ေလယာဥ္ေပၚမွာ အမႊာကေလး ၂ ဦး ေမြးဖြားခဲ့သည့္ ျပည္ေတာ္ျပန္ မြန္ဂိုလီးယားအမ်ိဳးသမီး

ေလယာဥ္ေပၚမွာ အမႊာကေလး ၂ ဦး ေမြးဖြားခဲ့သည့္ ျပည္ေတာ္ျပန္ မြန္ဂိုလီးယားအမ်ိဳးသမီး

အသက္ ၄၂ ႏွစ္အရြယ္ မြန္ဂိုလီးယား အမ်ိဳးသမီးတစ္ဦးသည္ တူရကီနိုင္ငံ၊ အီစတန္ဘူလ္ၿမိဳ့ေတာ္မွ မြန္ဂို လီးယားနိုင္ငံ၊ အူလန္ဘာေတာၿမိဳ့ေတာ္သို့ ပ်ံသန္းေနသည့္

စင္းလုံးငွားေလယာဥ္တစ္စင္းေပၚ၌ ယမန္ေန႔နံနက္ပိုင္း က အမႊာကေလးမ်ား ေမြးဖြားခဲ့ေၾကာင္း သိရသည္။ အဆိုပါအမ်ိဳးသမီးမွာ ယေန႔နံနက္ပိုင္းက စင္းလုံးငွား ေလယာဥ္တစ္စင္းျဖင့္

တူရကီနိုင္ငံမွ ျပန္လာခဲ့ သည့္ မြန္ဂိုလီးယားနိုင္ငံသား ၂၆၀ အနက္ တစ္ဦးျဖစ္သည္။ “အမႊာမိန္းခေလးႏွစ္ဦးကို သတ္မွတ္ရက္ထက္ ႏွစ္လႀကိဳတင္ၿပီး ေမြးဖြားခဲ့ပါတယ္။

မိခင္ကို ေလာေလာ ဆယ္ သီးသန႔္ခြဲထားၿပီး ေစာင့္ၾကည့္မွုျပဳလုပ္ေနပါတယ္” ဟု မြန္ဂိုလီးယား ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဗဟိုဌာန ၏ အႀကီးအကဲ ဒူးမားဉာဏ္ကူးက

သတင္းစာရွင္းလင္းပြဲတစ္ခု၌ ေျပာၾကားခဲ့သည္။ မြန္ဂိုလီးယားနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ ၂၂၇ ဦးႏွင့္ ပိုးကင္းစင္သူ ၁၉၅ ဦးရွိၿပီး ေသ ဆုံးသူမရွိေၾကာင္း သိရသည္။ crd-EPN #Myanmar_Online_News

(Unicode version)

လေယာဉ်ပေါ်မှာ အမွှာကလေး ၂ ဦး မွေးဖွားခဲ့သည့် ပြည်တော်ပြန် မွန်ဂိုလီးယားအမျိုးသမီး

အသက် ၄၂ နှစ်အရွယ် မွန်ဂိုလီးယား အမျိုးသမီးတစ်ဦးသည် တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့တော်မှ မွန်ဂို လီးယားနိုင်ငံ၊ အူလန်ဘာတောမြို့တော်သို့ ပျံသန်းနေသည့်

စင်းလုံးငှားလေယာဉ်တစ်စင်းပေါ်၌ ယမန်နေ့နံနက်ပိုင်း က အမွှာကလေးများ မွေးဖွားခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသမီးမှာ ယနေ့နံနက်ပိုင်းက စင်းလုံးငှား လေယာဉ်တစ်စင်းဖြင့်

တူရကီနိုင်ငံမှ ပြန်လာခဲ့ သည့် မွန်ဂိုလီးယားနိုင်ငံသား ၂၆၀ အနက် တစ်ဦးဖြစ်သည်။ “အမွှာမိန်းခလေးနှစ်ဦးကို သတ်မှတ်ရက်ထက် နှစ်လကြိုတင်ပြီး မွေးဖွားခဲ့ပါတယ်။

မိခင်ကို လောလော ဆယ် သီးသန့်ခွဲထားပြီး စောင့်ကြည့်မှုပြုလုပ်နေပါတယ်” ဟု မွန်ဂိုလီးယား ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန ၏ အကြီးအကဲ ဒူးမားဉာဏ်ကူးက

သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ မွန်ဂိုလီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၂၂၇ ဦးနှင့် ပိုးကင်းစင်သူ ၁၉၅ ဦးရှိပြီး သေ ဆုံးသူမရှိကြောင်း သိရသည်။ crd-EPN #Myanmar_Online_News