ဝမ်းရေးအတွက် ပင်ပင်ပန်းပန်နဲ့း လုပ်ကိုင်နေရတဲ့ အဘကို လှူဒါန်းချင်လို့ ရှာဖွေနေတဲ့ ယုန်လေး
ယုန်လေးကတော့ မျိုးဆက်သစ် ဂီတဝါသနာရှင်တွေကို လက်တွဲ ခေါ်ယူနေသလို ကိုဗစ်ကာလ စ တင်ကထဲက ချို့တဲ့နေသူတွေကို လက်လှမ်းမှီသလောက် ကူညီနေသူပါ။
လက်ရှိ အချိန်မှာလည်း သူကိုယ်တိုင် အရင်လိုပဲ ကူညီ ပေးမယ့်အပြင် သူ Brand Ambassador အဖြစ်လုပ်ပေးနေတဲ့ Rocker အချိုရည်က လဲယုန်လေးရဲ့ လှူဒါန်းမှုတွေအတွက်
လစဉ်ထောက် ပံ့ကူညီပေးသွားမယ်လို့ သိရပါတယ်။ ယုန်လေးကတော့ အမှန်တကယ် လိုအပ်နေသူတွေကိုသာ ကူညီပေးလေ့ ရှိတဲ့သူရဲ့ ထုံးစံအတိုင်း ဒီတစ်ခေါက်မှာလည်း
ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ရှာဖွေ စားသောက်နေရတဲ့ အဘတစ်ယောက်ကို ထပ်မံပြီး ကူညီပေးသွားမှာဖြစ်ပြီး အဘရဲ့နေရပ်လိပ်စာကို အ တိအကျ ပြောပြပေးဖို့
သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အကူညီတောင် ခံလာပါတယ်။ ” ဒီ အဘ နေရပ်လိပ်စာ အတိကျသိသူများ ညွန်ပေးပါခင်ဗျား . တွေ့ပြီး လိုအပ်တာကူချင်လို့ပါ …. ဒီ အရွယ်နဲ့
အပြင်ထွက် အလုပ်မလုပ်ရဘဲ ပုံမှန်ဝင်ငွေလေးရမယ့် အလုပ်လေး စီစဉ်ပေးချင်လို့ပါ” လို့ပါဆိုပြီး အဘရဲ့ ပုံရိပ်တချို့ကို မျှဝေခဲ့ပါတယ်။ အဘကတော့ အသက်အရွယ်
ကြီးရင့်နေပြီ ဖြစ်တဲ့အပြင်ကို ကားတိုက် ခံရတာကြောင့် တင်ပဆုံရိုး နှစ်ဘက်စလုံးမှာ စတီးရိုး ထည့်ထားရပြီး ချိုင်းထောက်နဲ့ သွားလာ နေရသူပါ။ လက်ရှိ အချိန်အထိ
တစ်လကို အိမ်ငှားခ တစ်သိန်းခွဲပေးကာ ငှားနေ နေရပြီး ဝမ်းရေးအတွက်ကို သတင်းစာပို့ကာ အ သက် ဆက်နေရသူပါတဲ့။ ပရိသတ်ကြီးရေ… အ သက်အရွယ်နဲ့မမျှ ခက်ခဲပင်ပန်း
နေရတဲ့အဘ ယုန်လေးရဲ့အကူအညီမြန်မြန်ရပြီး ဘဝရဲ့တတိယအရွယ်ကို အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Source – Yone Lay