ျဖစ္ရပ္မွန္ ေက်ာက္ေမာင္ႏွမသမိုင္း ဇြဲကပင္ေျမ မွ ကရင္ ေမာင္ႏွမ ႏွစ္ဦး၏ သမိုင္းပုံျပင္

ျဖစ္ရပ္မွန္ ေက်ာက္ေမာင္ႏွမသမိုင္း ဇြဲကပင္ေျမ မွ ကရင္ ေမာင္ႏွမ ႏွစ္ဦး၏ သမိုင္းပုံျပင္

ကရင္ျပည္နယ္ ဘားအံၿမိဳ့ရွိ အလြန္ပင္ ထင္ရွားေသာ ဇြဲကပင္ေတာင္ သည္ ထူးဆန္းေသာ ပုံျပင္ေလး တစ္ပုံရွိခဲ့ပါတယ္…ဒီပုံျပင္ေလးသည္ဇြဲကပင္ေတာင္ႀကီး ကို တိုင္တည္လို့ ႐ုပ္ပုံထင္ရွား ဇြဲကပင္ေတာင္တန္းမွာ မိကြဲဖကြဲ ပေထြးႏွိပ္စက္မူ ျဖစ္ေလရာဘ၀ဆက္တိုင္း ကင္းလႊတ္ပ်ဴဌာ ေပ်ာ္ရႊင္ခ်မ္းေျမ့ မိသားစုကမၻာ ပိုင္ဆိုင္ေစေၾကာင္း လိုရာဆုေတာင္း သနားစရာ ကရင္ေမာင္ႏွမ ျဖစ္ေပတည္။

သမိုင္းအေၾကာင္းအရ ေျပာရမည္ဆိုလၽွင္ ကရင္အမ်ိဳးသားႀကီးစဝ္ဖါ့သန္႔(သိုင့္) ႏွင့္ ဇနီးျဖစ္သူ ေနာ္ေဖါ့ယာ့္ တို့တြင့္ စံေစ့ဖိုးႏွင့္ ေနာ္မူးဖါန္ ဟုေခၚေသာ သားသမီး (၂)ဦး ရွိခဲ့ေလ၏ အႏွစ္ႏွစ္အလလက ၿခိဳးၿခံေခၽြတာၿပီး ရိုးရိုးသားသား ႀကိဳးစားစုေဆာင္းခဲ့သမၽွ သားကေလး ရွင္သာမေဏေလာင္းျဖစ္ဖိ့ု အလွူႀကီးလုပ္ရန္ ေတာင္ယာ ထဲ့တြင္ အလုပ္ႀကိဳးစားေနရင္း ကံတရား၏ ဆိုးရြားမူေၾကာင့္

ဖခင္ျဖစ္သူ စဝ္ဖါ့သန္႔(သိုင့္) မွာ က်ားကိုက္ရင္း ေတာင္ယာ ထဲ့တြင္ ေသဆုံးသြားေလ၏ ဖခင္ႀကီး ဆုံးပါး သြားသည့္ေနာက္ပိုင္းတြင္ ကရင္အမ်ိဳးသမီး ေနာ္ေဖါ့ယာ္ သည္ မုဆိုးမဘ၀အျဖစ္ႏွင့္ သားသမီးႏွစ္ေယာက္ က်န္ခဲ့ေလ၏ မုဆိုးမ ေနာ္ေဖါ့ယာ့ တို့သားအမိကို ဘ၀ဆိုးမွ လြတ္ေျမာက္ေစလိုပါသည္ဆိုေသာ ရြာသူရြာသားတို့၏ တိုက္တြန္းခ်က္၊ မိမိဘ၀ကို သနားက႐ုဏာသက္လွပါတယ္။

ကေလးေတြကိုလည္း ရင္ေသြးအရင္အခ်ာမ်ားႏွယ္ စာနာညႇာတာစြာျဖင့္ ခ်စ္ခင္ပါသည္ဆိုေသာ တစ္ရြာတည္း မုဆိုးဖိုျဖစ္သူ ေစာဖါ့ပ်ဳဂ္ႏွင့္ ေနာက္တစ္ပင္ထူေထာင္လိုက္ပါတယ္။ ထိုအခါ အျပစ္မဲ့ေသာ စံေစ့ဖိုးႏွင့္ ေနာ္မူးဖါန္တို့ လူမမယ္ ေမာင္ႏွမႏွစ္ေယာက္၏ ျဖဴစင္ေသာႏွလုံးသားေလးေတြမွာ စိုးရိမ္ထိတ္လန္႔ျခင္း၊ ပူပင္ေသာကေဝဒနာအေရာင္တို့ လႊမ္းမိုးညစ္က်ဴလာပါတယ္။

