
ခင်မို့မို့အေးကို ဝမ်းသာပီတိ မျက်ရည်ကျ စေတဲ့ ဖြူဖြူထွေးရဲ့ သိတတ် လှူဒါန်းမှုလေးတေ









ခင်မို့မို့အေးကို ဝမ်းသာပီတိ မျက်ရည်ကျ စေတဲ့ ဖြူဖြူထွေးရဲ့ သိတတ် လှူဒါန်းမှုလေးတွေ

ဖြူဖြူထွေး ကတော့  အနုပညာ အလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ ဟာသ ဗီဒီယိုလေးတွေနဲ့ လူသိများ အောင် မြင်လာခဲ့တဲ့ ဖြူဖြူထွေးက

အခုဆိုရင်လဲ သူမဝါသနာပါတဲ့ အနုပညာလမ်း ကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်….။ ဖြူဖြူထွေးက ကြော်ငြလေး တွေသာမက ရုပ်ရှင်ဇာတ်ကားကြီး

တွေမှာဆို ရင်လည်း ဝါရင့်အနုပညာ ရှင်တွေနဲ့တွဲဖက်ပြီး သရုပ်ဆောင် နေရတာဖြစ်ပါတယ်။ဖြူထွေးဟာ ဟာသဗီဒီယို လေးတွေအပြင် ချစ် စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့

သွက်လက်ဖျတ်လက်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့သူလေးပဲ ဖြစ်ပါတယ်….။အနုပညာကိုဝါသနာပါလွန်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ပင်ကိုယ်

ဟာသ စွမ်းရည်နဲ့ အကဗီဒီယို လေးတွေကြောင့် လူမှုကွန်ယက် ဖေ့ဘွတ် စာမျက်နှာ ပေါ်တွင် ရေ ပန်းစား လူကြိုက်များ လာကာ ပရိသတ်အခိုင်မာရရှိထားတာဖြစ်ပါတယ်…..။

ဟာသ ဗီဒီယိုလေးတွေကို အမြဲတင်လေ့ ရှိပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ရရှိထားတာ ဖြစ်ပါတယ်။ အခုမှာလည်း ဝါရင့်အနု ပညာရှင်များဖြစ်တဲ့ ခင်မို့မို့အေးတို့ကို အအစားသောက်နဲ့ ငွေသားများ လှူဒါန်းခဲ့ရာ

ဝမ်းသာပီတိ မျက်ရည်ကျနေတဲ့ ခင်မို့မို့အေးကို နှစ်သိမ့်နေတဲ့ ပုံလေးတွေကို သူမရဲ့ဖေ့ဘွတ်စာ မျက်နှာပေါ်တွင် ဖော်ပြထားတာ တွေ့ရပါတယ်..။

ပုံလေးတွေဟာ အရမ်းလေးစား ကြည်နူးစရာကောင်းတာကြောင့်  cele zone ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်….။ (Yuan – Cele Zone / Photo – Phyu Phyu Htwe