ဗိုလ္ခ်ဳပ္ပုံပါတဲ့ ငါးရာက်ပ္တန္ ေငြစကၠဴမ်ားကို ယေန႕ စတင္ ျဖန့္ေဝ

ဗိုလ္ခ်ဳပ္ပုံပါတဲ့ ငါးရာက်ပ္တန္ ေငြစကၠဴမ်ားကို ယေန႕ စတင္ ျဖန့္ေဝ

ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ႐ုပ္ပုံပါ ငါးရာက်ပ္တန္ ေငြစကၠဴ ပုံစံသစ္ကို ႐ုံးဖြင့္ရက္ ျဖစ္ေသာ ဇူလိုင္ လ ၂၁ ရက္ (ယေန႕) စ၍ ျမန္မာ့စီးပြားေရးဘဏ္မ်ားမွ ျဖန႔္ေဝေပးသြားမည္

ျဖစ္ေၾကာင္း ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္မွ သိရသည္။ လက္ရွိတြင္ သုံးစြဲလ်က္ရွိေသာ ငါးရာက်ပ္တန္ ေငြစကၠဴ မ်ားကိုလည္း တရားဝင္ေငြ အျဖစ္ ဆက္လက္ တည္ရွိေနမည္ ျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္ လ ၁၉ ရက္တြင္ ထုတ္ေဝမည့္ ဗိုလ္ခ်ဳပ္ ႐ုပ္ပုံပါ ငါးရာက်ပ္ တန္ ေငြစကၠဴပုံစံသစ္၏ မ်က္ႏွာစာဘက္တြင္ အမ်ိဳးသား ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ပုံႏွင့္

ေက်ာဘက္တြင္ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ အ ေဆာက္အဦပုံ ရိုက္ႏွိပ္ထား ေၾကာင္းသိရသည္။ ငါးရာက်ပ္တန္ ေငြစကၠဴ ပုံစံသစ္အ႐ြယ္အစားမွာ အလ်ား ၁၅၀ မီလီမီတာႏွင့္ အနံ ၇၀ မီလီမီ တာရွိကာ

ေပၚ လြင္ေသာ အေရာင္မွာ နီညိုေရာင္ ျဖစ္ၿပီး ေငြစကၠဴ ေဆးသား ရိုက္ႏွိပ္ရာတြင္ ေဖာင္းႂကြ ပုံႏွိပ္ နည္းစနစ္ျဖင့္ ရိုက္ႏွိပ္ထား သည့္အတြက္ ေငြစကၠဴ၏ တန္ဖိုးဂဏန္းႏွင့္ ျမန္မာနိုင္ငံေတာ္  ဗဟိုဘဏ္ စာသားေနရာမ်ား သည္

ပီျပင္ ထင္ရွားသည့္ အျပင္ လက္ျဖင့္ စမ္းသပ္ ၾကည့္ပါက ၾကမ္းတမ္းမႈရွိသည္ကို ေတြ႕ရွိရမည္ျဖစ္သည္။ ေငြစကၠဴ နံပါတ္မ်ာကို ျမန္မာအကၡရာ ျမန္မာဂဏန္းျဖင့္ အလ်ားလိုက္ အဂၤလိပ္အကၡ ရာ အဂၤလိပ္ဂဏန္းျဖင့္ ေဒါင္လိုက္

ရိုက္ႏွိပ္ထားၿပီး ေငြစကၠဴ၏ မ်က္ႏွာစာ ဘက္ရွိ ဘယ္/ညာ အစြန္းမ်ားတြင္ အျမင္အာ႐ုံမွာ အား နည္း သူမ်ားအတြက္ လက္ျဖင့္ ထိေတြ႕ စမ္းသပ္ၾကည့္ပါက အာ႐ုံခံ သိရွိနိုင္သည့္ ေဖာင္းႂကြလိုင္းတို မ်ဥ္းေၾကာင္း ငယ္(၉) ေၾကာင္းစီ ရိုက္ႏွိပ္ထားသည္။

ေငြစကၠဴ ပုံစံသစ္ကို အလင္းေရာင္တြင္ ေထာင္ၾကည့္ပါက ေငြစကၠဴ မ်က္ႏွာစာဘက္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း႐ုပ္ပုံ၏ လက္ဝဲဘက္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံႏွင့္ ေငြစကၠဴ၏ တန္ဖိုး ဂဏန္း ၅၀၀ ေရစာကို ရွင္းလင္းစြာ ေတြ႕ျမင္နိုင္ၿပီး ေငြေရာင္လုံၿခဳံေရးႀကိဳးအား