ၿငိမ္သက္ခဲ့ေသာအိမ္ကေလးမွာ ဆဲဆိုသံ၊ ေငါက္ငန္း မာန္မဲသံျဖင့္ ဆူညံလာပါတယ္။ အေဖမုန္းတီးခဲ့ေသာ အရက္ေသစာတို့ အိမ္ေပၚက မဆင္းေတာ့ ပေထြး၏ ေဒါသႏွင့္ယုတ္မာေသာရင့္သီးေသာ ဆဲဆိုႀကိမ္းေမာင္းသံမ်ားေအာက္မွာ ေမာင္ႏွမႏွစ္ေယာက္ မ်က္ရည္ေပါက္ေပါက္ က်ခဲ့ရပါတယ္။ ေနာက္ဆုံးတြင္ ေနာ္ေဖါ့ယာ့သည္ ဥမမယ္အရြယ္မေရာက္သားသမီးႏွစ္ေယာက္ကို ေတာ့အုံေခ်ာက္ၾကား

ႏြားေက်ာင္းတဖုံ စပါးေထာင္းတစ္လွည့္ မခိုင္းရက္ ခိုင္းရက္ျဖင့္ ခိုင္းခဲ့ရပါတယ္။ တစ္ေန႔တြင္ ပေထြး ျဖစ္သူမွ ေမာင္ႏွမ ႏွစ္ဦးအား ယာခင္း သို့ေခၚကာ ယာခင္းသို့ သြားရာလမ္းတြင္ ျမင့္မားမတ္ေစာက္ေသာ ေတာင္ကမ္းပါးႀကီး ေပၚမွ တြန္းခ်ကာ တစ္ဦးတည္း အိမ္ျပန္လာခဲ့၏ ေမာင္ႏွမ ႏွစ္ဦးမွာ ေတာင္ေပၚမွ အက်တြင္ ဇြဲကပင္ဘုရားကို အာ႐ုံျပဳကာ ကယ္တင္ဖို့ဆုေတာင္းၾကၿပီး

ေသဆုံးမူ မျဖစ္ပဲ ကမ္းပါးေအာက္ ဝါး႐ုံေပၚတင္ေနလို့ အသက္ခ်မ္းသာရာရခဲ့ပါတယ္။ ညဥ့္နက္သည္အထိ ဘုရား ကို ၾကည္ညိဳရင္း အ႐ုဏ္က်င္းလုကာမွ မိခင္ထံျပန္လာကာ အက်ိဳးအေၾကာင္း ေျပာျပၿပီး မိခင္ျဖစ္သူ သည္ ကေလးႏွစ္ေယာက္ကို က်စ္ေနေအာင္ ဖက္ထားရင္း ေနာ္ေဖါ့ယာ့ မခ်ိတင္ကဲ ခံစားရေတာ့တယ္။ သို့ေသာ္ ကေလးႏွစ္ေယာက္ကို အိမ္ မွာ ျပန္လည္၍ ေခၚထားဖို့ကေတာ့ လုံး၀

မျဖစ္နိုင္ေသာအခါ ရင္ေသြးႏွစ္ေယာက္ အသက္မေသလုံျခဳံေအာင္ မိမိႏွင့္လည္း အလွမ္းမေဝးရေအာင္ ဇြဲကပင္ေတာင္ေပၚက ေတာအုပ္အငူ လိုဏ္ဂူထဲတြင္ ဝွက္ထာၿပီး ထားခဲ့ပါတယ္။ အေမထားခဲ့ေသာ ေတာအုပ္အငူ လိုဏ္ဂူ ထဲကလည္း ေဝးေဝးလံလံကို မသြားဝံ့။ ၾကည့္ေလရာရာ ေတာအုပ္ႀကီး က ပိန္းပိတ္ညိဳေမွာင္ေနသည္။ တစ္ခါမွ မေရာက္ဖူးသည့္ေနရာ လူသူကင္းေဝး၍

သားရဲတိရစၧာန္တို့အသံမ်ားကိုသာ ၾကားရသည့္ေနရာ သည္ေနရာမွာ မိခင္က လာပို့ထားပါတယ္။ ပေထြးရန္ကိုေၾကာက္လြန္းလို့သာ ေနခဲ့ရေပမယ့္ အေမ့ကို မခြဲခ်င္ၾက၊ လြမ္းေပမယ့္လည္း လမ္းကမသိ၊ေတာတိရစၧာန္တို့ရန္က ရွိေသးတယ္ အနီးအပါးက ရသမၽွ ေတာသီႏွံကေလးမ်ားကို ခူးဆြတ္စားေသာက္ရင္း ဥတုရသီႏွင့္ေတာဒဏ္ကို ႀကံ့ႀကံ့ခံေနၾကရရွာ၏ ႏွမငယ္ကေလးက ဘာမၽွမသိရွာေသးေတာ့

