ဟာသ လူ႐ႊင္ေတာ္ႀကီး ဦးမန္းဝင္းနဲ႕ ေတြ႕တိုင္း မ်က္ရည္ထြက္ မတတ္ ရီေမာရတာ ခုေတာ့ ရီ၍ မ်က္ ရည္ မထြက္ေတာ့ဘဲလြမ္းဆြတ္ ဆိုနင့္ရသည့္ မ်က္ရည္စမ်ား ၾကလာမိတယ္ ဆိုတဲ့ ဦးေက်ာ္သူ

သူ႕ ကိုေတြ႕ရင္ မေနနိုင္။ သူ နဲ႕ဆုံတိုင္း မေအာင့္နိုင္။ သူ နဲ႕ စင္ေပၚ အတူတက္ရရင္ ကြၽန္ေတာ္က ပရိတ္ သတ္ျဖစ္ၿပီး သ႐ုပ္မေဆာင္ နိုင္ေတာ့။

သူ နဲ႕႐ုပ္ရွင္ရိုက္ရင္ ကိုယ့္စိတ္ကို အေတာ္ထိမ္းခ်ဳပ္ ထားရတဲ့ သူ။ သူ နဲ႕ေတြ႕တိုင္း မေအာင့္နိုင္၊ မထိမ္းနိုင္ ဟက္ဟက္ပက္ပက္

အူတက္မတတ္ မ်က္ရည္ ထြက္မတတ္ ရီေမာမိတဲ့ ကြၽန္ေတာ္။ “သူ” ဆိုတဲ့ ဟာသသ႐ုပ္ေဆာင္၊ဟာသဝိဇၨာႀကီး လူ႐ႊင္ေတာ္ႀကီး “ဦး မန္းဝင္း”

ဒီေန႕ ဒီအခ်ိန္ (၁၃-၇-၂၀၂၀ / နံနက္ ၁၀:၀၀နာရီ) ပင္လုံေဆး႐ုံ အေအးခန္းမွာ ျပန္ဆုံေတြ႕တဲ့အခါမွာေတာ့ အူတက္မတတ္ မရီနိုင္ေတာ့ေပ။

ရီ၍ မ်က္ရည္ မထြက္ေတာ့ဘဲ ရင္ထဲက လြမ္း ဆြတ္ ဆို႔နင့္ရသည့္ မ်က္ရည္စမ်ားသာ က်လာမိပါေတာ့သည္။ ကာယကံ၊ ဝဇီကံ၊ မေနာကံ

တို႔ႏွင့္ လြန္က်ဴးခဲ့ပါက ေရာက္ရာ ဘုံဌာနမွ ခြင့္ လႊတ္ပါရန္။ ေကာင္းရာ သုဂတိ လားပါေစဟု ကြၽန္ေတာ္ ျပဳခဲ့သမွ် ေကာင္းမႈ အစုစုကို

အမွ် အမွ် အမွ်ေပးေဝငွပါတယ္ ဦးမန္းဝင္း ခင္ ဗ်ား။ က်ီစုသုႆန္ (၁၅-၇-၂၀၂၀) ဗုဒၶဟူးေန႕ ေန႕လည္ (၁:၀၀) တြင္ နာေရး အခန္းအနားကို ျပဳ လုပ္ပါမည္။ (ေက်ာ္သူ (ခ) ေမာင္ေမာင္)

(unicode version) သူ့ ကိုတွေ့ရင် မနေနိုင်။ သူ နဲ့ဆုံတိုင်း မအောင့်နိုင်။ သူ နဲ့ စင်ပေါ် အတူတက်ရရင် ကျွန်တော်က ပရိတ်သတ်ဖြစ်ပြီး သရုပ်မဆောင် နိုင်တော့။

သူ နဲ့ရုပ်ရှင်ရိုက်ရင် ကိုယ့်စိတ်ကို အတော်ထိမ်းချုပ် ထားရတဲ့ သူ။ သူ နဲ့တွေ့တိုင်း မအောင့်နိုင်၊ မထိမ်းနိုင် ဟက်ဟက်ပက်ပက်

အူတက်မတတ် မျက်ရည် ထွက်မတတ် ရီမောမိတဲ့ ကျွန်တော်။ “သူ” ဆိုတဲ့ ဟာသသရုပ်ဆောင်၊ဟာသဝိဇ္ဇာကြီး လူရွှင်တော်ကြီး “ဦး မန်းဝင်း”

ဒီနေ့ ဒီအချိန် (၁၃-၇-၂၀၂၀ / နံနက် ၁၀:၀၀နာရီ) ပင်လုံဆေးရုံ အအေးခန်းမှာ ပြန်ဆုံတွေ့တဲ့အခါမှာတော့ အူတက်မတတ် မရီနိုင်တော့ပေ။

ရီ၍ မျက်ရည် မထွက်တော့ဘဲ ရင်ထဲက လွမ်း ဆွတ် ဆို့နင့်ရသည့် မျက်ရည်စများသာ ကျလာမိပါတော့သည်။ ကာယကံ၊ ဝဇီကံ၊ မနောကံ

တို့နှင့် လွန်ကျူးခဲ့ပါက ရောက်ရာ ဘုံဌာနမှ ခွင့် လွှတ်ပါရန်။ ကောင်းရာ သုဂတိ လားပါစေဟု ကျွန်တော် ပြုခဲ့သမျှ ကောင်းမှု အစုစုကို

အမျှ အမျှ အမျှပေးဝေငှပါတယ် ဦးမန်းဝင်း ခင် ဗျား။ ကျီစုသုဿန် (၁၅-၇-၂၀၂၀) ဗုဒ္ဓဟူးနေ့ နေ့လည် (၁:၀၀) တွင် နာရေး အခန်းအနားကို ပြု လုပ်ပါမည်။ (ကျော်သူ (ခ) မောင်မောင်