မ်က္ျမင္ အဘိုးအဘြား ႏွစ္ေယာက္ကို လက္ထဲရွိသမွ် ေငြေတြ အကုန္လႉတန္းခဲ့တဲ့ သ႐ုပ္ေဆာင္ ရဲေလးမ

မ်က္ျမင္ အဘိုးအဘြား ႏွစ္ေယာက္ကို လက္ထဲရွိသမွ် ေငြေတြ အကုန္လႉတန္းခဲ့တဲ့ သ႐ုပ္ေဆာင္ ရဲေလးမ

” မရွိလို႔မလႉ မလႉလို႔မရွိ ” ဆိုတဲ့ စကားေလးဟာ တကယ္ကို တန္ဖိုးရွိပါတယ္။ လႉတန္း တယ္ဆိုတာလည္း အမ်ားႀကီး လႉတန္းမွ အလႉဟာျဖစ္ ေျမာက္တာ မဟုတ္ပါဘူး။ ကိုယ့္မွာရွိသေလာက္ထဲက တတ္နိုင္သမွ် ခြဲေဝၿပီး လႉတန္းတာလည္း အလႉပါပဲ။ ထားတတ္တဲ့စိတ္ရွိရင္ ျမတ္ကိုျမတ္ပါတယ္။ ဒီေန႕မွာေတာ့ ရဲေလးမ

တစ္ေယာက္ ကိုယ္တိုင္လည္း အခက္အခဲေတြ ၾကားမွာ ႐ုန္းကန္ ေနရသူျဖစ္ေပမယ့္ ကိုယ့္ထက္အေျခအေနဆိုးတဲ့ အဘိုးနဲ႕အဘြားကို အိမ္မွာရွိသမွ်ပိုက္ဆံေတြ အကုန္လႉတန္း ခဲ့ပါတယ္။ ကပ္ေရာဂါေၾကာင့္ ရိုက္ကြင္းေတြ ခဏရပ္ထား ရတဲ့အခ်ိန္မွာ မိသားစု စားဝတ္ေနေရး အတြက္ကို မုန႔္ဟင္းခါး ေရာင္းေနခဲ့ၿပီး

ခ်စ္ခင္သူေတြ ကေတာ့ အလႉပြဲေတြ အတြက္ မွာယူ အားေပးၾကပါ တယ္။ မိသားစု ဝင္ေတြမ်ားတာေၾကာင့္ ပိုၿပီး႐ုန္းက ေနခဲ့ရသူ တစ္ေယာက္ပါ။ သဒၵါစိတ္ဆိုတာ လည္း တကယ္ကို အံ့ၾသဖို႔ေကာင္းပါတယ္။ ကိုယ့္အတြက္ တစ္ခုမွမက်န္ေအာင္လႉနိုင္တဲ့ အထိကို သဒၵါေပါက္တဲ့ သူေတြထဲမွာ ရဲေလးမလည္း အပါအဝင္ ျဖစ္ခဲ့ပါတယ္။

ဒီေန႕အတြက္ သူ႕ရဲ႕အလႉေလး အေၾကာင္းကို ” အဖိုးကလည္း မ်က္စိမျမင္ဘူး အဖြားကလည္းမ်က္လုံး တစ္ဖက္မရွိဘူး ေနပူက်ဲက်ဲမွာ ဘဝဝမ္းေရး အတြက္ ေတာင္းေနရရွာတယ္ အိတ္ထဲမွာရွိတဲ့ 3000 အကုန္လႈခဲ့တယ္ သနားတဲ့စိတ္စာနာတဲ့ စိတ္ေတနဲ႕ ေကာင္းမူတစ္ခုကို ကုသိုလ္ေလးအရင္းျပဳၿပီး

ခုႏွစ္ရက္သားသမီးကိုယ္စားျပဳၿပီးဒါနေလးပါေနာ္ သာဓုေခၚေပးပါလို႔ေနာ္ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ (Source _ Happy– Cele Zone/ Photo  – Ye Lay Ma)

(Unicode verdion) မျက်မြင် အဘိုးအဘွား နှစ်ယောက်ကို လက်ထဲရှိသမျှ ငွေတွေ အကုန်လှူတန်းခဲ့တဲ့ သရုပ်ဆောင် ရဲလေးမ

” မရှိလို့မလှူ မလှူလို့မရှိ ” ဆိုတဲ့ စကားလေးဟာ တကယ်ကို တန်ဖိုးရှိပါတယ်။ လှူတန်း တယ်ဆိုတာလည်း အများကြီး လှူတန်းမှ အလှူဟာဖြစ် မြောက်တာ မဟုတ်ပါဘူး။ ကိုယ့်မှာရှိသလောက်ထဲက တတ်နိုင်သမျှ ခွဲဝေပြီး လှူတန်းတာလည်း အလှူပါပဲ။ ထားတတ်တဲ့စိတ်ရှိရင် မြတ်ကိုမြတ်ပါတယ်။ ဒီနေ့မှာတော့ ရဲလေးမ

တစ်ယောက် ကိုယ်တိုင်လည်း အခက်အခဲတွေ ကြားမှာ ရုန်းကန် နေရသူဖြစ်ပေမယ့် ကိုယ့်ထက်အခြေအနေဆိုးတဲ့ အဘိုးနဲ့အဘွားကို အိမ်မှာရှိသမျှပိုက်ဆံတွေ အကုန်လှူတန်း ခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ရိုက်ကွင်းတွေ ခဏရပ်ထား ရတဲ့အချိန်မှာ မိသားစု စားဝတ်နေရေး အတွက်ကို မုန့်ဟင်းခါး ရောင်းနေခဲ့ပြီး

ချစ်ခင်သူတွေ ကတော့ အလှူပွဲတွေ အတွက် မှာယူ အားပေးကြပါ တယ်။ မိသားစု ဝင်တွေများတာကြောင့် ပိုပြီးရုန်းက နေခဲ့ရသူ တစ်ယောက်ပါ။ သဒ္ဒါစိတ်ဆိုတာ လည်း တကယ်ကို အံ့သြဖို့ကောင်းပါတယ်။ ကိုယ့်အတွက် တစ်ခုမှမကျန်အောင်လှူနိုင်တဲ့ အထိကို သဒ္ဒါပေါက်တဲ့ သူတွေထဲမှာ ရဲလေးမလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

ဒီနေ့အတွက် သူ့ရဲ့အလှူလေး အကြောင်းကို ” အဖိုးကလည်း မျက်စိမမြင်ဘူး အဖွားကလည်းမျက်လုံး တစ်ဖက်မရှိဘူး နေပူကျဲကျဲမှာ ဘဝဝမ်းရေး အတွက် တောင်းနေရရှာတယ် အိတ်ထဲမှာရှိတဲ့ 3000 အကုန်လှုခဲ့တယ် သနားတဲ့စိတ်စာနာတဲ့ စိတ်တေနဲ့ ကောင်းမူတစ်ခုကို ကုသိုလ်လေးအရင်းပြုပြီး

ခုနှစ်ရက်သားသမီးကိုယ်စားပြုပြီးဒါနလေးပါနော် သာဓုခေါ်ပေးပါလို့နော် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ (Source _ Happy– Cele Zone/ Photo  – Ye Lay Ma