လာမယ့္အႏွစ္(၈၀)အတြင္းမွာ ပိုလာဝက္ဝံေတြ အၿပီးတိုင္ေပ်ာက္ကြယ္သြားနိုင္ဟု ကၽြမ္းက်င္သူမ်ားခန႔္မွန္း

လာမယ့္အႏွစ္(၈၀)အတြင္းမွာ ပိုလာဝက္ဝံေတြ အၿပီးတိုင္ေပ်ာက္ကြယ္သြားနိုင္ဟု ကၽြမ္းက်င္သူမ်ားခန႔္မွန္း

ကၽြမ္းက်င္ပညာရွင္ေတြရဲ႕အဆုိအရ ပိုလာဝက္ဝံေတြဟာ လာမယ့္အႏွစ္(၈၀)ေလာက္အတြင္းမွာ ကမာၻေျမကေန အၿပီးတုိင္ေပ်ာက္ကြယ္သြားႏုိင္တယ္လုိ႔ ဆုိထားပါတယ္။ လက္ရွိအခ်ိန္မွာ လုိအပ္တဲ့ကာကြယ္မႈေတြ၊ သဘာဝပတ္ဝန္းက်င္ဆုိင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြ

မလုပ္ဘူးဆုိရင္ ပုိလာေတြကို အႏွစ္(၁၀၀)အတြင္း ေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။ ကမာၻႀကီးရဲ႕ ပူေႏြးလာတဲ့ စံခ်ိန္တင္အပူခ်ိန္ေတြေၾကာင့္ အာတိတ္စက္ဝန္းအတြင္းက ေရခဲထုဟာ အားလုံးသိတဲ့အတုိင္း ဆယ္စုႏွစ္ေတြ မ်ားစြာအတြင္းမွာ တစိမ့္စိမ့္ အရည္ေပ်ာ္လာခဲ့တာပါ။

ဒီလုိ အရည္ေပ်ာ္လာျခင္းဟာ ပုိလာေတြအတြက္ေတာ့ တျဖည္းျဖည္း ေနစရာ က်ဥ္းေျမာင္းလာျခင္းနဲ႔ အစာေရစာ ရွားပါးလာျခင္းကုိ ျဖစ္ေစပါတယ္။ ေနာက္ၿပီး ဆုိးရြားတဲ့ပတ္ဝန္းက်င္ ေဂဟစနစ္ ပ်က္စီးမႈဟာ သတၱဝါေတြမေျပာနဲ႔ လူေတြကိုေတာင္ ကမာၻေျမကေန

အၿပီးတုိင္ေပ်ာက္ကြယ္သြားေအာင္ လုပ္ေဆာင္ဖန္တီးႏုိင္ပါတယ္။ ဒါေၾကာင့္ ပိုလာေတြအေနနဲ႔ လက္တေလာ ေဂဟစနစ္ပ်က္စီးမႈမွာ အဆုိးဆုံးသက္ေရာက္ခံရသူေတြ ျဖစ္လာခဲ့ပါတယ္။ ပုိလာေတြကုိ International Union for Conservation of Nature (IUCN) အဖြဲ႕ခ်ဳပ္က

မ်ိဳးသုန္းေပ်ာက္ကြယ္ေတာ့မယ့္ ရွားပါးတိရစာၦန္စာရင္းမွာ ထည့္သြင္းထားၿပီး ျဖစ္ပါတယ္။ လုိအပ္တဲ့ ေစာင့္ေရွာက္မႈေတြ ျပဳလုပ္ေနလင့္ကစား ပုိၿပီးဆုိးရြားလာတဲ့ အပူခ်ိန္ကုိေတာ့ တားဆီးႏုိင္ျခင္း မရွိပါဘူး။ကေနဒါႏုိင္ငံ၊ Ontario မွာတည္ရွိတဲ့