အစ္ကိုျဖစ္သူမွာ ဂ႐ုစိုက္ေနရပါတယ္။ မ်က္စိေအာက္ကအေပ်ာက္မခံရဲ၊အေဖကိုတမ္းတ၊အေမ့ကိုလြမ္းရေသာေဝဒနာတို့ကိုႀကိတ္မွတ္ခံစားရင္း ဒုကၡမုန္တိုင္းဒဏ္ကို အလူးအလဲ အံတူေနၾကရွာ၏ ငယ္ရြယ္သူ ႏွမေလး ကို ငဲ့ညႇာရလြန္းေတာ့ အစ္ကိုလုပ္သူမွာ ၀လင္သည္ဟုပင္ မရွိခဲ့ပါ။ တစ္ေန႔ေသာ နံနက္တြင္ ခ်မ္းေအးလွေသာ ရာသီဥတု ကို မီးပုံဖိုၿပီး ေမာင္ႏွမႏွစ္ေယာက္ အံတုရင္ဆိုင္ေနၾကစဥ္

ခံ့ညားေသာ ရေသ့အိုႀကီး တစ္ပါး သူ႔ထံ ေရာက္လာၿပီး ရေသႀကီးမွ ငယ္ရြယ္လွေသာ သနားဖြယ္ ေမာင္ႏွမ ႏွစ္ဦးအား ေရႊေရာင္၀င္းေနသည့္ ေဆးလုံးသုံးလုံးေပးကာမီးဖို့အတြင္းသို့ဆင္းခိုင္းရာမွငယ္ရြယ္ႏုပ်ိဳေသာလုလင္ပ်ိဳႏွင့္လုံမပ်ိဳေလးႏွစ္ဦးအျဖစ္သို့ ေျပာင္းလဲသြားပါတယ္။ ေမာင္ႏွမ ႏွစ္ဦးမွ ရေသးႀကီးေပးခဲ့ေသာ သုံးမကုန္နိုင္တဲ့ အစြမ္းေတြ၊ ဣဒၶိပါဒ္တန္းခိုးေတြ ရၾကၿပီး

ရေသႀကီးအားေပးခဲ့ေသာကတိစကားအတိုင္း”သာသနာေတာ္ အတြက္လုံ႔လဝီရိယစိုက္ၾကေပေတာ့၊ သာသနာေတာ္ကို ၾကည္ညိဳသူေတြရယ္၊ေဟာဒီ ဇြဲကပင္ေတာင္ ကို ဘုရားဖူး လာၾကသူေတြ မွန္သမၽွရယ္၊ စီးပြားေရး လာဘ္လာဘ တိုးေအာင္ က်န္းမာရႊင္လန္းေအာင္မင္းတို့ေမာင္ႏွမ ေစာင့္ေရွာက္ရစ္ၾကေပေတာ့” ဟူေသာ အမွာ စကားအတိုင္း သစၥာျပဳကာ ဇြဲကပင္ ေတာင္ေတာ္ႏွင့္ ဆံေတာ္ရွင္ ျမတ္အား

ေစာင့္ေရွာက္ ေနခဲ့ပါတယ္။ ထိုေၾကာင့္ ဇြဲကပင္ ေတာင္ေျခမွ လြမ္းဆြတ္ေၾကကြဲဖြယ္ရာ ၊ဂ႐ုဏာ သက္ဖြယ္ ဓါတ္နန္းရွင္ေမာင္ႏွမ ဓာတ္နန္းရွင္စခန္းမွာ လြန္ခဲ့ေသာ ႏွစ္ေပါင္း(၅၀)ခန္႔က ေနာင္းအိမ္ဆိုင္ ဆရာေတာ္ဦးေကတု ဦးေဆာင္တည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။ ဇြဲကပင္ ဆရာေတာ္ ဦးကဝိဓဇကဘုရားဖူးမ်ား အပန္းအျဖစခန္းလည္းျဖစ္၊ သတိရ ေအာက္ေမ့ရာလည္းျဖစ္ေအာင္

