ေဒါပုံ ဂ်ပန္တံတား အနီး ၁၅ ေပကုန္းတံတားခ်ဥ္းကပ္လမ္းက ခရီးသည္တင္ကားတစ္စီး ထိုးက်မွု ျဖစ္ပြ

ေဒါပုံ ဂ်ပန္တံတား အနီး ၁၅ ေပကုန္းတံတားခ်ဥ္းကပ္လမ္းက ခရီးသည္တင္ကားတစ္စီး ထိုးက်မွု ျဖစ္ပြား

ရန္ကုန္တိုင္းေဒသႀကီး၊ မဂ္လာေတာင္ညြန႔္ၿမိဳ့နယ္ ေဒါပုံတံတားအနီး ၁၅ ေပ ကုန္းေက်ာ္တံတား အတက္ ခ်ဥ္းကပ္လမ္းတြင္ လမ္းေဘး ပလက္ေဖာင္းမ်ားကို ဝင္တိုက္ၿပီး ခရီးသည္ယာဥ္လိုင္း

ကားတစ္စီးထိုးက်မွု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ျဖစ္စဥ္မွာ ယေန႔ည ၈ နာရီခြဲ ဝန္းက်င္ခန႔္က ခရီးသည္မ်ားကို တင္ေဆာင္လာသည့္ အမွတ္ ၉ ယာဥ္လိုင္း YBS ေမာ္ေတာ္ယာဥ္မွာ ေဒါပုံ – သာေကတ

ဂ်ပန္တံတားသစ္မွ မဂ္လာေဈးဘက္သို့ အသြား၁၅ ေပ ကုန္းေက်ာ္တံတား အေရာက္တြင္ တံတားလက္ရန္းႏွင့္ ဓါတ္တိုင္မ်ားကို ျဖတ္တိုက္ကာ ခ်ဥ္းကပ္လမ္း ယာဘက္သို့ ခရီးသည္မ်ားႏွင့္အတူ ထိုးက် သြားခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္းသူအပါအဝင္ က်ား ၂ ဦး မ ၂ ဦး ထိခိုက္ဒဏ္ရာမ်ားရကာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို့ ပို့ေဆာင္ထားေၾကာင္း ယာဥ္မွူးစစ္ ဒုရဲအုပ္တစ္ဦးက ေျပာသည္။ ကိုထြဋ္(သတင္း ဓါတ္ပုံ)Pyi Myanmar

(Unicode version)

ဒေါပုံ ဂျပန်တံတား အနီး ၁၅ ပေကုန်းတံတားချဉ်းကပ်လမ်းက ခရီးသည်တင်ကားတစ်စီး ထိုးကျမှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာတောင်ညွန့်မြို့နယ် ဒေါပုံတံတားအနီး ၁၅ ပေ ကုန်းကျော်တံတား အတက် ချဉ်းကပ်လမ်းတွင် လမ်းဘေး ပလက်ဖောင်းများကို ဝင်တိုက်ပြီး ခရီးသည်ယာဉ်လိုင်း

ကားတစ်စီးထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ည ၈ နာရီခွဲ ဝန်းကျင်ခန့်က ခရီးသည်များကို တင်ဆောင်လာသည့် အမှတ် ၉ ယာဉ်လိုင်း YBS မော်တော်ယာဉ်မှာ ဒေါပုံ – သာကေတ

ဂျပန်တံတားသစ်မှ မဂ်လာဈေးဘက်သို့ အသွား၁၅ ပေ ကုန်းကျော်တံတား အရောက်တွင် တံတားလက်ရန်းနှင့် ဓါတ်တိုင်များကို ဖြတ်တိုက်ကာ ချဉ်းကပ်လမ်း ယာဘက်သို့ ခရီးသည်များနှင့်အတူ ထိုးကျ သွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းသူအပါအဝင် ကျား ၂ ဦး မ ၂ ဦး ထိခိုက်ဒဏ်ရာများရကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ယာဉ်မှူးစစ် ဒုရဲအုပ်တစ်ဦးက ပြောသည်။ ကိုထွဋ်(သတင်း ဓါတ်ပုံ)Pyi Myanmar