Follower (၅) သိန်း ပြည့်သွားပြီ ဖြစ်တဲ့ သဇင်ထူးမြင့်လေး
ပရိသတ်တွေရဲ့အချစ်တော် ဟာသလူရွှင်တော် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့် ကတော့ လက်ရှိမှာကိုယ်တိုင်လည်း အနုပညာ အလုပ်တွေကို လုပ် ကိုင်နေတဲ့ သူတစ်ယောက်ပါ။
ဖခင်ဖြစ်သူရဲ့အနုပညာ အမွေတွေကို ဆက်ခံနေတဲ့ မျိုးဆက်သစ် အနုပညာရှင် တစ်ယောက်အနေနဲ့ အနုပညာ လောကမှာ အောင်မြင်မှုတွေစတင် ရရှိနေတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
သဇင်ထူးမြင့်လေးက အနုပညာ အလုပ်တွေကို ဝါသနာ ပါတာကြောင့် ကြိုးကြိုးစားစားလုပ်ကိုင်နေခဲ့ပြီး လက်ရှိမှာ ရုပ်ရှင် ဇာတ်ကားကြီး တွေမှာပါ ပါဝင်ရိုက်ကူးနေရတဲ့ အထိအောင်မြင်မှုတွေရရှိနေပြီပဲဖြစ်ပါတယ်။
အောင်မြင်မှုတွေ ရရှိလာတာနဲ့အမျှ အားပေးတဲ့ ပရိသတ် တွေကလည်း အများအပြား ရှိနေခဲ့ပြီး လတ်တလောမှာ Facebook မှာ Follower (၅) သိန်းအထိရှိနေခဲ့ပါတယ်။
သဇင်ထူးမြင့်လေးကတော့ အချိန်တိုတိုအတွင်းမှာ Follower (၅)သိန်းပြည့်ခဲ့တဲ့ အထိ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို တဟုန်ထိုးရရှိနေတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးတွေထဲမှာရော သဇင်ထူးမြင့်လေးကို အားပေးတဲ့ သဇင်ထူးမြင့်ရဲ့ အမာခံပရိသတ်တွေရှိကြလား။ Source – ThaZin Htoo Myint / CeleGaba