နင္ဂ်ာဘာသာရပ္နဲ႔ တကၠသိုလ္ကေန မဟာဘြဲ႔ယူခဲ့တဲ့ ကမာၻ႔ပထမဆံုး အမ်ိဳးသား

နင္ဂ်ာဘာသာရပ္နဲ႔ တကၠသိုလ္ကေန မဟာဘြဲ႔ယူခဲ့တဲ့ ကမာၻ႔ပထမဆံုး အမ်ိဳးသား

ဂ်ပန္လူမ်ိဳး တစ္ဦးျဖစ္တဲ့ အမ်ိဳးသားတစ္ေယာက္က ကမာၻေပၚမွာ နင္ဂ်ာဘာသာရပ္နဲ႔ ဘြဲ႔ရခဲ့တဲံ ပထမဆံုးသူ ျဖစ္လာခဲ့ေၾကာင္း CNN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ဒီလို ဘြဲ႔ယူရဖို႔အတြက္ အေျခခံ ကိုယ္ခံပညာရပ္ေတြနဲ႔ ေတာင္ေတြကို ဘယ္လို ေပါ့ေပါ့ပါးပါး တက္ရတယ္ဆိုတာကိုပါ သင္ၾကားခဲ့ရပါတယ္။ အသက္ ၄၅ ႏွစ္ ရွိၿပီ ျဖစ္တဲ့

ဂ်ပန္အမ်ိဳးသား Genichi Mitsuhashi က ဒီဘြဲ႔ကို ရယူႏိုင္ဖို႔အတြက္ (၂)ႏွစ္ေလာက္က သမိုင္းေတြ၊ ရိုးရာေတြနဲ႔ နင္ဂ်ာတုိက္ကြက္ေတြကို Mie University မွာေလ့လာခဲ့ရပါတယ္။၁၄ ရာစုေလာက္တည္း နင္ဂ်ာေတြက သိပ္ကို နာမည္ႀကီးပါတယ္။ သူတို႔ရဲ႕ လွ်ိဳ႕ဝွက္စြာ လုပ္ကိုင္တတ္မႈ၊ ေပ်ာက္ၾကားစစ္ဆင္ေရးနဲ႔

သူလွ်ိဳအျဖစ္ေတြမွာ သိပ္ကို ကၽြမ္းက်င္ၾကသူေတြေတြ ျဖစ္လို႔ နာမည္ေက်ာ္ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ နင္ဂ်ာဘာသာရပ္နဲ႔ ဘြဲ႔ယူခဲ့တဲ့ Mitsuhashi ကေတာ့ နင္ဂ်ာေတြက လြတ္လပ္တဲ့ လယ္သမား အျဖစ္ ရပ္တည္ေနခဲ့ၾကဖူးတယ္လို႔ ေျပာပါတယ္။ နင္ဂ်ာေတြရဲ႕ ဘဝကို နားလည္ခ်င္တာေၾကာင့္ သူကိုယ္တိုင္လည္း အခုလို

တိုက်ိဳၿမိဳ႕ကေန မိုင္ ၂၂၀ ေက်ာ္ ေဝးတဲ့ ေနရာကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ သူ ေျပာင္းတဲ့ Iga ေဒသကေတာ့ ေရွးယခင္တုန္းက နင္ဂ်ာေတြ ေနထိုင္ခဲ့ၾကတဲ့ ေနရာလည္း ျဖစ္ပါတယ္။ အဲ့ဒီေဒသရဲ႕ ရာသီဥတုအေျခအေနေတြကပဲ နင္ဂ်ာေတြရဲ႕ သဘာဝကို ဖန္တီးခဲ့တာလို႔လည္း သူက ဆိုပါေသးတယ္။သူကေတာ့ ကိုယ္ပိုင္ အသီးအႏွံေတြနဲ႔

စပါးေတြ စိုက္ပ်ိဳးၿပီး ေနထိုင္ေနရင္းနဲ႔ နင္ဂ်ာနည္းစနစ္ေတြနဲ႔ ကိုယ္ခံပညာကို သင္ေပးလ်က္ ရွိပါတယ္။ဒီ နင္ဂ်ာဘာသာရပ္ကေတာ့ Mie University မွာ အျပည္ျပည္ဆိုင္ရာ နင္ဂ်ာသုေတသနစင္တာ တည္ေထာင္ၿပီးတဲ့ ေနာက္တစ္ႏွစ္ ၂၀၁၈ မွာ စတင္သင္ၾကားခဲ့တာ ျဖစ္ပါတယ္။ နင္ဂ်ာနဲ႔ ပတ္သတ္တဲ့ ေလ့လာမႈေတြက ဒီတကၠသိုလ္ေၾကာင့္

