(unicode version)
မန္တလေးပြီးမှ ရန်ကုန်ဆိုတာ ကျေကျေနပ်နပ်ကြီးလက်ခံလိုက်ပါပြီဆိုတဲ့ ယုန်လေး
ယုန်လေးကတော့ လတ်တလောမှာ ဂီတဝါသနာရှင်မျိုးဆက်သစ်လူငယ်တွေကို လက်တွဲခေါ်ယူနေရုံမက ချို့တဲ့နေသူတွေကို ဆက်တိုက်ကူညီနေသူမို့ ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း တနေ့တာအကြောင်းအရာနဲ့
ခံစားချက်တွေကို ဆက်တိုက်မျှဝေ ပေးလေ့ရှိသူရှိပြီး ဒီနေ့မှာတော့ မန္တလေးမြို့နဲ့ပတ်သက်ပြီး ကြည်နူးပီတိဖြစ်နေပုံကို မျှဝေခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းက အမရပူရ တာရိုးကျိုးပေါက်သွားခဲ့တဲ့အပေါ်မှာ ပြန်လည်တည်ဆောက်ရေးသာမက ရေဘေးသင့်ပြည်သူတွေအတွက်
ဝန်ကြီးချုပ်၊ မြို့တော်ဝန်နဲ့ အလှူရှင်တွေ ပြည်သူတွေစစ်သားတွေတက်ညီလက်ညီ ကူညီနေမှုနဲ့ပတ်သက်ပြီး ” ဂုဏ်ယူပါတယ် Mandalay  လေးစား ပီတိ ဖြစ်မိပါတယ်ဗျာ Respect ပါ… တစ်နိုင်ငံလုံး Mandalay လိုတွေဖြစ်ရင်အမေ့သားတွေ
အကုန် ဦးဇော်မြင့်မောင် ဦးရဲလွင်ဆို ကျွန်တော်တို့တွေ ပိုပျော်ရပြီ ဒီမြင်ကွင်းလေးက အတော်ကျက်သရေရှိပါတယ် ဘုန်းဘုန်း ရှင်ဆေကိန္ဒ ကလည်း ရေဘေးသင့် လူ(၅၀၀၀)ကိုထမင်းတွေကျွေး စစ်တပ်ကလည်း ဝိုင်းကူ…. စည်းလုံး ခြင်းသည် အင်အားဆိုတာ ဒါပါ
အဲ့လို တွေ စည်းလုံး ညီညွတ်ချင်ပြီ အရင်တုန်းကတေ့ ရန်ကုန်သား ဘာညာပေါ့ ကိုယ်လည်း သွေးတိုးနဲ့ အခုတော့ ဝန်ခံပါတယ် Mandalay ပြီးမှ Yangon ဆိုတာ ကျေကျေနပ်နပ်လက်ခံပါတယ်….အားလုံး Peace ” ဆိုပြီး ရင်ထဲကခံစားချက်တွေကို မျှဝေခဲ့ပါတယ် မထင်မှတ်ဘဲ ဖြစ်ပေါ်လာတဲ့ ဘေးဒုက္ခအန္တရာယ်ကို
ပြည်သူတစ်ရပ်လုံးတက်ညီလက်ညီ ဝိုင်းဝန်းကူညီနေကြတဲ့ မြင်ကွင်းလေးတွေကတော့ တကယ်ကို ကြည်နူးစရာပါပဲ ပရိသတ်ကြီးရေ… ယုန်လေးကတော့ လူညီလွန်းတဲ့ မန္တလေးမြို့ကလူတွေကို ဂုဏ်ယူလေးစားကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တာပါ။ source-Yone Lay