မွေးနေ့ ရက်လေးကို မိဘမဲ့ ကလေးများကျောင်းမှာ အလှူလေး ပြုလုပ်သွားမယ့် ရွှေပိုးအိမ်
ရွှေပိုးကတော့ ပရိသတ်တွေရဲ့ချစ်ခြင်း မေတ္တာတွေကို ရရှိထားတဲ့ ပရိသတ် အချစ်တော် မင်းသ မီးချောလေးပဲဖြစ်ပါတယ်။
ရွှေပိုးကတော့ လူလေးလည်း လှသလို စိတ်ထားလေးကလည်း ဖြူစင်လှပြီး အလှူအတန်း တွေကိုလည်း အားတက် သရောနဲ့
လုပ်ကိုင်လေ့ ရှိတဲ့အပြင် အနုပညာ အလုပ်တွေသွားရောက် လုပ်ကိုင်တဲ့ ဒေသတွေမှာပါ အလျဉ် သင့်သလို လုပ်ကိုင်တတ်တဲ့ သူတစ်ယောက်ပါ။
လတ်တလော မှာလည်း ရွှေပိုးက အလှူလေးတခု ကို ပြုလုပ်သွားဖို့ ရှိတဲ့အ ကြောင်းကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြလာ ခဲ့ပါတယ်။
ရွှေပိုးကတော့ လာမယ့် သြဂုတ်လ (၁၅)ရက်နေ့မှာ မွေးနေ့ရက်လေး ကျရောက်မှာ ဖြစ်ပြီး မွေး နေ့ရက်လေးမှာ မန္တလေးမြို့
ဘုံပျံတောရ (၆၂ )လမ်း၊ စက်မှုဇုံ ( ၁ )အနီး၊ ရတနာအောင်မြင် မိဘမဲ့ကလေးများ ကျောင်းမှာ အာဟာရဒါန လှူဒါန်းမှု ပြုလုပ်သွား မှာပဲဖြစ်ပါတယ်။
ရွှေပိုးက မွေးနေ့အလှူလေးကို သူ့ရဲ့ပရိသတ်တွေကိုလည်း လာစေချင်တာကြောင့် အခုလိုမျိုး ကြို တင်ပြီး ကြေညာထား လိုက်တာဖြစ်ပြီး
ပရိသတ်တွေနဲ့ အတူတူ လှူဒါန်းချင် တာကြောင့် လာရောက် ပေးဖို့ကို ဖိတ်ခေါ် ထားတာပဲ ဖြစ်ပါတယ်။ ရွှေပိုးရဲ့ မွေးနေ့အလှူလေးကို
သွားမယ့် ပရိသတ်တွေ ရွှေပိုးအတွက် မွေးနေ့လက်ဆောင်တွေယူလာပေးတာမျိုးမလုပ်ဖို့ကို ရွှေပိုးက မေတ္တာရပ်ခံထားပါသေးတယ်။ ( Chilli – CeleGabar / Source – Shwe Poe Eain