







ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးမန်းဝင်းအတွက် ရက် လည် ဆွမ်းသွတ် ကုသိုလ်ပြုပေးခဲ့တဲ့ ပုံရိပ်များ

ပရိသတ်ရဲ့အချစ်တော် ဟာသလူရွှင်တော်ကြီးဦးမန်းဝင်း ကတော့ လွန်ခဲ့တဲ့ တစ်ပတ်က ဆုံးပါးသွားခဲ့ပြီး မိသားစုဝင် တွေသာမက ပရိသတ်တွေပါ များစွာ စိတ်မကောင်း ဖြစ်ခဲ့ရပါ သေးတယ်။

သူ့ဘဝ တစ်သက်တာလုံး ပရိသတ်တွေ အတွက်ပဲ ဖျော်ဖြေရင်း အချိန်ကုန်ဆုံးခဲ့ပြီး အသက်(၇၈) မှာ ဘဝတစ်ပါး ကူးပြောင်း သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဦးမန်းဝင်းရဲ့ နာရေးကိုတော့ မိတ်ဆွေ

အပေါင်း အသင်းများ သာမကဘဲ ပရိသတ်တွေကပါ စည်စည်ကားကား လိုက်လံပို့ဆောင် ပေးခဲ့ပါတယ်။ ဒီနေ့ကတော့ ဦးမန်းဝင်းရဲ့ရက်လည်နေ့လေးဖြစ်ပြီး နေအိမ်မှာ ရက်လည် ဆွမ်းသွတ်ပြီး

တရားနာယူ ခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ဘဝတစ်သက်တာလုံး ပရိသတ်တွေရဲ့ ဘဝအမောတွေ ဖြေဖျောက်ပေးတဲ့ ဟာသ လူရွှင်တော်ကြီး

တစ်ယောက် အနေနဲ့ အကောင်းဆုံး တာဝန် ကျေခဲ့တဲ့ ဦးမန်းဝင်း တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ ဦးမန်းဝင်းအတွက် နေအိမ်မှာ ပြုလုပ်ပေးခဲ့တဲ့

ရက်လည် ဆွမ်းသွတ် တရားနာပုံရိပ် လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ပေး လိုက်ပါတယ်နော်။ (Source – Man Win- Joker / Rainbow- Cele Gabar