ပရိသတ္ေတြၾကား ေရပန္းစားေနတဲ့ ျမန္မာအိုင္ေဒါစတား ၿဖိဳးျမတ္ေအာင္ရဲ႕ ပိုက္ကြန္ငယ္” သီ ခ်င္းသစ္-(႐ုပ္သံ)

ပရိသတ္ေတြၾကား ေရပန္းစားေနတဲ့ ျမန္မာအိုင္ေဒါစတား ၿဖိဳးျမတ္ေအာင္ရဲ႕ ပိုက္ကြန္ငယ္” သီ ခ်င္းသစ္-(႐ုပ္သံ)

ျမန္မာအိုင္ေဒါစတား ၿဖိဳးျမတ္ေအာင္သီခ်င္းသစ္-“ပိုက္ကြန္ငယ္” (႐ုပ္သံဖိုင္ကို ေအာက္တြင္ၾကည့္ရႈပါရန္)

ျမန္မာအိုင္ေဒါစတား အဆိုေတာ္ ၿဖိဳးျမတ္ေအာင္သီဆိုထားတဲ့ သီခ်င္းသစ္တပုဒ္ ဟာ ထြက္ရွိခဲ့ၿပီး ရက္ပိုင္းအတြင္းမွာတင္ ပရိသတ္ေတြၾကား ေရပန္းစားေနခဲ့ပါတယ္။

“ပိုက္ကြန္ငယ္”လို႔ အမည္ေပးထားတဲ့ ဒီသီခ်င္းကိုေတာ့ ေတးေရး ထုံႀကီးက ေရးစပ္ေပးထားခဲ့တာ ျဖစ္ပါတယ္။

“သန္းေခါင္ယံ မသိစိတ္စိတ္ ေၾကးမုံျပင္ေပၚတြင္… ပုံရိပ္ေလးတခုထြန္းလင္း… အာ႐ုံတိမ္းၫြတ္မူးမယ့္ အဆင္း… ငါခံစားမိခ်စ္ျခင္း… မင္းအၾကည့္မင္းမ်က္လုံး… ဟိုး မင္းရဲ႕အၿပဳံး… ငါ့အေတြးထဲေႏြးေထြးလို႔… ဝိုဝူဝိုး အိုအိုး… ဟိုအရင္အတိတ္ဘဝက ငါ့စြဲ လန္းျခင္း… စိတၱဇေမွာ္႐ုံေျမမွာမင္း… ဝို ဝိုး အိုးဟို… တေန႕လက္ေတြ႕ဘဝထဲ… မင္းနဲ႕ ေတြ႕နိုင္ခြင့္… ဆုေတာင္းတယ္ဟန္ေန… ဟန္ေန”

ဟသၤာတၿမိဳ႕ဇာတိ အသက္ ၂၈ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ အဆိုေတာ္ ၿဖိဳးျမတ္ ေအာင္ဟာ ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲ Season 3 မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး Winner ဆု ရရွိခဲ့ၿပီး ပရိသတ္ေတြ ခ်စ္ခင္အားေပးတဲ့ အႏုပညာရွင္တေယာက္ ျဖစ္ပါ တယ္။

ၿပိဳင္ပြဲမတိုင္ခင္ ကတည္က သူသီဆိုထားခဲ့တဲ့ ငါတို႔ရဲ႕ General သီခ်င္းဟာလည္း ထင္ရွားၿပီး ၿပိဳင္ပြဲဝင္ၿပီးေနာက္မွာေတာ့ သူ႕ကို ၿဖိဳးျမတ္ေအာင္လို႔ သိေစခဲ့တဲ့ သီခ်င္းတ ပုဒ္ ျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာေတာ့ ၿဖိဳးျမတ္ေအာင္ရဲ႕ ပထမဆုံးေသာ တကိုယ္ေတာ္ ေတးအယ္လ္ဘမ္ “သင့္အတြက္မနက္ျဖန္”ထြက္ရွိထားခဲ့ၿပီး ထြက္ထြက္ခ်င္း နာရီပိုင္းအတြင္းမွာတင္ ေရာင္းမေလာက္ျဖစ္ခဲ့ပါတယ္။

လတ္တေလာမွာေတာ့ သီခ်င္းဆိုတာအျပင္ စီးပြားေရးေၾကာ္ျငာ ရိုက္ကူးတာေတြ၊ ရွိုးပြဲေတြမွာ သီဆိုရင္း အႏုပညာလႈပ္ရွားမႈေတြ လုပ္ေဆာင္ေနခဲ့တာ ျဖစ္ပါတယ္။

ျမန္မာအိုင္ေဒါၿပိဳင္ပြဲတေလွ်ာက္ အားေပးမႈေတြ အခိုင္အမာရရွိထားတဲ့ ၿဖိဳးျမတ္ေအာင္ရဲ႕ ေဖ့စ္ဘြတ္ခ္ အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာေတာ့ အားေပးၾကတဲ့ ပရိသတ္ (Followers) ၆ သိန္းနီးပါး ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

“ငါအိပ္ေမာက်တိဳင္းမွာအလည္လာၿပီး… ျပန္ထြက္မသြားနဲ႕မိန္းကေလး… အခ်ိန္ မွန္မိုးေသာက္တဲ့အခါမင္း… အလိုလိုညင္သာစြာကြယ္ေပ်ာက္ရင္း… ဝိုဝူဝိုး အိုအိုး… ဟို အရင္အတိတ္ဘဝကငါ့စြဲလန္းျခင္း… ငါ့ညဒဏၰာရီမွာမင္း… ဝို ဝိုး အိုးဟို… တေန႕ လက္ေတြ႕ဘဝထဲ… မင္းနဲ႕ေတြ႕နိုင္ခြင့္… ဆုေတာင္းတယ္ဟန္ေန… ဟန္ေန”

