









(unicode version) ချစ်သူနဲ့ ပြတ်သွားပြီ ဆိုတဲ့ သတင်းတွေ အပေါ်မှာ ပြန်ပြီး တုန့်ပြန်လိုက်တဲ့ သဇင်နွယ်ဝင်း

ခုလို stayhome ကာလမှာ အားလုံးက စီးပွါးရေးတွေကြပ်၊ မိသားစု စားဝတ်နေရေး ကြောင့်ပူပန်၊ အလုပ်တွေ ရပ်ဆိုင်း ထားရလို့ မပြေမလည် အ ခက်ခဲတွေ ဖြစ် စသဖြင့် ရုန်းကန်နေရတဲ့ အချိန်ကြီးမှာလေ

သမီးရည်းစား ညားကြသည် ကွဲကြသည် ဆိုတဲ့ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရာတွေက စားဝတ်နေရေး အတွက် လုပ်ကိုင်ရှာဖွေ ကြိုးစား ရုန်းကန်နေရ တဲ့သူတွေအတွက် တကယ်တော့ ဘာမှကို အရေးမပါတော့တာ…

ပြေလည် နေတဲ့သူတွေ ရှိကောင်းရှိ နေနိုင်ပေမဲ့ တဖက်မှာ ထမင်းတနပ် အတွက် စိတ်ရော လူရော ပင်ပန်း ဆင်းရဲနေရတဲ့ ဘဝတွေအများကြီး၊ အဓိကနဲ့ သာမည ခွဲထားပြီး ကို့အလုပ်နဲ့ကို အာ ရုံစိုက်လုပ်နေပေမဲ့

မဟုတ်မမှန်သော အကြောင်း အရာတွေ, ကိုယ်ကျင့် သိက္ခာကိုပါ ထိပါးတဲ့ထိ ပြောဆိုရေးသားတဲ့ တရားမဝင်တဲ့ သတင်းမီဒီယာ page တွေများလာတော့လေ သတင်းအမှား များရင် အမှန်လို့ အားလုံးထင် မြင်ယူဆ

သွားနိုင်လို့ သဇင်ခုလို ရေးလိုက်တာပါ…သဇင် ရေးကြီး ခွင်ကျယ် မဖြေရှင်းဘူး ဆိုတာကလဲ အရေးလဲ မကြီးလို့ပါ… ပြီးတော့ အစီစဉ်တင်ဆက်သူ သဇင်ဆိုတာကို သိတဲ့သူ

အနည်းအကျဉ်း မသိတဲ့သူတွေ ခပ်များများရယ် ပါ… ဒါပေမဲ့ fb မှာသဇင်နဲ့ ခင်၊ သဇင့်ကိုချစ်လို့ ဂရုစိုက်ပေးတဲ့ ညီအကို မောင်နှမ မိတ်ဆွေ သူ ငယ်ချင်း အပေါင်းအသင်းတွေ အားလုံး စိုးရိမ်စွာ လာမေးကြလို့ status လေး

တင်ပြီး ရှင်းပြတာပါ …သဇင် အနန္တော အနန္ဒ ငါးပါးရဲ့ ဆုံးမမှု နဲ့ မိဘကျေးဇူး တတ်နိုင်သမျှဆပ်ရင်း ဘဝကို အကောင်းဆုံး ကြိုးစားဖြတ် သန်းပါတယ်… အားလုံးကို ကျေးဇူးများကြီးတင်ပါတယ်❤️❤️ Peace နော်

ယခု သတင်းကို ( Thazin NweWin ) စာမျက် နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

Add a Comment

Your email address will not be published. Required fields are marked *