တစ္ဝက္ဖုံး တစ္ဝက္ေပၚ ေဒါင္လိုက္ျမႇုပ္ႏွံ ထား သည္။ ေငြစကၠဴမ်က္ႏွာစာ၏ လက္ယာ ဘက္ရွိ ျမန္မာစာသား “ငါးရာက်ပ္” နံေဘး နီညိုေရာင္ ဧရိယာအား ၄၅ ဒီဂရီခန႔္ တိမ္းေစာင္းၾကည့္ပါက အဂၤလိပ္အကၡရာ “CBM” မ်ားကို ေတြ႕ျမင္ နိုင္ေၾကာင္းသိရသည္။ Ref ; The Fifth Wave News

ဗိုလ်ချုပ်ပုံပါတဲ့ ငါးရာကျပ်တန် ငွေစက္ကူများကို ယနေ့ စတင် ဖြန့်ဝေ

ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူ ပုံစံသစ်ကို ရုံးဖွင့်ရက် ဖြစ်သော ဇူလိုင် လ ၂၁ ရက် (ယနေ့) စ၍ မြန်မာ့စီးပွားရေးဘဏ်များမှ ဖြန့်ဝေပေးသွားမည်

ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။ လက်ရှိတွင် သုံးစွဲလျက်ရှိသော ငါးရာကျပ်တန် ငွေစက္ကူ များကိုလည်း တရားဝင်ငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင် လ ၁၉ ရက်တွင် ထုတ်ဝေမည့် ဗိုလ်ချုပ် ရုပ်ပုံပါ ငါးရာကျပ် တန် ငွေစက္ကူပုံစံသစ်၏ မျက်နှာစာဘက်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံနှင့်

ကျောဘက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အ ဆောက်အဦပုံ ရိုက်နှိပ်ထား ကြောင်းသိရသည်။ ငါးရာကျပ်တန် ငွေစက္ကူ ပုံစံသစ်အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီ တာရှိကာ

ပေါ် လွင်သော အရောင်မှာ နီညိုရောင် ဖြစ်ပြီး ငွေစက္ကူ ဆေးသား ရိုက်နှိပ်ရာတွင် ဖောင်းကြွ ပုံနှိပ် နည်းစနစ်ဖြင့် ရိုက်နှိပ်ထား သည့်အတွက် ငွေစက္ကူ၏ တန်ဖိုးဂဏန်းနှင့် မြန်မာနိုင်ငံတော်  ဗဟိုဘဏ် စာသားနေရာများ သည်

ပီပြင် ထင်ရှားသည့် အပြင် လက်ဖြင့် စမ်းသပ် ကြည့်ပါက ကြမ်းတမ်းမှုရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ငွေစက္ကူ နံပါတ်မျာကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက် အင်္ဂလိပ်အက္ခ ရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်

ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ မျက်နှာစာ ဘက်ရှိ ဘယ်/ညာ အစွန်းများတွင် အမြင်အာရုံမှာ အား နည်း သူများအတွက် လက်ဖြင့် ထိတွေ့ စမ်းသပ်ကြည့်ပါက အာရုံခံ သိရှိနိုင်သည့် ဖောင်းကြွလိုင်းတို မျဉ်းကြောင်း ငယ်(၉) ကြောင်းစီ ရိုက်နှိပ်ထားသည်။

ငွေစက္ကူ ပုံစံသစ်ကို အလင်းရောင်တွင် ထောင်ကြည့်ပါက ငွေစက္ကူ မျက်နှာစာဘက် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံ၏ လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ငွေစက္ကူ၏ တန်ဖိုး ဂဏန်း ၅၀၀ ရေစာကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပြီး ငွေရောင်လုံခြုံရေးကြိုးအား

တစ်ဝက်ဖုံး တစ်ဝက်ပေါ် ဒေါင်လိုက်မြှုပ်နှံ ထား သည်။ ငွေစက္ကူမျက်နှာစာ၏ လက်ယာ ဘက်ရှိ မြန်မာစာသား “ငါးရာကျပ်” နံဘေး နီညိုရောင် ဧရိယာအား ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်အက္ခရာ “CBM” များကို တွေ့မြင် နိုင်ကြောင်းသိရသည်။ Ref ; The Fifth Wave New