ခုလတ္တေလာ အသစ္ထြက္ရွိထားတဲ့ “ပိုက္ကြန္ငယ္”သီခ်င္းျမဴးဇစ္ဗြီဒီယို ထဲမွာ ေတာ့ ၿဖိဳးျမတ္ေအာင္ကိုယ္တိုင္ ပါဝင္သ႐ုပ္ေဆာင္ထားခဲ့တာျဖစ္ၿပီး Doron Band ရဲ႕ တီးခတ္မႈနဲ႕အတူ ေမာ္ဒယ္လ္ ေမႏွင္းက ပါဝင္သ႐ုပ္ေဆာင္ထားခဲ့တာ ျဖစ္ပါတယ္။

ပရိသတ်တွေကြား ရေပန်းစားနေတဲ့ မြန်မာအိုင်ဒေါစတား ဖြိုးမြတ်အောင်ရဲ့ ပိုက်ကွန်ငယ်” သီ ချင်းသစ်-(ရုပ်သံ)

မြန်မာအိုင်ဒေါစတား ဖြိုးမြတ်အောင်သီချင်းသစ်-“ပိုက်ကွန်ငယ်” (ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

မြန်မာအိုင်ဒေါစတား အဆိုတော် ဖြိုးမြတ်အောင်သီဆိုထားတဲ့ သီချင်းသစ်တပုဒ် ဟာ ထွက်ရှိခဲ့ပြီး ရက်ပိုင်းအတွင်းမှာတင် ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။

“ပိုက်ကွန်ငယ်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ထုံကြီးက ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။

“သန်းခေါင်ယံ မသိစိတ်စိတ် ကြေးမုံပြင်ပေါ်တွင်… ပုံရိပ်လေးတခုထွန်းလင်း… အာရုံတိမ်းညွတ်မူးမယ့် အဆင်း… ငါခံစားမိချစ်ခြင်း… မင်းအကြည့်မင်းမျက်လုံး… ဟိုး မင်းရဲ့အပြုံး… ငါ့အတွေးထဲနွေးထွေးလို့… ဝိုဝူဝိုး အိုအိုး… ဟိုအရင်အတိတ်ဘဝက ငါ့စွဲ လန်းခြင်း… စိတ္တဇမှော်ရုံမြေမှာမင်း… ဝို ဝိုး အိုးဟို… တနေ့လက်တွေ့ဘဝထဲ… မင်းနဲ့ တွေ့နိုင်ခွင့်… ဆုတောင်းတယ်ဟန်နေ… ဟန်နေ”

ဟင်္သာတမြို့ဇာတိ အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် ဖြိုးမြတ် အောင်ဟာ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆု ရရှိခဲ့ပြီး ပရိသတ်တွေ ချစ်ခင်အားပေးတဲ့ အနုပညာရှင်တယောက် ဖြစ်ပါ တယ်။

ပြိုင်ပွဲမတိုင်ခင် ကတည်က သူသီဆိုထားခဲ့တဲ့ ငါတို့ရဲ့ General သီချင်းဟာလည်း ထင်ရှားပြီး ပြိုင်ပွဲဝင်ပြီးနောက်မှာတော့ သူ့ကို ဖြိုးမြတ်အောင်လို့ သိစေခဲ့တဲ့ သီချင်းတ ပုဒ် ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ဖြိုးမြတ်အောင်ရဲ့ ပထမဆုံးသော တကိုယ်တော် တေးအယ်လ်ဘမ် “သင့်အတွက်မနက်ဖြန်”ထွက်ရှိထားခဲ့ပြီး ထွက်ထွက်ချင်း နာရီပိုင်းအတွင်းမှာတင် ရောင်းမလောက်ဖြစ်ခဲ့ပါတယ်။

လတ်တလောမှာတော့ သီချင်းဆိုတာအပြင် စီးပွားရေးကြော်ငြာ ရိုက်ကူးတာတွေ၊ ရှိုးပွဲတွေမှာ သီဆိုရင်း အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

မြန်မာအိုင်ဒေါပြိုင်ပွဲတလျှောက် အားပေးမှုတွေ အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ အားပေးကြတဲ့ ပရိသတ် (Followers) ၆ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

“ငါအိပ်မောကျတိုင်းမှာအလည်လာပြီး… ပြန်ထွက်မသွားနဲ့မိန်းကလေး… အချိန် မှန်မိုးသောက်တဲ့အခါမင်း… အလိုလိုညင်သာစွာကွယ်ပျောက်ရင်း… ဝိုဝူဝိုး အိုအိုး… ဟို အရင်အတိတ်ဘဝကငါ့စွဲလန်းခြင်း… ငါ့ညဒဏ္ဏာရီမှာမင်း… ဝို ဝိုး အိုးဟို… တနေ့ လက်တွေ့ဘဝထဲ… မင်းနဲ့တွေ့နိုင်ခွင့်… ဆုတောင်းတယ်ဟန်နေ… ဟန်နေ”

ခုလတ်တလော အသစ်ထွက်ရှိထားတဲ့ “ပိုက်ကွန်ငယ်”သီချင်းမြူးဇစ်ဗွီဒီယို ထဲမှာ တော့ ဖြိုးမြတ်အောင်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး Doron Band ရဲ့ တီးခတ်မှုနဲ့အတူ မော်ဒယ်လ် မေနှင်းက ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။