အေးနေဝင်းနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းဓာတ်ပုံ တွေ နဲ့ပတ်သတ်ပြီး ပြန်ဖြေရှင်းလာတဲ့  မင်းသမီးလေး ပိုးကြာဖြူခင်
အေးနေဝင်းနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းဓာတ်ပုံ တွေ နဲ့ပတ်သတ်ပြီး ပြန်လည် ဖြေရှင်းလာခဲ့တဲ့  မင်းသမီးလေး ပိုးကြာဖြူခင်
သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ MRTV -4 ဇာတ်လမ်းတွဲ တွေကနေပြီး တော့ ပရိသတ်ချစ်တဲ့ အနုပညာရှင် မင်းသမီးတစ်ယောက်အဖြစ် တောက်ပလာခဲ့ တာဖြစ်ပြီးရုပ်သံ ဇာတ်လမ်းတွဲ ပရိသတ်တွေရဲ့
တခဲနက် အားပေးမှုကို ရရှိထားသူ တစ်ဦးပါ။ အ ခုရက်ပိုင်းမှာတော့ ဆယ်လီ စုံထောက်လို့ လူတွေကင်ပွန်း တပ်ကြတဲ့ ဟန်ငြိမ်းဦး အကောင့်ပိုင်ရှင်ရဲ့ အေးနေဝင်းနဲ့ တွဲနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။
ဟန်ငြိမ်းဦး အကောင့်မှာ တင်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ဖော်ပြချက် တွေကိုတော့ ပိုးကြာဖြူခင်က ပရိတ် သတ်ကြီးအတွက် အခုလိုပဲ ပြန်လည် ရှင်းပြလာခဲ့တာ ပဲဖြစ်ပါတယ်။ “ကိုအေး နဲ့ အပြင်မှာ တွေ့ဖူးတာ (၆) ကြိမ်ပဲ ရှိသေးတယ်။
သူက ညီမ ကြိုက်တဲ့ အဆင်လည်း မဟုတ်ပါဘူး။ အသက်လည်း အရမ်း ကွာပါတယ်။ ကိုယ် မကြိုက်တဲ့ လူတစ်ယောက် နဲ့ အထင်ခံရတော့ အရမ်း ရယ်ချင်မိတယ်။ သူနဲ့ သတင်းတွေ ထွက်ထားတော့ ဘူပိတ်သွားတယ်”
လို့ ပြန်လည် ရှင်းပြခဲ့တာပါ။ ပိုးကြာဖြူခင်က ” ညီမ မဟာမြိုင် ခရီးစဉ်က အပြန်မှာ အတူပါလာတဲ့ အန်တီတွေက ပုဂံမှာတစ်ည အိပ်မယ်ဆိုလို့ အိပ်ဖြစ်ရင်းက ကိုအေးတို့နဲ့ တွေ့တာပါ။သူက ပုဂံက မြေကွက်တွေကို အဲ့ဒီ
အန်တီတွေကို လိုက်ပြတာပေါ့၊ ဒီတိုင်း ခင်ကြရုံပါပဲ။ ကိုယ်နဲ့လည်း အသက် အရမ်းကွာပါတယ်။၂၀၁၇ Aroma Show ပွဲမှာ ကိုအေးနေဝင်းနဲ့စသိခဲ့တာပါ။ သူငယ်ချင်း မိတ်ဆက်ပေးလို့ မြင်ဖူးရုံလောက်ပါပဲ။ ပုံထဲမှာ
အပြာရောင် အကျီချင်း တူနေတယ် ဆိုတာကလည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာပေါ့နော်။ အဲ့ဒါကို မသိတဲ့သူတွေက ဒီလိုပဲ ယုန်ထင် ကြောင်ထင် ဖြစ်အောင် ဓာတ်ပုံတွေ တင်လိုက်တဲ့သဘောပါပဲ… တကယ်တော့
သူတင်တဲ့ ဓာတ်ပုံတွေ ဆိုတာကလည်း ကိုယ်တွေ Public မှာတင်ထားတဲ့ Video တွေ ဓာတ်ပုံတွေပါ ဘာမှထူးဆန်း နေတာမဟုတ် ဘူးပေါ့နော် သာမန် ရိုးရိုးသားသား ခင်မင်မှုပါပဲ။ ပရိသတ်တွေ အထင်မမှားအောင်
အခုတခါတည်း ရှင်းပြပေး လိုက်တာပါ” လို့ပြော လာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ အေးနေဝင်းနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ အပေါ် ပိုးကြာဖြူခင်က ပြန်လည်ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။အခုလို ပိုးကြာဖြူခင်ရဲ့
ဖြေရှင်းချက်တွေ ထွက်ပေါ် လာပြီးတဲ့ နောက်မှာတော့ ဟန်ငြိမ်းဦး အကောင့် မှာတင်ထားတဲ့ ပိုးကြာဖြူခင်နဲ့ အေးနေဝင်းရဲ့ပို့စ်တွေကို ပြန်လည်ဖြုတ်ချ သွားခဲ့ကြောင်း သိရပါတယ်နော်။ ခွက်ဒစ်- Shwe Yaung Myanmar