ကိုယ္ပိုင္ဟန္ေလးနဲ႔ ႀကိဳးစားေအာင္ျမင္ လာတဲ့ ျဖဴျဖဴေထြးကို အားရေက်နပ္မိတယ္ဆိုတဲ့ တင္မိုးလြင္

ကိုယ္ပိုင္ဟန္ေလးနဲ႔ ႀကိဳးစားေအာင္ျမင္လာတဲ့ျဖဴျဖဴေထြးကို အားရေက်နပ္မိတယ္ဆိုတဲ့ တင္မိုးလြင္

တင္မိုးလြင္ကေတာ့ ဟိုးအရင္အခ်ိန္ကတည္းကေန အခုခ်ိန္ထိ စမတ္က်တဲ့ခႏၶာကိုယ္ကို ထိန္းသိမ္းထားနိုင္တဲ့အျပင္ ထက္ျမက္တဲ့အေတြးအေခၚေတြနဲ႔ မိန္းကေလးတိုင္း စံထားသင့္တဲ့ ေမာ္ဒယ္လ္တစ္ေယာက္ပါ။ သူ႔ရဲ့လူမွုကြန္ရက္ စာမ်က္ႏွာမွာလည္း ျမန္မာအမ်ိဳးသမီးေတြအတြက္ စမတ္က်က်ေနတတ္ေစဖို့နဲ႔ အေတြးအေခါ ္

ေကာင္းေတြကို စဥ္ဆက္မျပတ္ မၽွေဝေပးေနသူပါ။ ဒီတစ္ေခါက္မွာေတာ့ လတ္တေလာ ပရိသတ္ရဲ့ အခ်စ္ေတာ္ျဖစ္လာတဲ့ ျဖဴျဖဴေထြးနဲ႔ပတ္သက္ၿပီး ရင္ထဲမွာ အားရေက်နပ္မိ တဲ့အေၾကာင္းကို မၽွေဝလာပါတယ္။ ” အသားျဖဴျဖဳအညာသူေလး က်မတို့ T&M နဲ႔ MMDC တို့ပူးေပါင္းတဲ့ တင္ဆက္မွုသင္တန္းမွာ သူ ပါခဲ့တယ္ အျမဲတမ္းျပဳံးေန

ရယ္ေနတာ သူမရဲ့အက်င့္ပါ အဆို၊အက၊လူရႊင္ေတာ္၊ သ႐ုပ္ေဆာင္တာေတြ ဝါသနာအလြန္ပါေၾကာင္း သူမေျပာျပလို့သိရတယ္ အႏုပညာေလာကထဲကို ေျဖးေျဖးမွန္မွန္၊ ျဖဴျဖဴစင္စင္ ေလၽွာက္လွမ္းဖို့နဲ႔ ပရိသတ္ေတြရဲ့ သေဘာထားကို က်မေျပာျပခဲ့တယ္ ေနာက္ပိုင္းမေတြ႕ျဖစ္ၾကတဲ့အခ်ိန္မွာ သူမကိုေအာင္ျမင္ေစခ်င္လို့

အႀကံဉာဏ္ တစ္ခ်ိဳ့ကိုလည္း မက္ဆင္ဂ်ာကေနေရးပို့ခဲ့တယ္ သင္တန္းေတြၿပီးလို့ ႏွစ္ေတြၾကာမွ ယူနီကုဒ္သံတမန္ေတြအေနနဲ႔ တစ္ေခါက္ျပန္ေတြ႕ၾကတာပါ ကိုယ္ပိုင္ဟန္ေလးေတြနဲ႔ ႀကိဳးစားေအာင္ျမင္လာလို့ တကယ္ကို အားရေက်နပ္မိပါတယ္ ဆက္လက္ၿပီးလည္း မွန္ကန္စြာေလၽွာက္လွမ္း ေအာင္ျမင္ပါေစ သမီးေရ” ဆိုၿပီး

ျဖဴျဖဴေထြးနဲ႔ ၾကဳံဆုံျဖစ္ခဲ့တဲ့အေၾကာင္း အရာေလးေတြကို မၽွေဝခဲ့ပါတယ္။ ျဖဴျဖဴေထြးကေတာ့ လက္ရွိအခ်ိန္မွာ ရိုးသားမွုနဲ႔ မြန္ျမတ္တဲ့စိတ္ထားတို့ေၾကာင့္ အမာခံပရိသတ္အင္အား တျဖည္းျဖည္း တိုးမ်ားလာတဲ့အႏုပညာရွင္တစ္ေယာက္ပါ။ တီခ်ယ္တင္မိုးလြင္ကေတာ့ ျဖဴျဖဴေထြးရဲ့ ေအာင္ျမင္လာမွုနဲ႔ ပတ္သက္ၿပီး အားရေက်နပ္မိေၾကာင္း ေရးသားမၽွေဝခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ

