အသက္(၆၀) မွာ သာသနာ့ေဘာင္ထဲဝင္မယ္ဆိုတဲ့ ဒါရိုက္တာၾကည္ျဖဴသၽွင္

ဒါရိုက္တာ ၾကည္ျဖဴသၽွင္ဟာ အႏုပညာအလုပ္ကို စြန႔္လႊတ္ၿပီး သာသနာ့ေဘာင္ထဲ ဝင္ေတာ့မယ္လို့ ဆိုပါတယ္။

အာင္ျမင္မွုေတြ ပိုင္ဆိုင္ထားတဲ့ ဒါရိုက္တာၾကည္ျဖဴသၽွင္ကေတာ့ အႏုပညာ အလုပ္ေတြ စြန႔္လႊတ္ၿပီးသာသနာ့ေဘာင္ ထဲအၿပီးတိုင္ ဝင္ေရာက္ဖို့ ဆုံးျဖတ္ခ်က္ ခ်လိုက္ပါၿပီ။အသက္ (၅၅) ႏွစ္မွာ ဒါရိုက္တာ အလုပ္ေတြ မလုပ္ေတာ့ဘူးလို့ ဆိုလာပါတယ္။

“ကၽြန္မရဲ့ ဆုံးျဖတ္ခ်က္ကေတာ့ အသက္(၅၅) ႏွစ္အထိပဲ ဒါရိုက္တာအလုပ္ ကိုလုပ္မယ္။ အသက္ (၅၅) ႏွစ္ ကေန (၆၀) ႏွစ္ အထိ အမ်ားနဲ႔သက္ဆိုင္ေသာ လူမွုေရး ပရဟိတကိစၥေတြ နိုင္သေလာက္ လုပ္ မယ္။ အသက္(၆၀) ျပည့္တာနဲ႔ ကိုယ့္ကိုကိုယ္ ေလာကီပင္စင္

အျပည့္ေပးၿပီး သံသရာခရီးတိုဖို့ႀကိဳးစားအားထုတ္ပါမည္။ (လူဆိုသည္မွာ ဘယ္ေန႔ေသမလဲဆိုတာမသိနိုင္၍ ခုအရြယ္မွာလဲပုံမွန္(၁) ႏွစ္(၃)ႀကိမ္ တရားစခန္းဝင္ရင္း ၊ ေန႔စဥ္လည္း ရေလာက္ အားထုတ္သြားရပါမည္။) အသက္(၄၄) ႏွစ္(၆)လအေတြး…. ၾကည္ျဖဴသၽွင္” ဆိုၿပီးေတာ့

ဇူလိုင္လ ၁၂ ရက္ေန႔ မနက္ပိုင္းက သူ႔ရဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာ ျဖစ္ပါတယ္။ဒါရိုက္တာ ၾကည္ျဖဴသၽွင္ ဟာ အခုဆိုရင္ အသက္ (၄၄) ႏွစ္ေက်ာ္လာၿပီျဖစ္ပါတယ္။ သူမက ဆရာေတာ္ ဥဴးကိတၱိသာရ( သ႐ုပ္ေဆာင္ ေက်ာ္ဟိန္း) ကို အတုယူနိုင္ဖို့ ေတြးရင္း

အခုလို ဆုံးျဖတ္ခ်က္ ခ်လိုက္တာလို့ ဆိုပါတယ္။အေၾကာင္း အတုယူနိုင္ဖို့ေတြးမိရင္း ကၽြန္မကေတာ့ အပ်ိဳႀကီးျဖစ္ေနတဲ့အတြက္ကံေကာင္းစြာျဖင့္ အခက္ဆုံးႀကိဳးကို ျဖတ္ဖို့ မလိုေတာ့ပါဘူး” ဆိုၿပီးေတာ့ ဆက္လက္ ေရးသားခဲ့ပါတယ္။ ဒါရိုက္တာ ၾကည္ျဖဴသၽွင္ဟာ