လြန္ပင္လွပၾကည္ညိဳဖြယ္ေကာင္းေသာ လုမၺၺနီဥယ်ာဥ္ကိုလဲ ထပ္မံၿပီး မြမ္းမံခဲ့ျခင္းျဖစ္ပါတယ္။ခရီးသြားမိတ္ေဆြမ်ား အားလုံး ယခုလိုစိတ္၀င္စားစရာေကာင္းၿပီး သာယာလွပေနေသာ ကရင္ျပည္နယ္၏ အလွတရားကို ကၽြန္ုပ္ တို့တစ္ေခါက္တစ္ခါေလာက္ သြားေရာက္ေလ့လာၿပီး အပန္းေျဖ ေစခ်င္ပါတယ္ ၿပန္လည္မၽွေဝေပးလိုက္ပါသည္။

ဖြစ်ရပ်မှန်  ကျောက်မောင်နှမသမိုင်း ဇွဲကပင်မြေ မှ ကရင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင်

ကရင်ပြည်နယ် ဘားအံမြို့ရှိ အလွန်ပင်ထင်ရှားသော ဇွဲကပင်တောင် သည် ထူးဆန်းသော ပုံပြင်လေး တစ်ပုံရှိခဲ့ပါတယ်…ဒီပုံပြင်လေးသည်  ဇွဲကပင်တောင်ကြီး ကို တိုင်တည်လို့ ရုပ်ပုံထင်ရှား ဇွဲကပင်တောင်တန်းမှာ မိကွဲဖကွဲ ပထွေးနှိပ်စက်မူ ဖြစ်လေရာဘဝဆက်တိုင်း ကင်းလွှတ်ပျူဌာ ပျော်ရွှင်ချမ်းမြေ့ မိသားစုကမ္ဘာ ပိုင်ဆိုင်စေကြောင်း လိုရာဆုတောင်း သနားစရာ ကရင်မောင်နှမ ဖြစ်ပေတည်။

သမိုင်းအကြောင်းအရ ပြောရမည်ဆိုလျှင်ကရင်အမျိုးသားကြီးစဝ်ဖါ့သန့်(သိုင့်) နှင့် ဇနီးဖြစ်သူ နော်ဖေါ့ယာ့် တို့တွင့် စံစေ့ဖိုးနှင့် နော်မူးဖါန် ဟုခေါ်သော သားသမီး (၂)ဦး ရှိခဲ့လေ၏ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ သားကလေး ရှင်သာမဏေလောင်းဖြစ်ဖိ့ု အလှူကြီးလုပ်ရန်တောင်ယာ ထဲ့တွင် အလုပ်ကြိုးစားနေရင်း

ကံတရား၏ ဆိုးရွားမူကြောင့် ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်) မှာ ကျားကိုက်ရင်း တောင်ယာ ထဲ့တွင် သေဆုံးသွားလေ၏ဖခင်ကြီး ဆုံးပါး သွားသည့်နောက်ပိုင်းတွင် ကရင်အမျိုးသမီး နော်ဖေါ့ယာ် သည် မုဆိုးမဘဝအဖြစ်နှင့် သားသမီးနှစ်ယောက် ကျန်ခဲ့လေ၏ မုဆိုးမ နော်ဖေါ့ယာ့ တို့သားအမိကိုဘဝဆိုးမှ လွတ်မြောက်စေလိုပါသည်ဆိုသော ရွာသူရွာသားတို့၏ တိုက်တွန်းချက်

မိမိဘဝကို သနားကရုဏာသက်လှပါတယ်။ ကလေးတွေကိုလည်း ရင်သွေးအရင်အချာများနှယ်စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်တစ်ပင်ထူထောင်လိုက်ပါတယ်။ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နော်မူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သောနှလုံးသားလေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း

ပူပင်သောကဝေဒနာအရောင်တို့ လွှမ်းမိုးညစ်ကျူလာပါတယ်။ ငြိမ်သက်ခဲ့သောအိမ်ကလေးမှာ ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာပါတယ်။ အဖေမုန်းတီးခဲ့သော အရက်သေစာတို့ အိမ်ပေါ်က မဆင်းတော့ ပထွေး၏ ဒေါသနှင့်ယုတ်မာသောရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများအောက်မှာ မောင်နှမနှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရပါတယ်။

နောက်ဆုံးတွင် နော်ဖေါ့ယာ့သည် ဥမမယ်အရွယ်မရောက်သားသမီးနှစ်ယောက်ကို တော့အုံချောက်ကြားနွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရပါတယ်။တစ်နေ့တွင် ပထွေး ဖြစ်သူမှ မောင်နှမ နှစ်ဦးအား ယာခင်း သို့ခေါ်ကာ ယာခင်းသို့ သွားရာလမ်းတွင် မြင့်မားမတ်စောက်သော တောင်ကမ်းပါးကြီး ပေါ်မှ တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့၏

