(unicode version)
ဖားကန့်မြို့နယ်၊ ဝှေခါ ကျေးရွာ၊ ယခင်ပြိုကျခဲ့ သည့်နေရာမှ မြေပြိုကျမှုထမ်မံ ဖြစ်ပွား၍ ကုမ္ပဏီအဆောက်အဦး ဘက်ဟိုး(၁)စီးနှင့် နေအိမ် (၁၂) လုံး မြေပြိုကျမှုထဲပါသွား
ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ ယခင်ပြိုကျခဲ့သည့်နေရာမှ မြေပြိုကျမှုထမ်မံဖြစ်ပွား၍ ကုမ္ပဏီအဆောက်အဦး ဘက်ဟိုး(၁)စီးနှင့် နေအိမ် (၁၂) လုံး မြေပြိုကျမှုထဲပါသွားေႀက
၂၀.၇.၂၀၂၀ ရက်နေ့၀၃ :၃၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်ပြိုကျခဲ့သည့်နေရာမှ မြေပြိုကျမှုထမ်မံဖြစ်ပွား၍ဖားကန့်မြိုနယ်မီးသတ်စခန်းမှ
သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ အဆိုပါမြေပြိုကျမှုကြောင့် ဖားကန့်ဆိုင်ဘွမ်ကုမ္ပဏီ အဆောက်အဦနှင့် ဘက်ဟိုး(၁)စီး၊ ယခင်လူနေသည့်ဈေးတန်းဘက်မှ
နေအိမ် (၁၂) လုံး(လူနေထိုင်ခြင်းမရှိ) ပါသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ထပ်မံ၍ အန္တရာယ်ရှိသည့်နေအိမ်များအား ကူညီရွှေ့ပြောင်းပေးလျက်ရှိပါသည်။ crd-MFSD