လူပေါင်း ရာကျော် သေဆုံးခဲ့သည့် ဖားကန့်  ဝေခါမှာ နောက်ထပ် မြေပြို မှုထပ်မံဖြစ်ပွား
(Unicode version)
ရေမဆေးကျောက်ရှာဖွေသူ လူပေါင်းရာကျော်သေဆုံးခဲ့ရသော ဖားကန့် ဝှေခါမှော် မြေပြိုကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာ နေရာအနီး၌ ထပ်မံမြေပြိုကျမှုဖြစ်ပွား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ လခူးချောင်မှ ဇူလိုင် ၂ ရက်နေ့က ကျောက်မျက်လုပ်ကွက်များ တူးဖော်ထားရစ်ခဲ့သည့် ရေအိုင်ဘက်သို့ ကျင်းကမ်းပါး မြေပြိုခဲ့ရာနေရာ
အနီး အထက်ပိုင်းကျသည့်မြေမှန်နေရာတွင် ယမန်နေ့ည ၁၁ နာရီခန့်က ခကျန်နှင့် လခူးချောင် ဘက်မှ အမြင့်(၅၀၀)ပေ၊ အကျယ် (၄၀)ပေခန့် မြေသားများ ထပ်မံပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုထပ်မံ မြေပြိုကျခဲ့သည့်နေရာ၏အောက်တွင် ယခင်က ကျောက်စိမ်းမင်းကျောက်မျက် တူးဖော်ရေးလုပ်ကွက် လုပ်ကိုင်ခဲ့ဖူးပြီး ယခုမြေပြိုကျမှုကြောင့်
ပျောက်ဆုံးသူများနှင့် အသေအပျောက် မရှိကြောင်းသိရပြီး ခကျန်နှင့် လခူးချောင်တို့ရှိ နေအိမ်များ၊ လမ်းများအားလုံး ဆက်လက်မြေပြိုရာတွင်ပါနိုင်သည့် အနေအထား ရှိနေကြောင်း သိရသည်။
ခကျန်နဲ့ လခူးချောင်က တစ်ကြောလုံး မြေကတစ်ဖက်နိမ့်ဖြစ်နေပြီး အက်ကြောင်းတွေ ထနေတာ၊ ဆက်ပြိုဖို့ရှိတယ်၊ အန္တရာယ်ရှိ အနေအထားပေါ့ဟု လက်ရှိအခြေအနေကို ဝှေခါကျေးရွာမှ ကိုနိုင်ဝင်းရွှေက ပြောသည်။
ဆက်လက်မြေပြိုနိုင်သည့် နေရာများမှ ပြည်သူများအား အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များက နေရာပြောင်းရွှေ့ကြရန်နှင့်သတိပေးတားမြစ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ Crd; PyiMyanmar