၁၉၉၇ ခုႏွစ္ကတည္းက အႏုပညာေလာကထဲမွာ ဒါရိုက္တာ တစ္ေယာက္အျဖစ္ရပ္တည္လာခဲ့တာျဖစ္ပါတယ္။ သူဟာ ကိုယ္တိုင္ ဇာတ္ညႊန္းလည္းေရးသလို ဒါရိုက္တာအျဖစ္ ႐ုပ္ရွင္ကားႀကီး၊ ဗီဒီယို ဇာတ္ကားေတြ ရိုက္ကူးထားတာ ေတြ႕ရပါတယ္။

ဂ်ပန္- ျမန္မာ ခ်စ္ၾကည္ေရးအျဖစ္ ရိုက္ကူးထားတဲ့ “ဇာတိေျမ” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ့ ဖန္တီးသူ တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး

(unicode version)

ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အနုပညာအလုပ်ကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ထဲ ဝင်တော့မယ်လို့ ဆိုပါတယ်။

အာင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာကြည်ဖြူသျှင်ကတော့ အနုပညာ အလုပ်တွေ စွန့်လွှတ်ပြီးသာသနာ့ဘောင် ထဲအပြီးတိုင် ဝင်ရောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။အသက် (၅၅) နှစ်မှာ ဒါရိုက်တာ အလုပ်တွေ မလုပ်တော့ဘူးလို့ ဆိုလာပါတယ်။

“ကျွန်မရဲ့ ဆုံးဖြတ်ချက်ကတော့ အသက်(၅၅) နှစ်အထိပဲ ဒါရိုက်တာအလုပ် ကိုလုပ်မယ်။ အသက် (၅၅) နှစ် ကနေ (၆၀) နှစ် အထိ အများနဲ့သက်ဆိုင်သော လူမှုရေး ပရဟိတကိစ္စတွေ နိုင်သလောက် လုပ် မယ်။ အသက်(၆၀) ပြည့်တာနဲ့ ကိုယ့်ကိုကိုယ် လောကီပင်စင်

အပြည့်ပေးပြီး သံသရာခရီးတိုဖို့ကြိုးစားအားထုတ်ပါမည်။ (လူဆိုသည်မှာ ဘယ်နေ့သေမလဲဆိုတာမသိနိုင်၍ ခုအရွယ်မှာလဲပုံမှန်(၁) နှစ်(၃)ကြိမ် တရားစခန်းဝင်ရင်း ၊ နေ့စဉ်လည်း ရလောက် အားထုတ်သွားရပါမည်။) အသက်(၄၄) နှစ်(၆)လအတွေး…. ကြည်ဖြူသျှင်” ဆိုပြီးတော့

ဇူလိုင်လ ၁၂ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ဒါရိုက်တာ ကြည်ဖြူသျှင် ဟာ အခုဆိုရင် အသက် (၄၄) နှစ်ကျော်လာပြီဖြစ်ပါတယ်။ သူမက ဆရာတော် ဥူးကိတ္တိသာရ( သရုပ်ဆောင် ကျော်ဟိန်း) ကို အတုယူနိုင်ဖို့ တွေးရင်း

အခုလို ဆုံးဖြတ်ချက် ချလိုက်တာလို့ ဆိုပါတယ်။အကြောင်း အတုယူနိုင်ဖို့တွေးမိရင်း ကျွန်မကတော့ အပျိုကြီးဖြစ်နေတဲ့အတွက်ကံကောင်းစွာဖြင့် အခက်ဆုံးကြိုးကို ဖြတ်ဖို့ မလိုတော့ပါဘူး” ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ

၁၉၉၇ ခုနှစ်ကတည်းက အနုပညာလောကထဲမှာ ဒါရိုက်တာ တစ်ယောက်အဖြစ်ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုယ်တိုင် ဇာတ်ညွှန်းလည်းရေးသလို ဒါရိုက်တာအဖြစ် ရုပ်ရှင်ကားကြီး၊ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။

ဂျပန်- မြန်မာ ချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖန်တီးသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

source- Duwun Cele YatKwat