ထက္ထက္မိုးဦးနဲ႔ မိန္းမခ်င္းႀကိဳက္ေနတယ္လို့ စြပ္စြဲခံရမွုေတြအေပၚ ျပန္လည္ရွင္းျပလာတဲ့ ဒီဇိုင္နာ ႏွင္းလြန္းအိမ္

ထက္ထက္မိုးဦးနဲ႔ နမ္းတဲ့ ပုံေၾကာင့္ မိန္းမခ်င္းႀကိဳက္ေနတယ္လို့ စြပ္စြဲခံရမွုေတြအေပၚျပန္လည္ရွင္းျပလာတဲ့ ဒီဇိုင္နာ ႏွင္းလြန္းအိမ္

နာမည္ေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ထက္ထက္မိုးဦးကေတာ့ အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္ေနၿပီး ယခုတေလာမွာေတာ့ဖခင္ျဖစ္သူရဲ့ က်န္းမာေရးေၾကာင့္ ေခတၱရပ္နားထားတာျဖစ္ပါတယ္။ဒီဇိုင္နာ ႏွင္းလြန္းအိမ္ကေတာ့ လက္ရွိမွာမယ္ေခး အြန္လိုင္းေဈးသည္ေလး အျဖစ္လည္းေအာင္ျမင္ေနတာျဖစ္ၿပီး သူမကိုေတာ့ ထက္ထက္မိုးဦးနဲ ႔တြဲသြားတြဲလာမ်ားသလို သူမရဲ့ဒီဇိုင္နာအျဖစ္လည္း လူသိမ်ားခဲ့တာပါ။

သူမနဲ႔ ထက္ထက္မိုးဦးတု့ နမ္းေနတဲ့ပုံ အြန္လိုင္းမွာပ်ံ႕ႏွံ့ခဲ့တာေၾကာင့္လည္း ပရိသတ္ေတြၾကားမွာ မိန္းမခ်င္း ခ်စ္ႀကိဳက္ေနတယ္လို့ ဝိုင္းဝန္းေဝဖန္ ခဲ့ၾကတာေတြရွိခဲ့ၾက တာျဖစ္ပါတယ္။ဒီရက္ပိုင္း အင္တာဗ်ဴးအစီအစဥ္တစ္ခုမွာေတာ့ ဒီဇိုင္နာ ႏွင္းလြန္းအိမ္က ဒီလိုအေျပာခံရတာေတြအေပၚ ျပန္လည္ရွင္းလင္းလာခဲ့တာပါ။ သူမက ” အဲ့လိုႀကီးလိုင္းေပၚမွာ သတင္းပ်ံ႕သြားလိမ့္မယ္လို့ လုံးဝမထင္ထားမိဘူး။အမက

တစ္ဦးတည္းေသာ သမီးဆိုေတာ့ အမေတြညီမေတြမရွိဘူး။ဒီေတာ့ မထက္ကို အမ အမတစ္ေယာက္လို သေဘာထားမိတာေပါ့။အဲ့ဒီအခ်ိန္ကလည္း မထက္ကအမဆီမွာ အက်ီအၤပ္ေနတဲ့ အခ်ိန္ဆိုေတာ့ မထက္ အင္တာဗ်ဴးေတြမွာဆို သူဒီ့ထက္ပိုလွသြားေအာင္ အမ အႀကံေပးျဖစ္တာေလးေတြ ရွိတယ္ေပါ့။အမက သူ႔ဒီဇိုင္နာတစ္ေယာက္အေနနဲ႔ေပါ့။ဒါမဲ့အဲ့လိုမ်ိဳးႀကီး သတင္းထြက္လာေတာ့ ကိုယ္လည္းအံ့ၾသသြားတာ

ဒါေပမယ့္ ျမန္မာနိုင္ငံမွာေတာ့ ဒါေတြကမဆန္းေတာ့ပါဘူး။ၾကာေတာ့လည္း ေပ်ာက္သြားတာေပါ့။ အဲ့တုန္းကဆို အမကို မထက္အင္တာဗ်ဴးေတြေအာက္မွာ ဆဲထားၾကတာ အႀကီးအက်ယ္ပဲ။တခါတေလက်ေတာ့လည္း စိတ္မေကာင္းျဖစ္တယ္ေပါ့။တခ်ိဳ့ကလဲ ဒီဇိုင္နာကခ်ဴစားတယ္လို့ပါ ေျပာဆိုၾကတာဆိုေတာ့ ကိုယ္လဲမဟုတ္တာမလုပ္ပဲနဲ႔ အေျပာခံရေတာ့ စိတ္မေကာင္းျဖစ္မိေရာ။ ဒါေပမယ့္

ကိုယ္မဟုတ္တာ မလုပ္ထားသည့္အတြက္ ဒါေတြက ခ်ီးမြမ္း ၇ ရက္ ကဲ့ရဲ့ ၇ ရက္ပါပဲ။ အခ်ိန္တန္ရင္ လူေတြက နားလည္သြားၾကပါတယ္ လို့ ျပန္လည္ေျဖရွင္းလာခဲ့တာျဖစ္ပါတယ္။ သူမအေနနဲ႔ ယခုမထက္ အေဖေဆး႐ုံတက္ေနရတဲ့ အခ်ိန္မွာ ပုံေလးတစ္ပုံ တင္မိတာေတာင္မွ အေျပာခံခဲ့ရတယ္လို့လည္း ရင္ဖြင့္လာခဲ့တာပါ။ ယခုေတာ့ သူမအေနနဲ႔ တည္ၿငိမ္ေနၿပီျဖစ္ၿပီး ဘုရားတရားနဲ႔ ေမြ႕ေလ်ာ္ကာ လက္ရွိ အလုပ္ေတြကိုပဲ အာ႐ုံစိုက္လုပ္ကိုင္ေနတယ္လို့ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ဒါကေတာ့ တခ်ိန္က နာမည္ႀကီးခဲ့တဲ့ မထက္နဲ႔ သတင္းထြက္မွုေတြအေပၚဒီဇိုင္နာ ႏွင္းလြန္းအိမ္က ျပန္လည္ေျဖရွင္းခဲ့တာပဲျဖစ္ပါတယ္ေနာ္။ source- Shwe Yaung Myanmar

