ရႈတင္မွာ ကန္ေတာ့ခံရတာက ဘဝမွာ ပထမဆုံးပဲ ဆိုၿပီး ေျပာျပလာ သ႐ုပ္ေဆာင္ ဘုန္းလွ်ံ

ရႈတင္မွာ ကန္ေတာ့ခံရတာ ဘဝမွာ ပထမဆုံးပဲလို႔ ဆိုလာတဲ့ ဘုန္းလွ်ံ

ဘုန္းလွ်ံဟာ ျဖဴျဖဴေထြးကသူ႕ကို ေၾကာ္ျငာရိုက္ဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ကန္ေတာ့ခံရလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့ဘူးလို႔ ဆိုပါတယ္။

ဘုန္းလွ်ံကေတာ့ သူ႕ရဲ႕ ဘဝမွာ ရႈတင္သြားၿပီး ကန္ေတာ့ခံရတာ ပထမဆုံးျဖစ္လို႔ စိတ္လႈပ္ရွားေနမိတယ္လို႔ ဆိုပါတယ္။ သူဟာ သ႐ုပ္ေဆာင္ ျဖဴျဖဴေထြးနဲ႕ ေၾကာ္ျငာရိုက္ကူးခဲ့တဲ့ အမွတ္တရေတြကို Duwun ကေန ေျပာလာပါတယ္။

“ အစ္ကို အႏုပညာလုပ္တဲ့ တစ္သက္မွာ ကန္ ေတာ့ခံရတာ ပထမဆုံးပဲ။ ကိုယ္ကပဲ အသက္ ႀကီးလာလို႔လား မသိဘူး။ ျဖဴျဖဴေထြးနဲ႕ အစ္ကို ဆိုရင္ အသက္က ၁၈ ႏွစ္ေလာက္ ကြာမယ္ထင္တယ္။ ရႈတင္သြားၿပီးေတာ့ ကန္ေတာ့ ခံရတယ္ ဆိုတာကလည္း အစ္ကို႔ ဘဝမွာ ပထမဆုံးပဲ။ အရင္တုန္းကေတာ့ သူက

သြားၿပီး ကန္ေတာ့ၾကတယ္လို႔ ထင္တာ။ ေနာက္ေတာ့မွ ကိုယ္ေတြကို ကန္ေတာ့မွန္းသိတာ ဆန္ေတြ၊ ဆီေတြ၊ ငါးေသတၱာေတြေရာပါတယ္။ အဲဒါေလးကိုက သူ႕ရဲ႕ စိတ္ကူးပဲ။ သူေပးတဲ့ အရာေလးေတြက ကိုယ့္အတြက္လည္း အသုံးျပဳလို႔ရတဲ့ အရာေလးေတြ၊ အႏုပညာေၾကးဆိုရင္လည္း သူေပးတယ္။ အဲဒီအတြက္ ပီတိျဖစ္တယ္၊

ကိုယ္ေတြရဲ႕ ပီတိေၾကာင့္ သူလည္း ဝမ္းသာရတယ္။ တကယ္ကို စိတ္သေဘာထား ေကာင္းပါတယ္” လို႔ သူက ဆိုပါတယ္။ ဘုန္းလွ်ံဟာ သ ႐ုပ္ေဆာင္ ျဖဴျဖဴေထြး၊ ဆုကဗ်ာ တို႔နဲ႕ အတူ AYA Mobile Banking ေၾကာ္ျငာ ရိုက္ကူးခဲ့တာျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြ ျပန္လည္ လုပ္ကိုင္လာတဲ့ ျပင္ဆင္‌ေနခ်ိန္မွာ ဒီေၾကာ္ျငာေလးက ဘုန္းလွ်ံအတြက္ ပထမဆုံး အႏုပညာလႈပ္ရွားမႈျဖစ္ခဲ့တယ္လို႔ သူက ဆိုပါတယ္။ “ ဒီေန႕ ရိုက္တဲ့ ေၾကာ္ျငာက AYA Mobile Banking 2.0 ဆိုတဲ့ေၾကာ္ျငာကို

