(unicode version) ငွေကြေးပိုင်းကို သမီး ဘာမှမလုပ်ဘူး အကုန်လုံး မေမေ့ကိုပဲ အပ်တယ်ဆိုတဲ့ မိုးသိုးလေး (ရုပ်သံ)
“မြန်မာအိုင်ဒေါ Season-4 Top 3 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူကတော့ မြန်မာသံ ပိုင်နိုင်တဲ့ ပြိုင်ပွဲဝင် တစ်ယောက်အဖြစ် ပရိသတ်ရဲ့ အသိမှတ်ပြု အားပေးခြင်းကို ရရှိခဲ့သူပါ။
ငယ်ရွယ် သေးပေမယ့် အဆိုပိုင်းမှာတင် သာမကဘဲ သရုပ်ဆောင် ပိုင်း ဘက်ပေါင်းစုံမှာ အနုပညာ အရည် အသွေး ပြည့်ဝသူ တစ်ယောက် ဖြစ်တာကြောင့်လဲ ပရိသတ်တွေက အချစ်ပို နေရတာပါ။
မိုးသို က မြန်မာသံ သီချင်းတွေ ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်သလို၊ ခေတ်ပေါ် သီချင်းတွေလည်း ဆိုနိုင်သူပါ။ မကြာသေးခင်က ဘဲ “လွမ်းနေလို့” သီချင်း အသစ်လေးတစ်ပုဒ် ထွက်ရှိထားပါတယ်။
“လွမ်းနေလို့” သီချင်းလေးကို ကိုလည်း ကြိုက်တယ် ပရိသတ်တွေက အားပေးကြလို့ အရမ်း ပျော်တယ်လို့ ပြောထားပါသေးတယ်။ မိုးသိုးလေးက ငွေးကြေးနဲ့ ပတ်သတ်ရင်လဲ
“ငွေရေး ကြေးရေးပိုင်းနဲ့ ပတ်သက်ပြီး သမီးကဘာမှမလုပ်ဘူး။ သီချင်းဆိုလည်း ဆိုလိုက်တာပဲ…. ရတာတွေ အကုန်လုံး မေမေ့ကိုပဲအပ်တယ် ” ပြီးတော့ အနုပညာကြေး အားလုံး မေမေ့ကိုအပ်တယ် ဆိုပြီးတော့ ပြောပြလာ တာဘဲ ဖြစ် သည်။ (Source – Myanmar cele7 / Aye Mya Phyu)
Posted by Myanmar Cele 7 on Sunday, July 19, 2020