ပိဋိကတ္သုံးပုံ စလုံးကို အာဂုံေဆာင္နိုင္သည့္ ၁၅ပါးေျမာက္ သာသနာ့အာဇာနည္ အရွင္ျမတ္တစ္ပါးထပ္မံေပၚ ထြန္းလာ

ပိဋိကတ္သုံးပုံ စလုံးကို အာဂုံေဆာင္နိုင္သည့္ သာသနာ့အာဇာနည္ အရွင္ျမတ္ တစ္ပါးထပ္မံေပၚထြန္း လာေၾကာင္း ( ဇူလိုင္၂၀ရက္)ေန႔က က်င္းပခဲ့သည့္ (၇၂)ႀကိမ္ေျမာက္၊ တိပိဋကဓရ တိပိဋကေကာဝိဒ ခ်ီးက်ဴးပူေဇာ္ပြဲႏွင့္ ေအာင္လက္မွတ္ ဆက္ကပ္လွူဒါန္းပြဲမွ သိရသည္ ။

 

သာသနာေရးႏွင့္ ယဥ္ေက်းမွုဝန္ႀကီးဌာနက ႀကီးမွူးက်င္းပခဲ့သည့္ ( ၇၂ ) ႀကိမ္ေျမာက္ တိပိဋကဓရတိပိဋကေကာဝိဒ ေရြးခ်ယ္ေရးစာေမးပြဲတြင္ ေအာင္ျမင္ေတာ္မူၾကသည့္ တိပိဋကဓရတိပိဋ ကေကာဝိဒဘြဲ႕ တံဆိပ္ေတာ္ရေက်ာက္ပန္းေတာင္း ဆရာေတာ္ အပါ အဝင္ သာသနာ့အာဇာနည္ အရွင္သူျမတ္ ၁၀၆ ပါးတို့အား ခ်ီးက်ဴးပူေဇာ္ပြဲႏွင့္ ေအာင္လက္မွတ္ ဆက္ကပ္ လွူဒါန္းပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ့ သီရိမဂၤလာကမၻာေအးကုန္းေျမရွိ

မဟာပါသာဏ လိုဏ္ဂူသိမ္ေတာ္ႀကီး ၌ ယမန္ေန႔ နံနက္ ၈ နာရီက က်င္းပခဲ့ျခင္းျဖစ္သည္။အဆိုပါ အခမ္းအနားသို့ နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒ ၊ ဗန္းေမာ္ေက်ာင္းတိုက္ ဆရာတာ္ ေဒါက္တာဘဒၵႏၲ ကုမာရာဘိဝံသအမွူးျပဳေသာ ဆရာေတာ္ႀကီးမ်ား ႂကြေရာက္ ခ်ီးျမႇင့္ခဲ့သလို နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း တက္ေရာက္ၾကည္ညိဳခဲ့သည္ ။ ပိဋိကတ္သုံးပုံ အာဂုံေဆာင္နိုင္ခဲ့သည့္ တိပိဋကဓရ တိပိဋကေကာဝိဒ

ဘြဲ႕တံဆိပ္ေတာ္ရရွိခဲ့သည့္ အရွင္ျမတ္မွာ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ့သစ္(အေရွ႕ပိုင္း) ၿမိဳ့နယ္တိပိဋက မဟာဂႏၴဝင္ နိကာယ္ေက်ာင္းတိုက္မွ “အရွင္ပညာဝံသာဘိဝံသ” ျဖစ္ၿပီး အရွင္ျမတ္အား နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဘြဲ႕တံဆိပ္ေတာ္ႏွင့္ ေအာင္လက္မွတ္တို့ကို ဆက္ကပ္လွူဒါန္းခဲ့သည္။ အခမ္းအနားတြင္ ပိဋကတ္ ႏွစ္ပုံခြဲ အာဂုံေအာင္ မူလအာဘိဓမၼကဘြဲ႕ရတစ္ပါး၊ ပိဋကတ္ ႏွစ္ပုံေအာင္ ဒီဃနိကာယေကာဝိဒဘြဲ႕ရ ၂ ပါး