အစ္ကိုရယ္၊ ဆုကဗ်ာရယ္၊ ျဖဴျဖဴေထြးရယ္၊ မိုးစက္ရယ္ ေနာက္ထပ္ ေကာင္မေလး တစ္ေယာက္ပါေသးတယ္။ ဒါေတြကို ဇာတ္လမ္းတို သေဘာေလး ရိုက္ေပးရတာေပါ့။ ပထမဆုံးေၾကာ္ျငာရိုက္ရတာဆိုေတာ့ ေပ်ာ္တာေပါ့၊ ျဖဴျဖဴေထြး ကိုယ္တိုင္က အစ္ကို႔ကို လိုလိုလားလား နဲ႕ ကမ္း လွမ္းေပးတာဆိုေတာ့ အရမ္း

ေက်းဇူးတင္ပါတယ္။ ဝမ္းလည္း ဝမ္းသာပါတယ္။ သူနဲ႕ အစ္ကို ခင္တာ ၂ ရက္ပဲ ရွိတာ။ မေန႕ကမွ ေၾကာ္ျငာရိုက္ဖို႔လွမ္းေျပာတာ။ တကယ္ရိုက္ေတာ့လည္း စိတ္ခ်မ္းသာရတယ္” လို႔ ဆိုပါတယ္။ ကိုယ္တိုင္ ဒါရိုက္တာလုပ္၊ ေၾကာ္ျငာတစ္ခုကို ကိုယ္ပိုင္အိုင္ဒီယာေလးနဲ႕

ဖန္တီးနိုင္စြမ္းရွိတဲ့ ျဖဴျဖဴေထြးရဲ႕ အရည္အခ်င္းေတြကိုလည္း ဘုန္းလွ်ံက ခ်ီးက်ဴးစကားဆိုခဲ့ပါေသးတယ္။ “ သူကေလ အိုင္ဒီယာအပိုင္းမွာ စဥ္းစားေတြးေခၚနိုင္တဲ့ အပိုင္းေလးေတြ ရွိတယ္။ အလုပ္အေပၚမွာလည္း ညွာညွာတာတာ၊ ေပါ့ေပါ့ပါးပါးေလးနဲ႕ အကုန္လုံးကို ျမန္ျမန္ဆန္ဆန္ ေလးေတြ သူလုပ္တယ္။

ရႈတင္မွာဆိုရင္လည္း သူနဲ႕ဆို တစ္ခ်ိန္လုံး ရယ္ေနရတယ္။ သူ႕ဖန္တီးနိုင္မႈ ေလးေတြက အရမ္းေကာင္းတယ္။ ဒီ့ထက္ မကလည္း သူ လုပ္နိုင္မယ္လို႔ အစ္ကို ထင္တယ္။ ေနာက္ထပ္လည္း အတူတူရိုက္ဖို႔ ေခၚဦးမယ္လို႔ သူ ေျပာထားတယ္။ သူကလည္း ပြင့္ပြင့္လင္းလင္း သမား၊ အစ္ကိုကလည္း ပြင့္ပြင့္လင္းလင္း

ေနတတ္ေတာ့ ႏွစ္ရွည္လမ်ား ခင္လာၾကသူေတြလိုပဲ တကယ္ကို ခင္သြားၾကပါတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ ဘုန္းလွ်ံဟာ COVID-19 ကာလၿပီးရင္ ႐ုပ္သံဇာတ္လမ္းတြဲ ရိုက္ကူးေတာ့မယ္လို႔ သိရပါတယ္။ ဒါဟာ သူ႕အတြက္ ပထမဆုံး အႀကိမ္ရိုက္ကူးမယ့္ ဇာတ္ လမ္းတြဲျဖစ္တယ္လို႔လည္း သိရပါတယ္။ ဘုန္းလွ်ံကေတာ့ မူးယစ္ေဆးဝါးမႈနဲ႕

