ေဘာလုံးသမားကို လက္ထပ္ထားေပမယ့္ တကယ္ေတာ့ စစ္သားႀကီးျဖစ္ေနတယ္ဆိုၿပီး ေျပာတဲ႔ သရုပ္ေဆာင္မင္းသမီးေလး

ေဘာလုံးသမားကို လက္ထပ္ထားေပမယ့္ တကယ္ေတာ့ စစ္သားႀကီးျဖစ္ေနတယ္ဆိုၿပီး ခင္ပြန္းျဖစ္သူေအာင္သူကို စေနာက္ခဲ့တဲ့ ပိုးအိအိခန္႔

သ႐ုပ္ေဆာင္ ပိုးအိအိခန႔္ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြရဲ့ အားေပးမွုကို အခိုင္အမာရရွိထားသူ ျဖစ္ပါတယ္။ ပိုးအိအိခန႔္က ေအာင္ျမင္ေနဆဲအခ်ိန္မွာတင္ ျမန္မာ့လက္ေရြးစင္ေဘာလုံးသမား ေအာင္သူနဲ႔ လက္ထပ္ခဲ့ၿပီး သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္တစ္ခုကို

အတူတူ ပုံေဖာ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနနဲ႔လ ေရႊနဲ႔ျမလို့ လိုက္ဖက္လြန္းတဲ့ ေအာင္သူနဲ႔ ပိုးအိအိခန႔္တို့ ဇနီးေမာင္ႏွံႏွစ္ေယာက္စလုံးကို ခ်စ္ခင္အားေပးၾကပါတယ္။ အိမ္ေထာင္သက္တစ္ႏွစ္ေက်ာ္ရွိၿပီျဖစ္တဲ့ ေအာင္သူနဲ႔ ပိုးအိအိခန႔္က အခုဆိုရင္ သားေလးတစ္ေယာက္ကိုပိုင္ဆိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းကတင္

သားေလးရဲ့ တစ္ႏွစ္ျပည့္ေမြးေန႔ကို ေဗာဓိဓာတ္ေပါင္း စစ္ကိုင္းေက်ာင္းမွာ ျပဳလုပ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ပိုးအိအိခန႔္က သူမတို့ ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ့ ဓာတ္ပုံေတြကိုမၽွေဝရင္း ခင္ပြန္းျဖစ္သူ ေအာင္သူကို “ကိုေက်ာက္႐ုပ္” ဆိုၿပီး ထူးထူးဆန္းဆန္း နာမည္ေပးထားတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ပိုးအိအိခန႔္က

“ကၽြန္မက ေဘာလုံးသမားယူထားတယ္ထင္ေနတာ တကယ္ေတာ့ စစ္သားျဖစ္ေနတယ္ သူ႔လူႀကီးက သတိဆြဲခိုင္းထားတာျဖစ္မယ္ 😂😂😂” ဆိုၿပီး အရႊန္းေဖာက္ေျပာထားတာေၾကာင့္ ပရိသတ္ေတြခမ်ာ သေဘာက်ခဲ့ရတာပဲ ျဖစ္ပါတယ္။ ပိုးအိအိခန႔္က “ကိုေက်ာက္႐ုပ္” ဆိုၿပီး နာမည္ေပးရေလာက္ေအာင္ ေအာင္သူက အေနေအးၿပီး စကားနည္းလြန္းလွသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ပရိသတ္ႀကီးလည္း ပိုးအိအိခန႔္ေပးထားတဲ့ ေအာင္သူ႔ရဲ့ နာမည္ေျပာင္အသစ္ေလးကို သေဘာက်ၾကမယ္ ထင္ပါတယ္။ Source – Poe Ei Ei Khant’s fb

(unicode version) ဘောလုံးသမားကို လက် ထပ်ထားပေမယ့် တကယ်တော့ စစ်သားကြီးဖြစ်နေတယ်ဆိုပြီး ခင်ပွန်းဖြစ်သူအောင်သူကို စနောက်ခဲ့တဲ့ ပိုးအိအိခန့်

သရုပ်ဆောင် ပိုးအိအိခန့်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ ပိုးအိအိခန့်က အောင်မြင်နေဆဲအချိန်မှာတင် မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခုကို

အတူတူ ပုံဖော်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေနဲ့လ ရွှေနဲ့မြလို့ လိုက်ဖက်လွန်းတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ ဇနီးမောင်နှံနှစ်ယောက်စလုံးကို ချစ်ခင်အားပေးကြပါတယ်။ အိမ်ထောင်သက်တစ်နှစ်ကျော်ရှိပြီဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်က အခုဆိုရင် သားလေးတစ်ယောက်ကိုပိုင်ဆိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတင်

သားလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ကို ဗောဓိဓာတ်ပေါင်း စစ်ကိုင်းကျောင်းမှာ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုးအိအိခန့်က သူမတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဓာတ်ပုံတွေကိုမျှဝေရင်း ခင်ပွန်းဖြစ်သူ အောင်သူကို “ကိုကျောက်ရုပ်” ဆိုပြီး ထူးထူးဆန်းဆန်း နာမည်ပေးထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပိုးအိအိခန့်က

“ကျွန်မက ဘောလုံးသမားယူထားတယ်ထင်နေတာ တကယ်တော့ စစ်သားဖြစ်နေတယ် သူ့လူကြီးက သတိဆွဲခိုင်းထားတာဖြစ်မယ် 😂😂😂” ဆိုပြီး အရွှန်းဖောက်ပြောထားတာကြောင့် ပရိသတ်တွေခမျာ သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က “ကိုကျောက်ရုပ်” ဆိုပြီး နာမည်ပေးရလောက်အောင် အောင်သူက အနေအေးပြီး စကားနည်းလွန်းလှသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ပိုးအိအိခန့်ပေးထားတဲ့ အောင်သူ့ရဲ့ နာမည်ပြောင်အသစ်လေးကို သဘောကျကြမယ် ထင်ပါတယ်။ Source – Poe Ei Ei Khant’s fb