University of Toronto မွ ပါေမာကၡေဒါက္တာ Peter Molnar က ” သဘာဝပတ္ဝန္းက်င္ကုိ ျပဳျပင္ဖုိ႔အတြက္ အေရးတႀကီး လုပ္ရမယ့္အခ်ိန္ပါ ပိုလာဝက္ဝံေတြဟာ ကမာၻရဲ႕ထိပ္ဖ်ားကို ထုိင္ေနရပါၿပီ ေရခဲေတြသာ မရွိေတာ့ရင္ သူတုိ႔အတြက္ ေနရာမရွိေတာ့ပါဘူး “လုိ႔ ေျပာခဲ့ပါတယ္။ source – De Nae Khit

unicode version

လာမယ့်အနှစ်(၈၀)အတွင်းမှာ ပိုလာဝက်ဝံတွေ အပြီးတိုင်ပျောက်ကွယ်သွားနိုင်ဟု ကျွမ်းကျင်သူများခန့်မှန်း

ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ ပိုလာဝက်ဝံတွေဟာ လာမယ့်အနှစ်(၈၀)လောက်အတွင်းမှာ ကမ္ဘာမြေကနေ အပြီးတိုင်ပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုထားပါတယ်။ လက်ရှိအချိန်မှာ လိုအပ်တဲ့ကာကွယ်မှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ

မလုပ်ဘူးဆိုရင် ပိုလာတွေကို အနှစ်(၁၀၀)အတွင်း တွေ့ရတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာကြီးရဲ့ ပူနွေးလာတဲ့ စံချိန်တင်အပူချိန်တွေကြောင့် အာတိတ်စက်ဝန်းအတွင်းက ရေခဲထုဟာ အားလုံးသိတဲ့အတိုင်း ဆယ်စုနှစ်တွေ များစွာအတွင်းမှာ တစိမ့်စိမ့် အရည်ပျော်လာခဲ့တာပါ။

ဒီလို အရည်ပျော်လာခြင်းဟာ ပိုလာတွေအတွက်တော့ တဖြည်းဖြည်း နေစရာ ကျဉ်းမြောင်းလာခြင်းနဲ့ အစာရေစာ ရှားပါးလာခြင်းကို ဖြစ်စေပါတယ်။ နောက်ပြီး ဆိုးရွားတဲ့ပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုဟာ သတ္တဝါတွေမပြောနဲ့ လူတွေကိုတောင် ကမ္ဘာမြေကနေ

အပြီးတိုင်ပျောက်ကွယ်သွားအောင် လုပ်ဆောင်ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် ပိုလာတွေအနေနဲ့ လက်တလော ဂေဟစနစ်ပျက်စီးမှုမှာ အဆိုးဆုံးသက်ရောက်ခံရသူတွေ ဖြစ်လာခဲ့ပါတယ်။ ပိုလာတွေကို International Union for Conservation of Nature (IUCN) အဖွဲ့ချုပ်က

မျိုးသုန်းပျောက်ကွယ်တော့မယ့် ရှားပါးတိရစ္ဆာန်စာရင်းမှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ပြုလုပ်နေလင့်ကစား ပိုပြီးဆိုးရွားလာတဲ့ အပူချိန်ကိုတော့ တားဆီးနိုင်ခြင်း မရှိပါဘူး။ကနေဒါနိုင်ငံ၊ Ontario မှာတည်ရှိတဲ့

University of Toronto မှ ပါမောက္ခဒေါက်တာ Peter Molnar က ” သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ဖို့အတွက် အရေးတကြီး လုပ်ရမယ့်အချိန်ပါ ပိုလာဝက်ဝံတွေဟာ ကမ္ဘာရဲ့ထိပ်ဖျားကို ထိုင်နေရပါပြီ ရေခဲတွေသာ မရှိတော့ရင် သူတို့အတွက် နေရာမရှိတော့ပါဘူး “လို့ ပြောခဲ့ပါတယ်။source – De Nae Khit