ႕ခ်င္တယ္တဲ့” လို႔ ဆက္လက္ ေရးသားထားပါေသးတယ္။ source – Athein Cho Swe

(unicode version) အချစ်သစ်တွေ့ပြီ ဖြစ်တဲ့အကြောင်း တရားဝင်ကြေညာလိုက်တဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။

သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြလာပါတယ်။ အေသင်ချိုဆွေက အခုဆိုရင် ချစ်သူရှိနေပြီလို့ ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လာရင် ယုံကြည်ချက်မရှိတဲ့ သူမ အတွက်တော့ လက်ရှိ ချစ်သူက စိတ်ချမ်းသာစေတယ်လို့ပြောပြလာပါတယ်။ “ကျွန်မလောက် အချစ်နဲ့ပတ်သတ်ရင် ယောကျာ်းတွေနဲ့ ပတ်သက်ရင် ဆန်းဆန်းတင့်တာ ကျွန်မပဲ။ ကျွန်မ ဒီတခါ

သိပ်ကံကောင်းတာပဲလို့ ပြောဖို့ စောနေသေးပေမယ့် ပြောဖို့အတွက် တကယ်ကိုထိုက်တန်လို့ပါ။ အချစ် နဲ့ပတ်သက်ရင် ကံဆိုးတယ်၊ ကံကောင်းတယ် ဆိုတဲ့ ကံတရားနဲ့ မဆိုင်ပါဘူး။ ကိုယ့်ကိုချစ် တဲ့ လူ နဲ့ ပဲ တိုက်ရိုက် သက်ဆိုင်နေပါတယ် ။ Love you coco”

ဆိုပြီးတော့ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အေသင်ချိုဆွေကတော့ သူမရဲ့ ချစ်သူ ဘယ်သူလဲဆိုတာကိုတော့ ထုတ်ပြောပြထားတာ မတွေ့ရသေးပါဘူး။ လက်ရှိချစ်သူက သူမရဲ့ ကျန်းမာရေးနဲ့

ပတ်သက်ပြီးတော့လည်း သေချာဂရုစိုက်ပေးတယ်လို့ အေသင်ချိုဆွေက ပြောလာပါတယ်။ ” ကျွန်မ ဒီရက်ပိုင်းတွေထဲ အရမ်းပျော်ပြီး စိတ်လည်းချမ်းသာနေရတယ်။ တကယ်ပြောတာ။ မိသားစုနဲ့ခရီးသွားဖို့တွေ၊ ဝိတ်ပြန်ချဖို့တွေ ပဲစဉ်းစားနေမိတယ်။

ဝိတ်ချဖို့ ကိုတောင်ကျန်းမာရေးကြောင့်ပဲ နည်းလမ်းမှန်စွာ ဖြေးဖြေးနဲ့မှန်မှန်ပဲ ချဖို့ မှာထားတယ် သူက။ တကယ်ပဲ သူက စိတ်ချမ်းသာအောင် နေဖို့မှာထားတယ်။ ပျော်နေတာပဲ တွေ့ချင်တယ်တဲ့” လို့ ဆက်လက် ရေးသားထား ပါသေးတယ်။ source – Athein Cho Swe