









သဘောတူကြရဲ့လား။?? ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကို Comment မှာရေးထားခဲ့ကြပါအုန်းနော်

(unicode version) နန်းခင်ဇေယျာရဲ့ မာလာရှမ်း‌‌ကောကို အားရပါးရဝေဖန်လိုက်တဲ့ Master Chef ဒိုင် ဒေါ်ဖြူဖြူတင်..

Master Chef ပြိုင်ပွဲကတော့ ပြိုင်ပွဲဝင်တွေကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရာမှာ အထူး နာမည်ကြီး တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်သလို ဒိုင်လူကြီးများ ဟာလည်း စည်းစနစ်ကြီးလှပြီး အသေးစိတ်

ကြည့်ရှူ စစ်ဆေးရာမှာ ထူးချွန်ကြသူတွေဆိုတာ ပရိသတ်ကြီးလည်း သိရှိပြီး သားဖြစ်မှာပါ။ သ ရုပ်ဆောင် နန်းခင်ဇေယျာ ကတော့ ကိုဗစ် ၁၉ ကာလမှာ မာလာရှမ်းကော ရောင်းချနေတာဖြစ်ပြီး Master Chef ရဲ့

ဒိုင်လူကြီး တစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူတင် ကို အင်တာဗျုး အစီအစဉ် တစ်ခုမှာ တွေ့ဆုံရာမှာ သူမရဲ့ မာလာရှမ်းကောကို Judge လုပ်ခိုင်းခဲ့ တယ်လို့သိရပါတယ်။ ဒီလို Judge လုပ်ခိုင်းခဲ့ရာ မှာတော့ Master Chef ဒိုင်လူကြီး

ဒေါ်ဖြူဖြူတင်က နန်းခင်ရဲ့ မာလာရှမ်းကော ကို အားရပါးရဝေဖန်လာခဲ့တာပါ။ နန်းခင်ရဲ့ မာလာရှမ်းကောကို အရမ်း အစပ် လွန်ကဲတယ်လို့ ခံစားရတဲ့အတွက် ကျန်းမာရေးအရ မကြိုက်ဘူးလို့ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

သူမအနေနဲ့ အစပ်လွန်ကဲ တာတွေ စားလေ့ရှိသူတွေကိုပါ ဘာအရသာ ရလို့ စားတာလဲလို့ မေး ခွန်းထုတ်ခဲ့ပြီး ကျန်းမာရေးအရ အရသာ တစ်ခုကို လွန်လွန်ကဲကဲ ထည့်ထားတဲ့ အစားအစာ တွေကို မစားသင့် ကြောင့်လည်း ပြောကြားခဲ့တာပါ။

နန်းခင်ဇေယျာရဲ့ မာလာရှမ်းကော ကိုတော့ သူမသမီး ဖြစ်သူတွေက ကြိုက်ကြပြီး Packaging နဲ့ ပြင်ဆင်ပုံ မှာယူရန် ဝန်ဆောင်မှုတွေ ကောင်းမွန်တယ်လို့ ချီးကျူး သွားခဲ့ပါတယ်။နန်းခင်ဇေယျာကလည်း သူမအနေနဲ့

ဒေါ်ဖြူဖြူတင်နဲ့ ခင်မင်နေတာ ကြာပြီ ဖြစ်ပေမယ့် လက်ဆောင် ပို့ပေးရာမှာ Feedback ကောင်းရဖို့ မမျှော်လင့်ရဲ တဲ့အကြောင်းကို ပြောကြားခဲ့ပါသေးတယ်။ ဒေါ်ဖြူဖြူတင်က ဆိုင်ဖွင့်ရန်အ စီစဉ်ရှိနေတဲ့ နန်းခင်ဇေယျာအတွက်

အကြံဉာဏ် ကောင်းတစ်ချို့ပေးလာခဲ့ပြီး New Covid စတိုင်အနေနဲ့ Online Delivery စတိုင်အနေနဲ့ ဇောက်ချပြီး လုပ်ကိုင်သင့် တယ်လို့အ ကြံပေး ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒေါ်ဖြူဖြူတင်ရဲ့ ဝေဖန်ချက်တွေကို

သဘောတူကြရဲ့လား။?? ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကို Comment မှာရေးထားခဲ့ကြပါအုန်းနော

အားရပါးရဝေဖန်လိုက်တဲ့ Master Chef မှ ဒေါ်ဖြူဖြူတင်

နန်းခင်ဇေယျာရဲ့ မာလာရှမ်း‌‌ကောကို အားရပါးရဝေဖန်လိုက်တဲ့ Master Chef မှ ဒေါ်ဖြူဖြူတင်#Marry #CeleNews #NanKhinZayYar

Posted by Marry Myanmar on Thursday, July 16, 2020