ေက်ာ္ထြဋ္ေဆြရဲ့အခ်စ္ေတြေၾကာင့္ ေပ်ာ္မဆုံးျဖစ္ၿပီး တစ္ေန႔တျခား ပိုလွလာတဲ့ နန္းသူဇာ

ေက်ာ္ထြဋ္ေဆြရဲ့အခ်စ္ေတြေၾကာင့္ ေပ်ာ္မဆုံးျဖစ္ၿပီး တစ္ေန႔တျခား ပိုလွလာတဲ့ နန္းသူဇာ

ခ်စ္သက္တမ္း ကိုးႏွစ္ေက်ာ္လာခဲ့ ၿပီျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔ နန္းသူဇာ တို့ႏွစ္ေယာက္သား အခ်ိန္ေတြပိုၾကာေလ သံေယာဇဥ္ေတြ ပိုခိုင္ျမဲေလမို့ တစ္ေယာက္နဲ႔တစ္ေယာက္ တြဲလက္ေတြ ျမဲျမဲခိုင္ခဲ့တာ အားက်စရာပါ။ ခ်စ္ခဲ့ၾကတဲ့ သက္တမ္းဟာလည္း အတိုင္းအတာတစ္ခုထိ

ၾကာျမင့္ခဲ့ၿပီမို့ ပရိသတ္ေတြကလည္း ဒီစုံတြဲေလးကို ဇနီးေမာင္ႏွံအျဖစ္နဲ႔ ျမင္ေတြ႕ခ်င္ၾကပါၿပီ။ အဆိုေတာ္နဲ႔ ေမာ္ဒယ္တို့ႏွစ္ေယာက္သားရဲ့ ခ်စ္ဇာတ္လမ္းေလး ဟာ ၾကည္ၾကည္ႏူးႏူးနဲ႔ ေရွ႕ဆက္ေနဆဲျဖစ္ပါတယ္။ မိန္းကေလးတစ္ေယာက္ရဲ့ ေပ်ာ္ရႊင္ျခင္းနဲ႔ လွပျခင္းေတြဟာ

သူမရဲ့ခ်စ္သူအမ်ိဳးသားအေပၚမွာ အမ်ားႀကီးမူတည္ေနပါတယ္။ နန္းသူဇာေလး တစ္ေန႔တျခား ပိုပိုၿပီးလွလာရတဲ့ အေၾကာင္းအရင္းကေတာ့ ကိုေက်ာ္ႀကီးရဲ့ ေမတၱာေတြေၾကာင့္ဆိုတာ အေသအခ်ာပါပဲ။ ျမန္မာဝတ္စုံ ေနဗီျပာေရာင္ေလးနဲ႔ လွခ်င္တိုင္းလွေနတဲ့ နန္းသူဇာေလးက

သူမရဲ့ခ်စ္စရာပုံရိပ္ ေလးေတြကို လူမွုကြန္ရက္မွာ ေဝမၽွလိုက္ပါၿပီ။ ခ်စ္သူရဲ့ ဂ႐ုစိုက္ ၾကင္နာမွုေတြနဲ႔ စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ စိတ္ေပ်ာ္ရႊင္ရၿပီး မ်က္ႏွာေလးက အျမဲတမ္းျပဳံးေနနိုင္တာ တကယ္ကို အားက်စရာပါပဲ။ Happy – Cele Zone Photo – Nann Thuza

(unicode version)

ကျော်ထွဋ်ဆွေရဲ့အချစ်တွေကြောင့် ပျော်မဆုံးဖြစ်ပြီး တစ်နေ့တခြား ပိုလှလာတဲ့ နန်းသူဇာ

ချစ်သက်တမ်း ကိုးနှစ်ကျော်လာခဲ့ ပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ တို့နှစ်ယောက်သား အချိန်တွေပိုကြာလေ သံယောဇဉ်တွေ ပိုခိုင်မြဲလေမို့ တစ်ယောက်နဲ့တစ်ယောက် တွဲလက်တွေ မြဲမြဲခိုင်ခဲ့တာ အားကျစရာပါ။ ချစ်ခဲ့ကြတဲ့ သက်တမ်းဟာလည်း အတိုင်းအတာတစ်ခုထိ

ကြာမြင့်ခဲ့ပြီမို့ ပရိသတ်တွေကလည်း ဒီစုံတွဲလေးကို ဇနီးမောင်နှံအဖြစ်နဲ့ မြင်တွေ့ချင်ကြပါပြီ။ အဆိုတော်နဲ့ မော်ဒယ်တို့နှစ်ယောက်သားရဲ့ ချစ်ဇာတ်လမ်းလေး ဟာ ကြည်ကြည်နူးနူးနဲ့ ရှေ့ဆက်နေဆဲဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းနဲ့ လှပခြင်းတွေဟာ

သူမရဲ့ချစ်သူအမျိုးသားအပေါ်မှာ အများကြီးမူတည်နေပါတယ်။ နန်းသူဇာလေး တစ်နေ့တခြား ပိုပိုပြီးလှလာရတဲ့ အကြောင်းအရင်းကတော့ ကိုကျော်ကြီးရဲ့ မေတ္တာတွေကြောင့်ဆိုတာ အသေအချာပါပဲ။ မြန်မာဝတ်စုံ နေဗီပြာရောင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ နန်းသူဇာလေးက

သူမရဲ့ချစ်စရာပုံရိပ် လေးတွေကို လူမှုကွန်ရက်မှာ ဝေမျှလိုက်ပါပြီ။ ချစ်သူရဲ့ ဂရုစိုက် ကြင်နာမှုတွေနဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် စိတ်ပျော်ရွှင်ရပြီး မျက်နှာလေးက အမြဲတမ်းပြုံးနေနိုင်တာ တကယ်ကို အားကျစရာပါပဲ။ Happy – Cele Zone Photo – Nann Thuzar