အူမၾကီးကင္ဆာ ေရာဂါခံစားေနရတဲ႔ မိခင္အေၾကာင္းေျပာျပလာတဲ႔ လင္းဇာနည္ေဇာ္

အစာအိမ္ေရာဂါလို့ထင္ခဲ့ေပမယ့္ အူမႀကီးကင္ဆာျဖစ္ေနခဲ့တဲ့အတြက္ ခက္ခဲစြာကုသခဲ့ရတဲ့ မိခင္ျဖစ္သူရဲ့ က်န္းမာေရးအေျခအေနကို ေျပာျပလာတဲ့ လင္းဇာနည္ေဇာ္

လင္းဇာနည္ေဇာ္တို့ ေမာင္ႏွမေတြကေတာ့ အခ်င္းခ်င္းစည္းလုံးၾကၿပီး ခ်စ္ခင္ၾကတဲ့ ေမာင္ႏွမေတြပဲျဖစ္ပါတယ္။ေမာင္ႏွမေတြက စီးပြားေရးဆိုလည္း တက္ညီလက္ညီလုပ္ေဆာင္ၾကၿပီး သေဘာေကာင္းေဖာ္ေရြတဲ့မိသားစုေလးပါေနာ္။လင္းဇာနည္ေဇာ္ကလည္းအႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။

လတ္တေလာမွာဆိုရင္ေတာ့ လင္းဇာနည္ေဇာ္တို့ရဲ့မိခင္က အူမႀကီးကင္ဆာျဖစ္လို့ ခြဲစိတ္ဖို့အတြက္ ေဆး႐ုံတက္ေနရတာျဖစ္ပါတယ္။မိခင္ရဲ့ လက္ရွိေရာဂါအေျခအေနကို လင္းဇာနည္ေဇာ္က အခုလိုပဲေျပာျပလာခဲ့တာျဖစ္ပါတယ္ ။“အေမက အစား မစားနိုင္တာ ၂ လ ၃ လေလာက္ရွိသြားၿပီ။ကိုဗစ္မျဖစ္ခင္မွာသြားျပၿပီးေတာ့

၂ ခါခ်ိန္းၿပီးေတာ့ ၃ ခါေျမာက္မွာ ကိုဗစ္လည္းျဖစ္ေရာ အမတို့ ၃ လေလာက္ လုံးဝမသြားလိုက္ရဘူး။မသြားလိုက္ရေတာ့ အေမကလည္း ထမင္းမစားနိုင္ မစားနိုင္နဲ႔ တေရွာင္ေရွာင္ျဖစ္ေနခဲ့တာ။ကိုဗစ္က အေျခအေနနည္းနည္းျပန္ေကာင္းလာေတာ့ အေမ့ကို မျဖစ္ဘူးသြားမွပဲဆိုၿပီး သြားျပျဖစ္လိုက္တာ။ကိုယ္ကေတာ့ ေပါ့ေပါ့ပါးပါး

အဲ့ေလာက္ႀကီးျဖစ္မယ္လို့ မထင္ထားမိဘူး။အစာအိမ္ေရာဂါပဲ ထင္ၿပီး မွန္ေျပာင္းၾကည့္လိုက္တာ ကင္ဆာအလုံးသြားေတြ႕တယ္ေပါ့။ ကင္ဆာလုံးဆိုၿပီးေျပာလိုက္တဲ့အခ်ိန္မွာအမေခါင္းဘယ္လိုႀကီးသြားမွန္းကိုမသိဘူး။အေမကလည္းရွိေနတယ္…မ်က္ရည္ကလည္းက်လို့မရဘူးဆိုေတာ့ တကယ္႐ုပ္ရွင္ရိုက္ရတာ ညီအမ ၂ ေယာက္ တလဲစီ

ငိုေနရတာ ဘာျဖစ္လို့လဲဆိုေတာ့အေမ့အသက္ ၇၀ ေက်ာ္ႀကီးနဲ႔ ကင္ဆာဆိုတာႀကီးကို လုံး၀ အသိေပးလိုက္လို့ မျဖစ္ဘူးေလ။ ကင္ဆာဆိုတာသိၿပီးခြဲလိုက္မယ္ဆိုရင္ သူစခြဲတည္းက စိတ္ဓာတ္က်သြားလို့ရွိရင္ ဘာမွလုပ္လို့ရမွာမဟုတ္ေတာ့ဘူး။ကိုယ္လုံးဝလဲလို့မရဘူးဆိုတဲ့စိတ္တစ္ခုနဲ႔ အေမ့ကိုအားတင္းၿပီးၾကည့္ခဲ့ရတာေပါ့ေနာ္။

ခြဲစိတ္ၿပီးၿပီးခ်င္လည္းအေမက ခြဲတဲ့ဒဏ္ကို မခံနိုင္ေတာ့ ဝမ္းအခါ ၃၀ ေလာက္သြားတာနဲ႔ ICU ခ်က္ခ်င္းေရာက္သြားတာ….ဆရာဝန္ေတြကိုရမွာလားေမးေတာ့လည္း အတတ္နိုင္ဆုံးႀကိဳးစားေပးပါ့မယ္ဆိုေတာ့ ဒါက ရမယ္ဆိုတဲ့အေျဖမဟုတ္ဘူးေလ။အဲ့လိုနဲ႔ ICU မွာ ၂ ရက္ေလာက္ ေနလိုက္ရၿပီးတဲ့ေနာက္မွ အခု ခ်ဳပ္ရိုးေတြေကာင္းသြားၿပီေပါ့ေနာ္