(Unicode version)

ထက်ထက်မိုးဦးနဲ့ နမ်းတဲ့ ပုံကြောင့် မိန်းမချင်းကြိုက်နေတယ်လို့ စွပ်စွဲခံရမှုတွေအပေါ်ပြန်လည်ရှင်းပြလာတဲ့ ဒီဇိုင်နာ နှင်းလွန်းအိမ်

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီး ယခုတလောမှာတော့ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ခေတ္တရပ်နားထားတာဖြစ်ပါတယ်။ဒီဇိုင်နာ နှင်းလွန်းအိမ်ကတော့ လက်ရှိမှာမယ်ခေး အွန်လိုင်းဈေးသည်လေး အဖြစ်လည်းအောင်မြင်နေတာဖြစ်ပြီး သူမကိုတော့ ထက်ထက်မိုးဦးနဲ့တွဲသွားတွဲလာများသလို သူမရဲ့ဒီဇိုင်နာအဖြစ်လည်း လူသိများခဲ့တာပါ။

သူမနဲ့ ထက်ထက်မိုးဦးတု့ နမ်းနေတဲ့ပုံ အွန်လိုင်းမှာပျံ့နှံ့ခဲ့တာကြောင့်လည်း ပရိသတ်တွေကြားမှာ မိန်းမချင်း ချစ်ကြိုက်နေတယ်လို့ ဝိုင်းဝန်းဝေဖန် ခဲ့ကြတာတွေရှိခဲ့ကြ တာဖြစ်ပါတယ်။ဒီရက်ပိုင်း အင်တာဗျူးအစီအစဉ်တစ်ခုမှာတော့ ဒီဇိုင်နာ နှင်းလွန်းအိမ်က ဒီလိုအပြောခံရတာတွေအပေါ် ပြန်လည်ရှင်းလင်းလာခဲ့တာပါ။ သူမက ” အဲ့လိုကြီးလိုင်းပေါ်မှာ သတင်းပျံ့သွားလိမ့်မယ်လို့ လုံးဝမထင်ထားမိဘူး။အမက

တစ်ဦးတည်းသော သမီးဆိုတော့ အမတွေညီမတွေမရှိဘူး။ဒီတော့ မထက်ကို အမ အမတစ်ယောက်လို သဘောထားမိတာပေါ့။အဲ့ဒီအချိန်ကလည်း မထက်ကအမဆီမှာ အကျီင်္အပ်နေတဲ့ အချိန်ဆိုတော့ မထက် အင်တာဗျူးတွေမှာဆို သူဒီ့ထက်ပိုလှသွားအောင် အမ အကြံပေးဖြစ်တာလေးတွေ ရှိတယ်ပေါ့။အမက သူ့ဒီဇိုင်နာတစ်ယောက်အနေနဲ့ပေါ့။ဒါမဲ့အဲ့လိုမျိုးကြီး သတင်းထွက်လာတော့ ကိုယ်လည်းအံ့သြသွားတာ

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒါတွေကမဆန်းတော့ပါဘူး။ကြာတော့လည်း ပျောက်သွားတာပေါ့။ အဲ့တုန်းကဆို အမကို မထက်အင်တာဗျူးတွေအောက်မှာ ဆဲထားကြတာ အကြီးအကျယ်ပဲ။တခါတလေကျတော့လည်း စိတ်မကောင်းဖြစ်တယ်ပေါ့။တချို့ကလဲ ဒီဇိုင်နာကချူစားတယ်လို့ပါ ပြောဆိုကြတာဆိုတော့ ကိုယ်လဲမဟုတ်တာမလုပ်ပဲနဲ့ အပြောခံရတော့ စိတ်မကောင်းဖြစ်မိရော။ ဒါပေမယ့်

ကိုယ်မဟုတ်တာ မလုပ်ထားသည့်အတွက် ဒါတွေက ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက်ပါပဲ။ အချိန်တန်ရင် လူတွေက နားလည်သွားကြပါတယ် လို့ ပြန်လည်ဖြေရှင်းလာခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ ယခုမထက် အဖေဆေးရုံတက်နေရတဲ့ အချိန်မှာ ပုံလေးတစ်ပုံ တင်မိတာတောင်မှ အပြောခံခဲ့ရတယ်လို့လည်း ရင်ဖွင့်လာခဲ့တာပါ။ ယခုတော့ သူမအနေနဲ့ တည်ငြိမ်နေပြီဖြစ်ပြီး ဘုရားတရားနဲ့ မွေ့လျော်ကာ လက်ရှိ အလုပ်တွေကိုပဲ အာရုံစိုက်လုပ်ကိုင်နေတယ်လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဒါကတော့ တချိန်က နာမည်ကြီးခဲ့တဲ့ မထက်နဲ့ သတင်းထွက်မှုတွေအပေါ်ဒီဇိုင်နာ နှင်းလွန်းအိမ်က ပြန်လည်ဖြေရှင်းခဲ့တာပဲဖြစ်ပါတယ်နော်။ source- Shwe Yaung Myanmar