(unicode version)
Taxi သမားရဲ့ ရိုင်းစိုင်းစွာပြောဆိုမှုကြောင့် ပေါက်ကွဲနေတဲ့ ချမ်းချမ်း
Melody World ပြိုင်ပွဲ ကနေတဆင့် အောင်မြင်လာတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်လာတဲ့ တေးသံရှင် ချမ်းချမ်းတစ်ယောက်ကတော့ ဒီနေ့မှာ Taxi ငှားစီးရာကနေ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခံ လိုက်ရကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ် ။ service ပေးတဲ့အလုပ်လုပ်ပြီး
ရိုင်းစိုင်းစွာပြောဆိုမှုကြောင့် ပေါက်ကွဲပြီးရေးသားခဲ့တာဖြစ်ပါတယ် ။ Taxi ကားစီးမိပါတယ် ကိုယ့်ကားငှားစီးတဲ့သူက အထုပ်အပိုးတေနဲ့ရှေ့မှာလဲကားတစီးကွယ်နေလို့ မမြင်လို့ ဘယ်နားရောက်ပီလဲမေးတာကိုရိုင်းစိုင်းစွာပြောတဲ့ ကားသမား ကိုယ်က location ထာက်ထားတာ ဟိုတယ် ပေးကပ်ရပ်က ဆိုင်ဆိုတော့
သူထင်တာ မကောင်းတဲ့ မိန်းမများထင်တာလား မသိဘူး ဘဝမှာတစ်ခါပဲတွေ့ဖူးတယ် ကားကလဲအတွင်းမှာညစ်ပတ်နေ ကားကိုလဲမမောင်းတတ် break တွေ ဆောင့်အုပ် အော်ငါ့ဘဝ ကလေးနဲ့မို့သည်းခံလိုက်တာ ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ Taxi ငှားစီးရင်းကြုံတွေ့ခဲ့ရပုံတွေကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။
ကျေးဇူးပါ နောက်ဆို အဆင်မပြေဘူးဆိုတာသိစေချင်တယ် လူတေက အရိုင်းစိုင်းတေများတယ် service ပေးတဲ့အလုပ်လုပ်ရင်အဲ့လို မရိုင်းစိုင်းရဘူးဆိုတာ မသိတာပဲလား ဒါကြောင့်လဲအဲ့လိုလူတွေဟာ အဲ့လိုဘဝကနေ မတိုးတက်တော့တာလဲ မပြောနဲ့ စိတ်လေပါတယ် လိုင်စင်ရအောင်ဖြေမှပဲ အဆင်ပြေတော့မယ်
ကိုယ့်ကားကိုယ်တိုင် မောင်းတာပဲကောင်းပါတယ် ဆိုပြီး သူမရဲ့ခံစားချက်တွေကို ပေါက်ကွဲပြီးရေးသားခဲ့တာပဲဖြစ်ပါတယ် ။Source – Chan Nyein