ေထာင္ဒဏ္ (၁၂) ႏွစ္က်ခံရမွာ ျဖစ္ေပမယ့္ အ ျပစ္ဒဏ္(၇) ႏွစ္ ေပးဆပ္ၿပီးေနာက္ ၂၀၂၀ခုႏွစ္၊ ႏွစ္ဆန္းတစ္ရက္ ေန႕မွာ နိုင္ငံေတာ္ရဲ႕ လြတ္ၿငိမ္း ခ်မ္းသာခြင့္နဲ႕ ျပန္လည္လြတ္ေျမာက္ လာခဲ့တာ ျဖစ္ပါတယ္။ ေထာင္ထဲမွာ ႏွစ္အၾကာႀကီးေနခဲ့ရတဲ့ သူအတြက္ ဘဝသင္ခန္းစာေတြ အမ်ားႀကီးရခဲ့သလို အေတြ႕အႀကဳံေတြလည္းအမ်ားႀကီးရခဲ့တယ္လို႔ သူက ဆိုပါတယ္။

ဘုန္းလွ်ံကိုေတာ့ ဗီဒီယိုဇာတ္ကား မ်ားစြာထဲမွာ ဒုတိယ မင္းသား တစ္ေယာက္ အေနနဲ႕ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိခဲ့တဲ့ သ႐ုပ္ ေဆာင္ တစ္ေယာက္ ျဖစ္ပါတယ္။

(Unicode version) ရှုတင်မှာ ကန်တော့ခံရတာ ဘဝမှာ ပထမဆုံးပဲလို့ ဆိုလာတဲ့ ဘုန်းလျှံ

ဘုန်းလျှံဟာ ဖြူဖြူထွေးကသူ့ကို ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကန်တော့ခံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ဆိုပါတယ်။

ဘုန်းလျှံကတော့ သူ့ရဲ့ ဘဝမှာ ရှုတင်သွားပြီး ကန်တော့ခံရတာ ပထမဆုံးဖြစ်လို့ စိတ်လှုပ်ရှားနေမိတယ်လို့ ဆိုပါတယ်။ သူဟာ သရုပ်ဆောင် ဖြူဖြူထွေးနဲ့ ကြော်ငြာရိုက်ကူးခဲ့တဲ့ အမှတ်တရတွေကို Duwun ကနေ ပြောလာပါတယ်။

“ အစ်ကို အနုပညာလုပ်တဲ့ တစ်သက်မှာ ကန် တော့ခံရတာ ပထမဆုံးပဲ။ ကိုယ်ကပဲ အသက် ကြီးလာလို့လား မသိဘူး။ ဖြူဖြူထွေးနဲ့ အစ်ကို ဆိုရင် အသက်က ၁၈ နှစ်လောက် ကွာမယ်ထင်တယ်။ ရှုတင်သွားပြီးတော့ ကန်တော့ ခံရတယ် ဆိုတာကလည်း အစ်ကို့ ဘဝမှာ ပထမဆုံးပဲ။ အရင်တုန်းကတော့ သူက

သွားပြီး ကန်တော့ကြတယ်လို့ ထင်တာ။ နောက်တော့မှ ကိုယ်တွေကို ကန်တော့မှန်းသိတာ ဆန်တွေ၊ ဆီတွေ၊ ငါးသေတ္တာတွေရောပါတယ်။ အဲဒါလေးကိုက သူ့ရဲ့ စိတ်ကူးပဲ။ သူပေးတဲ့ အရာလေးတွေက ကိုယ့်အတွက်လည်း အသုံးပြုလို့ရတဲ့ အရာလေးတွေ၊ အနုပညာကြေးဆိုရင်လည်း သူပေးတယ်။ အဲဒီအတွက် ပီတိဖြစ်တယ်၊