(unicode version) ကိုယ်ပိုင်ဟန်လေးနဲ့ ကြိုးစားအောင်မြင်လာတဲ့ ဖြူဖြူထွေးကို အားရကျေနပ် မိတယ်ဆိုတဲ့ တင်မိုးလွင်

တင်မိုးလွင်ကတော့ ဟိုးအရင်အချိန်ကတည်းကနေ အခုချိန်ထိ စမတ်ကျတဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်တဲ့အပြင် ထက်မြက်တဲ့အတွေးအခေါ်တွေနဲ့ မိန်းကလေးတိုင်း စံထားသင့်တဲ့ မော်ဒယ်လ်တစ်ယောက်ပါ။ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာလည်း မြန်မာအမျိုးသမီးတွေအတွက် စမတ်ကျကျနေတတ်စေဖို့နဲ့ အတွေးအခေါ

ကောင်းတွေကို စဉ်ဆက်မပြတ် မျှဝေပေးနေသူပါ။ ဒီတစ်ခေါက်မှာတော့ လတ်တလော ပရိသတ်ရဲ့ အချစ်တော်ဖြစ်လာတဲ့ ဖြူဖြူထွေးနဲ့ပတ်သက်ပြီး ရင်ထဲမှာ အားရကျေနပ်မိ တဲ့အကြောင်းကို မျှဝေလာပါတယ်။ ” အသားဖြူဖြုအညာသူလေး ကျမတို့ T&M နဲ့ MMDC တို့ပူးပေါင်းတဲ့ တင်ဆက်မှုသင်တန်းမှာ သူ ပါခဲ့တယ် အမြဲတမ်းပြုံးနေ

ရယ်နေတာ သူမရဲ့အကျင့်ပါ အဆို၊အက၊လူရွှင်တော်၊ သရုပ်ဆောင်တာတွေ ဝါသနာအလွန်ပါကြောင်း သူမပြောပြလို့သိရတယ် အနုပညာလောကထဲကို ဖြေးဖြေးမှန်မှန်၊ ဖြူဖြူစင်စင် လျှောက်လှမ်းဖို့နဲ့ ပရိသတ်တွေရဲ့ သဘောထားကို ကျမပြောပြခဲ့တယ် နောက်ပိုင်းမတွေ့ဖြစ်ကြတဲ့အချိန်မှာ သူမကိုအောင်မြင်စေချင်လို့

အကြံဉာဏ် တစ်ချို့ကိုလည်း မက်ဆင်ဂျာကနေရေးပို့ခဲ့တယ် သင်တန်းတွေပြီးလို့ နှစ်တွေကြာမှ ယူနီကုဒ်သံတမန်တွေအနေနဲ့ တစ်ခေါက်ပြန်တွေ့ကြတာပါ ကိုယ်ပိုင်ဟန်လေးတွေနဲ့ ကြိုးစားအောင်မြင်လာလို့ တကယ်ကို အားရကျေနပ်မိပါတယ် ဆက်လက်ပြီးလည်း မှန်ကန်စွာလျှောက်လှမ်း အောင်မြင်ပါစေ သမီးရေ” ဆိုပြီး

ဖြူဖြူထွေးနဲ့ ကြုံဆုံဖြစ်ခဲ့တဲ့အကြောင်း အရာလေးတွေကို မျှဝေခဲ့ပါတယ်။ ဖြူဖြူထွေးကတော့ လက်ရှိအချိန်မှာ ရိုးသားမှုနဲ့ မွန်မြတ်တဲ့စိတ်ထားတို့ကြောင့် အမာခံပရိသတ်အင်အား တဖြည်းဖြည်း တိုးများလာတဲ့အနုပညာရှင်တစ်ယောက်ပါ။ တီချယ်တင်မိုးလွင်ကတော့ ဖြူဖြူထွေးရဲ့ အောင်မြင်လာမှုနဲ့ ပတ်သက်ပြီး အားရကျေနပ်မိကြောင်း ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။ Source – Tin Moe Lwin