ေျခာက္လႊာမွာေနရလို့ အိမ္လွလွေလး စိတ္ကူးယဥ္ခဲ့မိၿပီး ပိုက္ဆံအလီလီခြဲေပးကာ အိမ္ဝယ္နိုင္ခဲ့အေၾကာင္း အစခ်ီကာ ေျပာျပလာတဲ့ သ႐ုပ္ေဆာင္/ဒါရိုက္တာ ဦးခင္လွိုင္

ေျခာက္လႊာမွာေနရလို့ အိမ္လွလွေလး စိတ္ကူးယဥ္ခဲ့မိၿပီး ပိုက္ဆံအလီလီခြဲေပးကာ အိမ္ဝယ္နိုင္ခဲ့အေၾကာင္း အစခ်ီကာ အိမ္ေတြ တစ္လုံးၿပီးတစ္လုံး ကံေကာင္းစြာနဲ႔ ပိုင္ဆိုင္လာခဲ့ပုံကို ေျပာျပလာတဲ့ သ႐ုပ္ေဆာင္/ဒါရိုက္တာ ဦးခင္လွိုင္

ဟာသလူရႊင္ေတာ္ဘဝနဲ႔ ျမန္မာျပည္ရဲ့ အေတာ္ဆုံး လူရႊင္ေတာ္ေတြထဲမွာပါဝင္ခဲ့ၿပီး သ႐ုပ္ေဆာင္ဘဝနဲ႔လည္း ဇာတ္ကားေပါင္းမ်ားစြာ ရိုက္ကူးခဲ့/ရိုက္ကူးေနဆဲျဖစ္တဲ့ ဦးခင္လွိုင္ကေတာ့ သာယာလွပတဲ့ မိသားစုဘဝေလးတစ္ခုကို ပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။

ယခုဆိုရင္ ဦးခင္လွိုင္ဟာ ဒါရိုက္တာဘဝနဲ႔ ဇာတ္ကားေကာင္းေတြ ဖန္တီးရိုက္ကူးနိုင္တဲ့ အထိ ဘဝကိုအဆင့္ဆင့္ တက္လွမ္းလာနိုင္ခဲ့ပါၿပီ။ဦးခင္လွိုင္က သူရဲ့လက္ရွိအိမ္ကေလး ဝယ္ယူျဖစ္ခဲ့ပုံကို ခုလိုပဲရွင္းျပလာခဲ့ပါတယ္။”တိုက္ခန္းမွာ ေနရတာ တက္ရဆင္းရပင္ပန္းေတာ့

လုံးခ်င္းအိမ္မ်ိဳး လိုခ်င္ခဲ့တယ္။ အခုေနတဲ့ အိမ္ေလးကို ရိုက္ကူးေရးလုပ္ရင္း ေတြ႕ေတာ့ အရမ္းသေဘာက်ခဲ့တယ္။ ဒီအိမ္ေလးပိုင္ရပါေစလို့ ဘုရားမွာ ဆုေတာင္းခဲ့ၿပီး ႀကိဳးစားေတာ့ ပိုင္ဆိုင္ခြင့္ရခဲ့တယ္။ အိမ္ဆိုတာ က်ဥ္းက်ဥ္းက်ယ္က်ယ္ ေႏြးေထြးမွုေတြရွိရင္

အျမဲသာယာေနမွာပါ”လို့ဆိုလာခဲ့တာပါ။ဦးခင္လွိုင္က လက္ရွိအိမ္ကေလးကို သူယခင္ကေနထိုင္ခဲ့တဲ့ ေျခာက္လႊာတိုက္ခန္းနဲ႔ သူပိုင္ဆိုင္တဲ့ကားပါေရာင္းၿပီး အိမ္ဖိုးပိုက္ဆံေပးခဲ့ေပမယ့္ မေလာက္ေသးလို့ လူရႊင္ေတာ္ဒိန္းေဒါင္ဆီက ေနာက္ထပ္ သိန္း ၇၀၀ ထပ္ေခ်းကာ

ဝယ္ခဲ့ရေၾကာင္း၊ေနာက္မွျဖည္းျဖည္းျပန္ဆပ္ခဲ့ရတဲ့အေၾကာင္း ေျပာၾကားလာခဲ့တာျဖစ္ပါတယ္။သူ႔အေနနဲ႔ အိမ္ေတြဝယ္တဲ့ေနရာမွာ ကံေကာင္းေလ့ရွိၿပီ းေငြအရစ္ရစ္ခြဲကာ ေပးဆပ္ၿပီးဝယ္နိုင္ေလ့ရွိေၾကာင္း ဒါေတြဟာ ဘာသာေရးကို အာ႐ုံစိုက္လုပ္ၿပီး

အလုပ္ႀကိဳးစားခဲ့တဲ့ အက်ိဴးေက်းဇူးေတြပဲျဖစ္တယ္လို့ သူ႔ရဲ့ဘဝေနနည္းေလးကို ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။အင္တာဗ်ဴးအဆုံးသတ္မွာေတာ့ ဦးခင္လွိုင္က သူပိုင္ဆိုင္သမၽွ အပ္ကေနကားအထိ ပရိသတ္ႀကီးရဲ့ အားေပးမွုေၾကာင့္ ပိုင္ဆိုင္ခဲ့တာျဖစ္တာေၾကာင့္