ကိုယ်တွေရဲ့ ပီတိကြောင့် သူလည်း ဝမ်းသာရတယ်။ တကယ်ကို စိတ်သဘောထား ကောင်းပါတယ်” လို့ သူက ဆိုပါတယ်။ ဘုန်းလျှံဟာ သ ရုပ်ဆောင် ဖြူဖြူထွေး၊ ဆုကဗျာ တို့နဲ့ အတူ AYA Mobile Banking ကြော်ငြာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတဲ့ ပြင်ဆင်‌နေချိန်မှာ ဒီကြော်ငြာလေးက ဘုန်းလျှံအတွက် ပထမဆုံး အနုပညာလှုပ်ရှားမှုဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။ “ ဒီနေ့ ရိုက်တဲ့ ကြော်ငြာက AYA Mobile Banking 2.0 ဆိုတဲ့ကြော်ငြာကို

အစ်ကိုရယ်၊ ဆုကဗျာရယ်၊ ဖြူဖြူထွေးရယ်၊ မိုးစက်ရယ် နောက်ထပ် ကောင်မလေး တစ်ယောက်ပါသေးတယ်။ ဒါတွေကို ဇာတ်လမ်းတို သဘောလေး ရိုက်ပေးရတာပေါ့။ ပထမဆုံးကြော်ငြာရိုက်ရတာဆိုတော့ ပျော်တာပေါ့၊ ဖြူဖြူထွေး ကိုယ်တိုင်က အစ်ကို့ကို လိုလိုလားလား နဲ့ ကမ်း လှမ်းပေးတာဆိုတော့ အရမ်း

ကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ သူနဲ့ အစ်ကို ခင်တာ ၂ ရက်ပဲ ရှိတာ။ မနေ့ကမှ ကြော်ငြာရိုက်ဖို့လှမ်းပြောတာ။ တကယ်ရိုက်တော့လည်း စိတ်ချမ်းသာရတယ်” လို့ ဆိုပါတယ်။ ကိုယ်တိုင် ဒါရိုက်တာလုပ်၊ ကြော်ငြာတစ်ခုကို ကိုယ်ပိုင်အိုင်ဒီယာလေးနဲ့

ဖန်တီးနိုင်စွမ်းရှိတဲ့ ဖြူဖြူထွေးရဲ့ အရည်အချင်းတွေကိုလည်း ဘုန်းလျှံက ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ “ သူကလေ အိုင်ဒီယာအပိုင်းမှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အပိုင်းလေးတွေ ရှိတယ်။ အလုပ်အပေါ်မှာလည်း ညှာညှာတာတာ၊ ပေါ့ပေါ့ပါးပါးလေးနဲ့ အကုန်လုံးကို မြန်မြန်ဆန်ဆန် လေးတွေ သူလုပ်တယ်။

ရှုတင်မှာဆိုရင်လည်း သူနဲ့ဆို တစ်ချိန်လုံး ရယ်နေရတယ်။ သူ့ဖန်တီးနိုင်မှု လေးတွေက အရမ်းကောင်းတယ်။ ဒီ့ထက် မကလည်း သူ လုပ်နိုင်မယ်လို့ အစ်ကို ထင်တယ်။ နောက်ထပ်လည်း အတူတူရိုက်ဖို့ ခေါ်ဦးမယ်လို့ သူ ပြောထားတယ်။ သူကလည်း ပွင့်ပွင့်လင်းလင်း သမား၊ အစ်ကိုကလည်း ပွင့်ပွင့်လင်းလင်း

နေတတ်တော့ နှစ်ရှည်လများ ခင်လာကြသူတွေလိုပဲ တကယ်ကို ခင်သွားကြပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ ဘုန်းလျှံဟာ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံး အကြိမ်ရိုက်ကူးမယ့် ဇာတ် လမ်းတွဲဖြစ်တယ်လို့လည်း သိရပါတယ်။ ဘုန်းလျှံကတော့ မူးယစ်ဆေးဝါးမှုနဲ့

ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အ ပြစ်ဒဏ်(၇) နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊ နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက် လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။

ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကား များစွာထဲမှာ ဒုတိယ မင်းသား တစ်ယောက် အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ် ဆောင် တစ်ယောက် ဖြစ်ပါတယ်