








မဟာမြိုင်ကိုသွားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်ကိုမျှဝေလာတဲ့ ပိုးကြာဖြူခင်

ဆိုင်းမိုင်လို့လည်း ပရိသတ်တွေက ချစ်စနိုးခေါ်တဲ့ ရုပ်သံဇာတ် လမ်းတွဲ မင်းသမီး ချောလေးကတော့ ပိုးကြာဖြူခင်ပါ။ ဆိုင်းမိုင်ကိုတော့ ရုပ်သံဇာတ်လမ်း တွဲတွေမှာ ပရိသတ်တွေက နှစ်ခြိုက်အားပေးကြသလို

ပရိသတ်တွေအပေါ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ သူ့ရဲ့လှုပ်ရှားမှု တွေကိုချပြတတ် တာကြောင့်လည်း ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ ရင်းနှီးမှုလေးတွေ ရှိနေတာပါ။ အခုလည်း ကုသိုလ်အရေး ခရီးတွေ သွားခဲ့စဉ်က ပုံရိပ်တွေကို

“မဟာမြိုင် ခရီးစဉ် အစအဆုံး အမှတ်တရ ပုံရိပ်လေးတွေပါ …သမီးတစ်ယောက်လို မိသားစုဝင် တစ်ယောက်လို ချစ်ခင် ဂရုစိုက်ပေးပြီး အကောင်းဆုံး အကြံဉာဏ်တွေ ပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်

ကောင်းတဲ့အရပ် ကောင်းတဲ့ ဝန်းကျင်နဲ့ ခင်မင်ခွင့်ရခဲ့တာ ဘဝအ တွက် ကံအကောင်းဆုံးပါပဲ ရှေ့ဆက်ပြီးလဲ ဘာသာ သာသနာအတွက် အကျိုးပြုနိုင်တဲ့ အကောင်းဆုံး ဓမ္မမိတ်ဆွေတွေနဲ့ အတူ မဟာမြိုင်ကို ထပ်သွားချင်

ပါသေးတယ်ရှင် နယ်ပယ်အသီးသီးမှာ ကိုယ်စီအောင်မြင်မှု ထိပ်ဆုံးရနေကြတဲ့ မိတ်ဆွေတွေကို ကြည့်ပြီး အရမ်းအားကျ ခဲ့ရတယ် ရှေ့ဆက် ကြိုးစားဖို့အတွက်လဲ စိတ်ဓါတ်ခွန်အားတွေ အများကြီး ရခဲ့ပါတယ် အစစအရာရာ

အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်” ဆိုပြီးတော့ ချပြလာခဲ့ပါတယ်။ ဆိုင်းမိုင်ကတော့ အနုပညာ အလုပ်တွေ ကြိုးစားနေသလို ဘုရားတရားကို ကြည်ညို ကိုင်းရှိုင်းဖို့ ကိုလည်း မမေ့တဲ့သူ တစ်ယောက်ပါ။

အခုလည်း မဟာမြိုင်ကို တကူးတက သွားရောက်ခဲ့တာ လေးကို ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါပြီနော်… Source : PoeKyarPhyuKhi

Add a Comment

Your email address will not be published. Required fields are marked *