ေနာက္ဆက္တြဲ ေတြေတာ့လုပ္ရအုန္းမွာပါလို့ ေျပာျပလာခဲ့တာျဖစ္ပါတယ္ လင္းဇာနည္ေဇာ္ မိခင္ျဖစ္သူ ရဲ့ က်န္းမာေရးအျမန္ဆုံးေကာင္းမြန္လာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္ -credit source- Shwe Yaung Myanmar

(unicode version)

အစာအိမ်ရောဂါလို့ထင်ခဲ့ပေမယ့် အူမကြီးကင်ဆာဖြစ်နေခဲ့တဲ့အတွက် ခက်ခဲစွာကုသခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ လင်းဇာနည်ဇော်

လင်းဇာနည်ဇော်တို့ မောင်နှမတွေကတော့ အချင်းချင်းစည်းလုံးကြပြီး ချစ်ခင်ကြတဲ့ မောင်နှမတွေပဲဖြစ်ပါတယ်။မောင်နှမတွေက စီးပွားရေးဆိုလည်း တက်ညီလက်ညီလုပ်ဆောင်ကြပြီး သဘောကောင်းဖော်ရွေတဲ့မိသားစုလေးပါနော်။လင်းဇာနည်ဇော်ကလည်းအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

လတ်တလောမှာဆိုရင်တော့ လင်းဇာနည်ဇော်တို့ရဲ့မိခင်က အူမကြီးကင်ဆာဖြစ်လို့ ခွဲစိတ်ဖို့အတွက် ဆေးရုံတက်နေရတာဖြစ်ပါတယ်။မိခင်ရဲ့ လက်ရှိရောဂါအခြေအနေကို လင်းဇာနည်ဇော်က အခုလိုပဲပြောပြလာခဲ့တာဖြစ်ပါတယ် ။“အမေက အစား မစားနိုင်တာ ၂ လ ၃ လလောက်ရှိသွားပြီ။ကိုဗစ်မဖြစ်ခင်မှာသွားပြပြီးတော့

၂ ခါချိန်းပြီးတော့ ၃ ခါမြောက်မှာ ကိုဗစ်လည်းဖြစ်ရော အမတို့ ၃ လလောက် လုံးဝမသွားလိုက်ရဘူး။မသွားလိုက်ရတော့ အမေကလည်း ထမင်းမစားနိုင် မစားနိုင်နဲ့ တရှောင်ရှောင်ဖြစ်နေခဲ့တာ။ကိုဗစ်က အခြေအနေနည်းနည်းပြန်ကောင်းလာတော့ အမေ့ကို မဖြစ်ဘူးသွားမှပဲဆိုပြီး သွားပြဖြစ်လိုက်တာ။ကိုယ်ကတော့ ပေါ့ပေါ့ပါးပါး

အဲ့လောက်ကြီးဖြစ်မယ်လို့ မထင်ထားမိဘူး။အစာအိမ်ရောဂါပဲ ထင်ပြီး မှန်ပြောင်းကြည့်လိုက်တာ ကင်ဆာအလုံးသွားတွေ့တယ်ပေါ့။ ကင်ဆာလုံးဆိုပြီးပြောလိုက်တဲ့အချိန်မှာအမခေါင်းဘယ်လိုကြီးသွားမှန်းကိုမသိဘူး။အမေကလည်းရှိနေတယ်…မျက်ရည်ကလည်းကျလို့မရဘူးဆိုတော့ တကယ်ရုပ်ရှင်ရိုက်ရတာ ညီအမ ၂ ယောက် တလဲစီ

ငိုနေရတာ ဘာဖြစ်လို့လဲဆိုတော့အမေ့အသက် ၇၀ ကျော်ကြီးနဲ့ ကင်ဆာဆိုတာကြီးကို လုံး၀ အသိပေးလိုက်လို့ မဖြစ်ဘူးလေ။ ကင်ဆာဆိုတာသိပြီးခွဲလိုက်မယ်ဆိုရင် သူစခွဲတည်းက စိတ်ဓာတ်ကျသွားလို့ရှိရင် ဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူး။ကိုယ်လုံးဝလဲလို့မရဘူးဆိုတဲ့စိတ်တစ်ခုနဲ့ အမေ့ကိုအားတင်းပြီးကြည့်ခဲ့ရတာပေါ့နော်။

ခွဲစိတ်ပြီးပြီးချင်လည်းအမေက ခွဲတဲ့ဒဏ်ကို မခံနိုင်တော့ ဝမ်းအခါ ၃၀ လောက်သွားတာနဲ့ ICU ချက်ချင်းရောက်သွားတာ….ဆရာဝန်တွေကိုရမှာလားမေးတော့လည်း အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်ဆိုတော့ ဒါက ရမယ်ဆိုတဲ့အဖြေမဟုတ်ဘူးလေ။အဲ့လိုနဲ့ ICU မှာ ၂ ရက်လောက် နေလိုက်ရပြီးတဲ့နောက်မှ အခု ချုပ်ရိုးတွေကောင်းသွားပြီပေါ့နော်

နောက်ဆက်တွဲ တွေတော့လုပ်ရအုန်းမှာပါလို့ ပြောပြလာခဲ့တာဖြစ်ပါတယ် လင်းဇာနည်ဇော် မိခင်ဖြစ်သူ ရဲ့ ကျန်းမာရေးအမြန်ဆုံးကောင်းမွန်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော credit source- Shwe Yaung Myanmar

Add a Comment

Your email address will not be published. Required fields are marked *