






(unicode version) ဂျီဟောသူ ဇာတ်လမ်းတွဲထဲက ခင်ချိုနဲ့လင်းညို အတွဲလေးက ချစ်စရာ အကောင်းဆုံးလို့ ပြောနေတဲ့ ပရိသတ်တွေကြောင့် အားရှိတယ်ဆိုတဲ့ ရှင်မွေလ

လတ်တလော ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ ဂျီဟောသူ ဇာတ်လမ်းတွဲလေးကတော့ ဆရာမမစန္ဒာရဲ့ ဂျီဟောသူဝတ္ထုကို ပြန်လည်အသက်သွင်းရိုက်ကူး ထားတာပဲဖြစ်ပါတယ် ။တက္ကသိုလ် ကျောင်းသားဘဝရဲ့ သူငယ်ချင်းသံယောဇဉ်နဲ့

အချစ်ဇာတ်လမ်းတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြတာပါ ။ဒီဇာတ်လမ်းတွဲထဲက အနေအေးတဲ့ ဗိသုကာမေဂျာက ခင်ချိုအဖြစ် ဂရိတ်ချမ်းက နဲ့ဗိသုကာမေဂျာက လင်းညိုဆိုတဲ့ အစနောက်သန်တဲ့

ကောင်လေးအဖြစ် ရှင်မွေလတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ် လတ်တလောမှာတော့ ဂျီဟောသူ ဇာတ်လမ်းတွဲကို အားပေးနေကြတဲ့ ပရိသတ်တွေဆီက ဂျီဟောသူ ဇာတ်လမ်းတွဲထဲက ခင်ချိုနဲ့လင်းညိုအတွဲလေးက ချစ်စရာအကောင်းဆုံးလို့

မှတ်ချက်လေးတွေ ရေးသားထားကြတဲ့အတွက် ရှင်မွေလက ပီတိဖြစ်ရတယ်လို့ သူ့ရဲ့မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။ မတည့်အတူနေအမြဲ ရန်တကျက်ကျက် ဖြစ်နေတဲ့လင်းညို နဲ့ ခင်ချိုတို့ရဲ့ ကာရိုက်ကာတွေကတော့

သူတို့နှစ်ယောက်နဲ့ အရမ်းကိုလိုက်ဖက်ညီပြီး အတွဲညီလွန်းလို့ ပရိသတ်တွေက ချီးကျူးမဆုံးဖြစ်နေကြတာပါ ။ Source : Shin Mwae La Emily (Cele Gabar)

Add a Comment

Your email address will not be published. Required fields are marked *