မောင်နှမ နှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ဆုတောင်းကြပြီး သေဆုံးမူ မဖြစ်ပဲ ကမ်းပါးအောက် ဝါးရုံပေါ်တင်နေလို့ အသက်ချမ်းသာရာရခဲ့ပါတယ်။ညဥ့်နက်သည်အထိ ဘုရား ကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုးအကြောင်း ပြောပြပြီး မိခင်ဖြစ်သူ သည် ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နော်ဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့တယ်။

သို့သော် ကလေးနှစ်ယောက်ကို အိမ် မှာ ပြန်လည်၍ ခေါ်ထားဖို့ကတော့ လုံးဝမဖြစ်နိုင်သောအခါ ရင်သွေးနှစ်ယောက် အသက်မသေလုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင်ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ဝှက်ထာပြီး ထားခဲ့ပါတယ်။အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူ ထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။

ကြည့်လေရာရာ တောအုပ်ကြီး က ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ လူသူကင်းဝေး၍သားရဲတိရစ္ဆာန်တို့အသံများကိုသာ ကြားရသည့်နေရာ သည်နေရာမှာ မိခင်က လာပို့ထားပါတယ်။ပထွေးရန်ကိုကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊တောတိရစ္ဆာန်တို့ရန်က ရှိသေးတယ် အနီးအပါးက ရသမျှ တောသီနှံကလေးများကို ခူးဆွတ်စားသောက်ရင်း ဥတုရသီနှင့်တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာ၏

နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်နေရပါတယ်။မျက်စိအောက်ကအပျောက်မခံရဲ၊အဖေကိုတမ်းတ၊အမေ့ကိုလွမ်းရသောဝေဒနာတို့ကိုကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတူနေကြရှာ၏ငယ်ရွယ်သူ နှမလေး ကို ငဲ့ညှာရလွန်းတော့ အစ်ကိုလုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့ပါ။တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတု ကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက်

အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီး တစ်ပါး သူ့ထံ ရောက်လာပြီးရသေကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမ နှစ်ဦးအား ရွှေရောင်ဝင်းနေသည့် ဆေးလုံးသုံးလုံးပေးကာမီးဖို့အတွင်းသို့ဆင်းခိုင်းရာမှငယ်ရွယ်နုပျိုသောလုလင်ပျိုနှင့်လုံမပျိုလေးနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပါတယ်။

မောင်နှမ နှစ်ဦးမှ ရသေးကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်းခိုးတွေ ရကြပြီ၊ရသေကြီးအားပေးခဲ့သောကတိစကားအတိုင်း”သာသနာတော် အတွက်လုံ့လဝီရိယစိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညိုသူတွေရယ်၊ဟောဒီ ဇွဲကပင်တောင် ကို ဘုရားဖူး လာကြသူတွေ မှန်သမျှရယ်၊ စီးပွားရေး လာဘ်လာဘ တိုးအောင်

ကျန်းမာရွှင်လန်းအောင်မင်းတို့မောင်နှမ စောင့်ရှောက်ရစ်ကြပေတော့” ဟူသော အမှာ စကားအတိုင်း သစ္စာပြုကာ ဇွဲကပင် တောင်တော်နှင့် ဆံတော်ရှင် မြတ်အား စောင့်ရှောက် နေခဲ့ပါတယ်။ထိုကြောင့် ဇွဲကပင် တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ ၊ဂရုဏာ သက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင်စခန်းမှာ လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့်က

နောင်းအိမ်ဆိုင် ဆရာတော်ဦးကေတု ဦးဆောင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဇွဲကပင် ဆရာတော် ဦးကဝိဓဇကဘုရားဖူးများ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်းဖြစ်အောင် လွန်ပင်လှပကြည်ညိုဖွယ်ကောင်းသော လုမ္ဗ္ဗနီဥယျာဉ်ကိုလဲ ထပ်မံပြီး မွမ်းမံခဲ့ခြင်းဖြစ်ပါတယ်။ခရီးသွားမိတ်ဆွေများ အားလုံး ယခုလိုစိတ်ဝင်စားစရာကောင်းပြီး သာယာလှပနေသော ကရင်ပြည်နယ်၏ အလှတရားကို

ကျွန်ုပ် တို့တစ်ခေါက်တစ်ခါလောက် သွားရောက်လေ့လာပြီး အပန်းဖြေ စေချင်ပါတယ် ပြန်လည်မျှဝေပေးလိုက်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *