ဆယ္တန္းေအာင္ၿပီး တကၠသိုလ္တက္ရန္ အခက္အခဲရွိေနတဲ့ ေက်ာင္းသားမ်ားကို ပညာသင္စရိတ္ေထာက္ပံ့မည္

ဆယ္တန္းေအာင္ၿပီး တကၠသိုလ္တက္ရန္ အခက္အခဲရွိေနတဲ့ ေက်ာင္းသားမ်ားကို ပညာသင္စရိတ္ေထာက္ပံ့မည္

တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ၿပီး တကၠသိုလ္ေန႔သင္တန္းတက္ေရာက္ရန္ အခက္အခဲရွိေနတဲ့ ပထမႏွစ္ေက်ာင္းသားမ်ားကို ပညာေရးဝန္ႀကီးဌာကေန ပညာသင္စရိတ္ေထာက္ပံ့ေပးသြားမယ္လို့သိရပါတယ္။ ေက်ာင္းသားတစ္ဦးကို တစ္လလၽွင္ (၃၀,၀၀၀)က်ပ္ႏွုန္းနဲ႔ (၁၀)လစာေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။

အမွန္တကယ္ ဆင္းရဲႏြမ္းပါးၿပီး အခက္အခဲရွိေနတဲ့ ေက်ာင္းသားေတြကိုသာ ေထာက္ပံ့သြားမွာျဖစ္ၿပီး ေထာက္ပံ့ေၾကးရယူလိုတဲ့ ေက်ာင္းသား၊ေက်ာင္းသူမ်ားရဲ့ ေနအိမ္ေတြကိုေတာ့ အိမ္တိုင္ရာေရာက္ ကြင္းဆင္းစစ္ေဆးမွုေတြလည္း လုပ္ေဆာင္သြားမယ္လို့ သိရပါတယ္။ “ ပညာသင္စရိတ္ေထာက္ပံ့မယ္ဆိုတာဟုတ္ပါတယ္ ။

တရားဝင္လည္းထုတ္ျပန္ေၾကညာထားတယ္။ အဓိ ကကေတာ့ တကၠသိုလ္တက္ေရာက္ဖို့ အခက္အခဲရွိေနတဲ့သူေတြကိုပါ။ ပညာသင္စရိတ္ေထာက္ပံ့ေၾကးရယူလိုတဲ့ ေက်ာင္းသားေတြကိုလည္း သက္ဆိုင္ရာ တကၠသိုလ္ေတြရဲ့ အဖြဲ႕အစည္းေတြကပဲေရြးခ်ယ္မယ္ ။အိမ္တိုင္ရာေရာက္ ကြင္းဆင္းစစ္ေဆးမွုေတြလည္းလုပ္ခိုင္းထားတယ္”

လို့ အဆင့္ျမင့္ပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာသိန္းဝင္းက ေျပာပါတယ္။ ယခုႏွစ္အတြက္ တကၠသိုလ္အသီးသီးက ေက်ာင္းသားမ်ားကို ပညာသင္စရိတ္ေထာက္ပံ့ဖို့အတြက္ ေက်ာင္းအလိုက္ လူဦးေရကို သတ္မွတ္ထားတာျဖစ္ၿပီး သတ္မွတ္ေက်ာင္းသားဦးေရထက္ စာရင္းေပးမွုမ်ားပါက

ဆင္းရဲႏြမ္းပါးမွုျခင္းတူေနရင္ေတာင္ ပညာေတာ္တဲ့သူကို ဦးစားေပးသြားမွာျဖစ္တယ္လို့ သိရပါတယ္။ ပညာသင္စရိတ္ေထာက္ပံ့ေၾကးရတဲ့ ေက်ာင္းသားေတြအေနနဲ႔စာေမးပြဲ က်ရွုံးတာနဲ႔ အက်င့္စရိုက္ပ်က္ျပားတဲ့ ျပစ္မွုမ်ိဳးကို က်ဴးလြန္မိပါက ပညာသင္စရိတ္ေထာက္ပံ့မွုကို ရပ္နားခံရမွာျဖစ္တယ္လို့ ေဒါက္တာသိန္းဝင္းကေျပာပါတယ္။

ပညာသင္စရိတ္ရရွိတဲ့ ေက်ာင္းသားေတြအေနနဲ႔ ေက်ာင္းၿပီးပါက နိုင္ငံေတာ္က အလိုရွိရင္ နိုင္ငံ့ဝန္ထမ္းအျဖစ္ ထမ္းေဆာင္ပါမည္ဆိုတဲ့ ကတိခံဝန္ခ်က္မွာ လက္မွတ္ေရးထိုးၾကရမွာလည္းျဖစ္ပါတယ္။ Ref-Duwun

(unicode version)

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရန် အခက်အခဲရှိနေတဲ့ ကျောင်းသားများကို ပညာသင်စရိတ်ထောက်ပံ့မည်

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်နေ့သင်တန်းတက်ရောက်ရန် အခက်အခဲရှိနေတဲ့ ပထမနှစ်ကျောင်းသားများကို ပညာရေးဝန်ကြီးဌာကနေ ပညာသင်စရိတ်ထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။ ကျောင်းသားတစ်ဦးကို တစ်လလျှင် (၃၀,၀၀၀)ကျပ်နှုန်းနဲ့ (၁၀)လစာထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

အမှန်တကယ် ဆင်းရဲနွမ်းပါးပြီး အခက်အခဲရှိနေတဲ့ ကျောင်းသားတွေကိုသာ ထောက်ပံ့သွားမှာဖြစ်ပြီး ထောက်ပံ့ကြေးရယူလိုတဲ့ ကျောင်းသား၊ကျောင်းသူများရဲ့ နေအိမ်တွေကိုတော့ အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ “ ပညာသင်စရိတ်ထောက်ပံ့မယ်ဆိုတာဟုတ်ပါတယ် ။

တရားဝင်လည်းထုတ်ပြန်ကြေညာထားတယ်။ အဓိ ကကတော့ တက္ကသိုလ်တက်ရောက်ဖို့ အခက်အခဲရှိနေတဲ့သူတွေကိုပါ။ ပညာသင်စရိတ်ထောက်ပံ့ကြေးရယူလိုတဲ့ ကျောင်းသားတွေကိုလည်း သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ အဖွဲ့အစည်းတွေကပဲရွေးချယ်မယ် ။အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးမှုတွေလည်းလုပ်ခိုင်းထားတယ်”

လို့ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါတယ်။ ယခုနှစ်အတွက် တက္ကသိုလ်အသီးသီးက ကျောင်းသားများကို ပညာသင်စရိတ်ထောက်ပံ့ဖို့အတွက် ကျောင်းအလိုက် လူဦးရေကို သတ်မှတ်ထားတာဖြစ်ပြီး သတ်မှတ်ကျောင်းသားဦးရေထက် စာရင်းပေးမှုများပါက

ဆင်းရဲနွမ်းပါးမှုခြင်းတူနေရင်တောင် ပညာတော်တဲ့သူကို ဦးစားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်စရိတ်ထောက်ပံ့ကြေးရတဲ့ ကျောင်းသားတွေအနေနဲ့စာမေးပွဲ ကျရှုံးတာနဲ့ အကျင့်စရိုက်ပျက်ပြားတဲ့ ပြစ်မှုမျိုးကို ကျူးလွန်မိပါက ပညာသင်စရိတ်ထောက်ပံ့မှုကို ရပ်နားခံရမှာဖြစ်တယ်လို့ ဒေါက်တာသိန်းဝင်းကပြောပါတယ်။

ပညာသင်စရိတ်ရရှိတဲ့ ကျောင်းသားတွေအနေနဲ့ ကျောင်းပြီးပါက နိုင်ငံတော်က အလိုရှိရင် နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ပါမည်ဆိုတဲ့ ကတိခံဝန်ချက်မှာ လက်မှတ်ရေးထိုးကြရမှာလည်းဖြစ်ပါတယ်။ Ref-Duwun