ပိဋကတ္ ႏွစ္ပုံ အာဂုံေအာင္ ဒီဃဘာဏကဘြဲ႕ရ ၄ ပါး၊ ပိဋကတ္ တစ္ပုံ ေရးေျဖေအာင္ဝိနယေကာဝိဒဘြဲ႕ရ ၅ ပါး၊ ပိဋကတ္ တစ္ပုံ အာဂုံေအာင္ ဝိနယဓရဘြဲ႕ရ ၂၄ ပါး၊ ဝိနည္း ပထမပိုင္း ေရးေျဖေအာင္ ဥဘေတာဝိဘဂၤေကာဝိဒဘြဲ႕ရ ၉ ပါး၊ ဝိနည္းပထမပိုင္း အာဂုံေအာပူင္ ဥဘေတာဝိဘဂၤဓရဘြဲ႕ရ ၆၀ တို့ကိုလည္းဘြဲ႕တံဆိပ္ေတာ္ႏွင့္ ေအာင္လက္မွတ္မ်ားကို ဆက္ကပ္လွူ ဒါန္းခဲ့သည္။ ျမန္မာနိုင္ငံ၏ လြတ္လပ္ေရးႏွင့္အတူ ၁၉၄၈ ခုႏွစ္မွစ၍

ႏွစ္စဥ္မပ်က္က်င္းပၿပီးစီး ခဲ့သည့္ (၇၂) ႀကိမ္အတြင္း ပထမဦးဆုံးေသာတိပိဋကဓရဓမၼဘ႑ာဂါရိက မင္းကြန္းဆရာေတာ္ႀကီး အရွင္ဝိစိတၱသာရာဘိဝံသ အပါအဝင္ ယခုႏွစ္က်င္းပသည့္စာေမးပြဲ၌ ပိဋိကတ္သုံးပုံ အာဂုံေဆာင္နိုင္သည့္ ၁၅ ပါးေျမာက္ တိပိဋကဓရတိပိဋကေကာဝိဒ သာသနာ့အာဇာနည္ အရွင္သူျမတ္ တစ္ပါး ထပ္မံေပၚထြန္းခဲ့ျခင္း ျဖစ္သည္။ source- ( State Counceller Office )

(unicode version)

ပိဋိကတ်သုံးပုံ စလုံးကို အာဂုံဆောင်နိုင်သည့် သာသနာ့အာဇာနည် အရှင်မြတ် တစ်ပါးထပ်မံပေါ်ထွန်း လာကြောင်း ( ဇူလိုင်၂၀ရက်)နေ့က ကျင်းပခဲ့သည့် (၇၂)ကြိမ်မြောက်၊ တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲမှ သိရသည် ။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့သည့် ( ၇၂ ) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် တိပိဋကဓရတိပိဋ ကကောဝိဒဘွဲ့ တံဆိပ်တော်ရကျောက်ပန်းတောင်း ဆရာတော် အပါ အဝင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၀၆ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ

မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး ၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ခြင်းဖြစ်သည်။အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ဗန်းမော်ကျောင်းတိုက် ဆရာတာ် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်ခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ကြည်ညိုခဲ့သည် ။ ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်ခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ

ဘွဲ့တံဆိပ်တော်ရရှိခဲ့သည့် အရှင်မြတ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ “အရှင်ပညာဝံသာဘိဝံသ” ဖြစ်ပြီး အရှင်မြတ်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ အခမ်းအနားတွင် ပိဋကတ် နှစ်ပုံခွဲ အာဂုံအောင် မူလအာဘိဓမ္မကဘွဲ့ရတစ်ပါး၊ ပိဋကတ် နှစ်ပုံအောင် ဒီဃနိကာယကောဝိဒဘွဲ့ရ ၂ ပါး

ပိဋကတ် နှစ်ပုံ အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ ၄ ပါး၊ ပိဋကတ် တစ်ပုံ ရေးဖြေအောင်ဝိနယကောဝိဒဘွဲ့ရ ၅ ပါး၊ ပိဋကတ် တစ်ပုံ အာဂုံအောင် ဝိနယဓရဘွဲ့ရ ၂၄ ပါး၊ ဝိနည်း ပထမပိုင်း ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ ၉ ပါး၊ ဝိနည်းပထမပိုင်း အာဂုံအောပူင် ဥဘတောဝိဘင်္ဂဓရဘွဲ့ရ ၆၀ တို့ကိုလည်းဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များကို ဆက်ကပ်လှူ ဒါန်းခဲ့သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်မှစ၍

နှစ်စဉ်မပျက်ကျင်းပပြီးစီး ခဲ့သည့် (၇၂) ကြိမ်အတွင်း ပထမဦးဆုံးသောတိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသ အပါအဝင် ယခုနှစ်ကျင်းပသည့်စာမေးပွဲ၌ ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်သည့် ၁၅ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်သူမြတ် တစ်ပါး ထပ်မံပေါ်ထွန်းခဲ့ခြင်း ဖြစ်သည်။source- ( State Counceller Office )

Add a Comment

Your email address will not be published. Required fields are marked *