








အနုပညာ အလုပ်တွေကို ပြန်လုပ်နေပြီ ဖြစ်တဲ့ ထပ်ဆင့် အကယ်ဒမီ မေသန်းနု

အဆိုးတွေပြီးရင် အကောင်းတွေ လာမယ် ဆိုတဲ့ စကားလေး အတိုင်းပဲ အန်တီမဆင့် တစ်ယောက် အနုပညာ အလုပ်တွေ ပြန်လုပ်နေတဲ့ သူမရဲ့ ပုံရိပ်လေး တွေကို လူမှုကွန်ရက်မှာ ဝေမျှလိုက်ပါတယ်။

ငွေမှင်ရောင် သတို့သမီး ဝတ်စုံလေးနဲ့ အရမ်းတွေ လှနေတဲ့ အသက် ငါးဆယ်ကျော် အရွယ် အ မျိုးသမီး တစ်ယောက်ဟာ ရှိရင်းစွဲ အသက်ကိုတောင် မယုံချင်စရာ ကောင်းလောက် အောင်ကိုနုပျို နေပါတယ်။

ထူးချွန်တဲ့ သားလေးကို ပိုင်ဆိုင် ထားပြီးတော့ သားဖြစ်သူ ကလည်း ဖခင်ခြေရာ အပြည့်အဝနင်းမယ့် သားကောင်းလေး တစ်ယောက်ပါပဲ။

ဖခင်နဲ့အတူ ရိုက်ကူး ထားတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ပရိသတ်တွေက မျှော်လင့်နေ ကြပါပြီ။ နိုင်ငံရပ်ခြားမှာ သင်လာခဲ့တဲ့ အနုပညာနဲ့

သက်ဆိုင်တဲ့ ပညာရပ်တွေဟာ မြန်မာဇာတ်ကားတွေကို အကောင်းဆုံး ဆိုတဲ့ စံ တစ်ခုဆီ ရောက်ဖို့ တွန်းပို့နိုင် လောက်ပါရဲ့။

လွတ်မြောက်ပြီး နောက်ပိုင်းမှာ အိမ်သစ်တက် မင်္ဂလာ လေးလည်း လုပ်သလို အနုပညာ အလုပ်တွေလည်း ပြန်လည်လက်ခံ နေပါတယ်။ အရင်လို ကျစ်ကျစ်လျစ်လျစ် ခန္ဓာကိုယ်လေးကို

ပြန်လည် ပိုင်ဆိုင် နိုင်ဖို့အတွက် သားလေးနဲ့ အ တူ Gym တွေ ကစားနေခဲ့ ပါသေးတယ်။ လှပြီးသား ဆိုတော့ ဘာမှအထွေအထူး ပြင်စရာ မလိုဘဲ လှနေဆဲပါပဲ။ (Source- Happy – Cele Zone/ Photo – May Than Nu Ma Sint