ပထမဆံုးျဖစ္ခဲ့ရပါတယ္။သမိုင္းေတြနဲ႔ မတူတဲ့ အခ်က္ကေတာ့ ဒီဘာသာရပ္ကို သင္ယူတဲ့သူေတြက ရိုးရာတိုက္ကြက္ေတြ၊ အသက္ရွင္ရပ္တည္ရတဲ့ ပံုစံေတြအျပင္ ကိုယ္ခံပညာေတြပါ သင္ယူၾကရပါတယ္။ source-CNN news

(Unicode version)

နင်ဂျာဘာသာရပ်နဲ့ တက္ကသိုလ်ကနေ မဟာဘွဲ့ယူခဲ့တဲ့ ကမ္ဘာ့ပထမဆုံး အမျိုးသား

ဂျပန်လူမျိုး တစ်ဦးဖြစ်တဲ့ အမျိုးသားတစ်ယောက်က ကမ္ဘာပေါ်မှာ နင်ဂျာဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲံ ပထမဆုံးသူ ဖြစ်လာခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ဒီလို ဘွဲ့ယူရဖို့အတွက် အခြေခံ ကိုယ်ခံပညာရပ်တွေနဲ့ တောင်တွေကို ဘယ်လို ပေါ့ပေါ့ပါးပါး တက်ရတယ်ဆိုတာကိုပါ သင်ကြားခဲ့ရပါတယ်။ အသက် ၄၅ နှစ် ရှိပြီ ဖြစ်တဲ့

ဂျပန်အမျိုးသား Genichi Mitsuhashi က ဒီဘွဲ့ကို ရယူနိုင်ဖို့အတွက် (၂)နှစ်လောက်က သမိုင်းတွေ၊ ရိုးရာတွေနဲ့ နင်ဂျာတိုက်ကွက်တွေကို Mie University မှာလေ့လာခဲ့ရပါတယ်။၁၄ ရာစုလောက်တည်း နင်ဂျာတွေက သိပ်ကို နာမည်ကြီးပါတယ်။ သူတို့ရဲ့ လျှို့ဝှက်စွာ လုပ်ကိုင်တတ်မှု၊ ပျောက်ကြားစစ်ဆင်ရေးနဲ့

သူလျှိုအဖြစ်တွေမှာ သိပ်ကို ကျွမ်းကျင်ကြသူတွေတွေ ဖြစ်လို့ နာမည်ကျော်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် နင်ဂျာဘာသာရပ်နဲ့ ဘွဲ့ယူခဲ့တဲ့ Mitsuhashi ကတော့ နင်ဂျာတွေက လွတ်လပ်တဲ့ လယ်သမား အဖြစ် ရပ်တည်နေခဲ့ကြဖူးတယ်လို့ ပြောပါတယ်။ နင်ဂျာတွေရဲ့ ဘဝကို နားလည်ချင်တာကြောင့် သူကိုယ်တိုင်လည်း အခုလို

 

တိုကျိုမြို့ကနေ မိုင် ၂၂၀ ကျော် ဝေးတဲ့ နေရာကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူ ပြောင်းတဲ့ Iga ဒေသကတော့ ရှေးယခင်တုန်းက နင်ဂျာတွေ နေထိုင်ခဲ့ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲ့ဒီဒေသရဲ့ ရာသီဥတုအခြေအနေတွေကပဲ နင်ဂျာတွေရဲ့ သဘာဝကို ဖန်တီးခဲ့တာလို့လည်း သူက ဆိုပါသေးတယ်။သူကတော့ ကိုယ်ပိုင် အသီးအနှံတွေနဲ့

စပါးတွေ စိုက်ပျိုးပြီး နေထိုင်နေရင်းနဲ့ နင်ဂျာနည်းစနစ်တွေနဲ့ ကိုယ်ခံပညာကို သင်ပေးလျက် ရှိပါတယ်။ဒီ နင်ဂျာဘာသာရပ်ကတော့ Mie University မှာ အပြည်ပြည်ဆိုင်ရာ နင်ဂျာသုတေသနစင်တာ တည်ထောင်ပြီးတဲ့ နောက်တစ်နှစ် ၂၀၁၈ မှာ စတင်သင်ကြားခဲ့တာ ဖြစ်ပါတယ်။ နင်ဂျာနဲ့ ပတ်သတ်တဲ့ လေ့လာမှုတွေက ဒီတက္ကသိုလ်ကြောင့်

ပထမဆုံးဖြစ်ခဲ့ရပါတယ်။သမိုင်းတွေနဲ့ မတူတဲ့ အချက်ကတော့ ဒီဘာသာရပ်ကို သင်ယူတဲ့သူတွေက ရိုးရာတိုက်ကွက်တွေ၊ အသက်ရှင်ရပ်တည်ရတဲ့ ပုံစံတွေအပြင် ကိုယ်ခံပညာတွေပါ သင်ယူကြရပါတယ်။ source-CNN news