ပရိသတ္ႀကီးကို အတတ္နိုင္ဆုံး ေပးဆပ္သြားပါ့မယ္လို့ ကတိျပဳသြားခဲ့တာလည္းျဖစ္ပါတယ္။ဒါကေတာ့ ဦးခင္လွိုင္ေျပာျပလာတဲ့ အိမ္ေတြတစ္လုံးၿပီးတစ္လုံး ကံေကာင္းစြာနဲ႔ ပိုင္ဆိုင္လာခဲ့ပုံပဲျဖစ္ၿပီး ပရိသတ္ႀကီးလည္း ဦးခင္လွိုင္လို လိုခ်င္တာေတြ အျမန္ဆုံးရရွိနိုင္ပါေစလို့ ဆုမြန္ေကာင္းေတာင္းေပး လိုက္ပါရေစေနာ္။ source – Shwe Yaung Myanmar

(unicode version)

ခြောက်လွှာမှာနေရလို့ အိမ်လှလှလေး စိတ်ကူးယဉ်ခဲ့မိပြီး ပိုက်ဆံအလီလီခွဲပေးကာ အိမ်ဝယ်နိုင်ခဲ့အကြောင်း အစချီကာ အိမ်တွေ တစ်လုံးပြီးတစ်လုံး ကံကောင်းစွာနဲ့ ပိုင်ဆိုင်လာခဲ့ပုံကို ပြောပြလာတဲ့ သရုပ်ဆောင်/ဒါရိုက်တာ ဦးခင်လှိုင်

ဟာသလူရွှင်တော်ဘဝနဲ့ မြန်မာပြည်ရဲ့ အတော်ဆုံး လူရွှင်တော်တွေထဲမှာပါဝင်ခဲ့ပြီး သရုပ်ဆောင်ဘဝနဲ့လည်း ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့/ရိုက်ကူးနေဆဲဖြစ်တဲ့ ဦးခင်လှိုင်ကတော့ သာယာလှပတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

ယခုဆိုရင် ဦးခင်လှိုင်ဟာ ဒါရိုက်တာဘဝနဲ့ ဇာတ်ကားကောင်းတွေ ဖန်တီးရိုက်ကူးနိုင်တဲ့ အထိ ဘဝကိုအဆင့်ဆင့် တက်လှမ်းလာနိုင်ခဲ့ပါပြီ။ဦးခင်လှိုင်က သူရဲ့လက်ရှိအိမ်ကလေး ဝယ်ယူဖြစ်ခဲ့ပုံကို ခုလိုပဲရှင်းပြလာခဲ့ပါတယ်။”တိုက်ခန်းမှာ နေရတာ တက်ရဆင်းရပင်ပန်းတော့

လုံးချင်းအိမ်မျိုး လိုချင်ခဲ့တယ်။ အခုနေတဲ့ အိမ်လေးကို ရိုက်ကူးရေးလုပ်ရင်း တွေ့တော့ အရမ်းသဘောကျခဲ့တယ်။ ဒီအိမ်လေးပိုင်ရပါစေလို့ ဘုရားမှာ ဆုတောင်းခဲ့ပြီး ကြိုးစားတော့ ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ အိမ်ဆိုတာ ကျဉ်းကျဉ်းကျယ်ကျယ် နွေးထွေးမှုတွေရှိရင်

အမြဲသာယာနေမှာပါ”လို့ဆိုလာခဲ့တာပါ။ဦးခင်လှိုင်က လက်ရှိအိမ်ကလေးကို သူယခင်ကနေထိုင်ခဲ့တဲ့ ခြောက်လွှာတိုက်ခန်းနဲ့ သူပိုင်ဆိုင်တဲ့ကားပါရောင်းပြီး အိမ်ဖိုးပိုက်ဆံပေးခဲ့ပေမယ့် မလောက်သေးလို့ လူရွှင်တော်ဒိန်းဒေါင်ဆီက နောက်ထပ် သိန်း ၇၀၀ ထပ်ချေးကာ

ဝယ်ခဲ့ရကြောင်း၊နောက်မှဖြည်းဖြည်းပြန်ဆပ်ခဲ့ရတဲ့အကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ အိမ်တွေဝယ်တဲ့နေရာမှာ ကံကောင်းလေ့ရှိပြီး ငွေအရစ်ရစ်ခွဲကာ ပေးဆပ်ပြီးဝယ်နိုင်လေ့ရှိကြောင်း ဒါတွေဟာ ဘာသာရေးကို အာရုံစိုက်လုပ်ပြီး

အလုပ်ကြိုးစားခဲ့တဲ့ အကျိူးကျေးဇူးတွေပဲဖြစ်တယ်လို့ သူ့ရဲ့ဘဝနေနည်းလေးကို ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။အင်တာဗျူးအဆုံးသတ်မှာတော့ ဦးခင်လှိုင်က သူပိုင်ဆိုင်သမျှ အပ်ကနေကားအထိ ပရိသတ်ကြီးရဲ့ အားပေးမှုကြောင့် ပိုင်ဆိုင်ခဲ့တာဖြစ်တာကြောင့်

ပရိသတ်ကြီးကို အတတ်နိုင်ဆုံး ပေးဆပ်သွားပါ့မယ်လို့ ကတိပြုသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါကတော့ ဦးခင်လှိုင်ပြောပြလာတဲ့ အိမ်တွေတစ်လုံးပြီးတစ်လုံး ကံကောင်းစွာနဲ့ ပိုင်ဆိုင်လာခဲ့ပုံပဲဖြစ်ပြီး ပရိသတ်ကြီးလည်း ဦးခင်လှိုင်လို လိုချင်တာတွေ အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါရစေနော်။ source – Shwe Yaung Myanmar

Add a Comment

Your email address will not be published. Required fields are marked *