သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို လာမည့္ ၾသဂုတ္လ (၇) ရက္ေန႔ကစၿပီး ပထမဆုံးအႀကိမ္ စစ္ေဆးေမးျမန္းမွုေတြ ျပဳလုပ္သြားမည္

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို လာမည့္ ၾသဂုတ္လ (၇) ရက္ေန႔မွ စၿပီး ပထမဆုံးအႀကိမ္ စစ္ေဆးေမးျမန္း မွုေတြ ျပဳလုပ္သြားမည္

ကာမလိမ္လည္မွုနဲ႔ တရားစြဲဆို ခံထားရတဲ့ သ႐ုပ္ေဆာင္ မိုးေအာင္ရင္က ဒီေန႔ (၁၇) ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို တက္ေရာက္လာခဲ့ပါတယ္။ ဒီ႐ုံးခ်ိန္းမွာေတာ့ မိုးေအာင္ရင္ကို ႐ုံးခ်ိန္း (၇) ခ်ိန္းအတြင္း အၿပီးသတ္ စစ္ေဆးသြားမယ့္ အေၾကာင္း

ညႇိႏွိုင္းေဆးေႏြးခဲ့ၾကတယ္လို့ ရန္ကင္းတရား႐ုံးမွ ျပန္ၾကားေရးမွူး ဦးထြန္းနိုင္ဝင္းက မီဒီယာေတြကို ေျပာျပခဲ့ပါတယ္။” ဒီေန႔ ႐ုံးခ်ိန္းကေတာ့ (၁၇) ႀကိမ္ေျမာက္ ႐ုံးခ်ိန္းျဖစ္ပါတယ္။ အၿပီးသတ္ အႀကိဳ ညႇိႏွိုင္းအစည္းအေဝး ျပဳလုပ္ပါတယ္။

ခံျပသက္ေသေတြကို စစ္ေဆးမယ့္ ႐ုံးခ်ိန္းေတြကို ညႇိႏွိုင္းၿပီးေတာ့ အတည္ျပဳခဲ့ၾကတာပါ။ ခံျပသက္ေသေတြကေတာ့ မိုးေအာင္ရင္ အပါအဝင္ အားလုံးေပါင္း (၁၁)ေယာက္ ပါလာ ပါတယ္။ ခံျပသက္ေသ (၁၁) ေယာက္စလုံးကို ႐ုံးခ်ိန္းေပါင္း (၇) ခ်ိန္း အတြင္းမွာ

စစ္ေဆးမွာ ျဖစ္ပါတယ္” ဆိုၿပီးေတာ့ ဇူလိုင္ (၁၀) ရက္ေန႔ ႐ုံးခ်ိန္းမွာ ေျဖဆိုခဲ့တာပါ။ စြပ္စြဲခံရသူ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို ၂၀၂၀ ခုႏွစ္ ၾသဂုတ္လ ၇ ရက္ ေန႔လယ္ ၁ နာရီ ရန္ကင္း တရား႐ုံးမွာ ပထမဆုံးအႀကိမ္ စစ္ေဆးသြားမယ္လို့ ဦးထြန္းနိုင္ဝင္းက

အင္တာဗ်ဴးမွာ ဆက္လက္ ေျဖဆိုခဲ့ပါတယ္။ မိုးေအာင္ရင္ကို စစ္ေဆးေမးျမန္းသြားမယ့္ ႐ုံးခ်ိန္းေတြကေတာ့ ၾသဂုတ္လ ၁၉ ရက္ ၊ ၂၆ ရက္၊ ၃၁ ရက္ နဲ႔ စက္တင္ဘာလ ၉ ရက္၊ ၁၆ ရက္၊၂၁ရက္ တို့မွာ စစ္ေဆးသြားမယ္လို့ သိရပါတယ္။

မိုးေအာင္ရင္ ကို ရည္းစားေဟာင္းျဖစ္သူ မခင္ျမတ္နိုးက ၂၀၁၉ ခုႏွစ္ နိုဝင္ဘာလ (၂၂) ရက္ေန႔က ကာမလိမ္လည္မွုျဖင့္ ရန္ကင္းတရား႐ုံးမွာ ဦးတိုက္ေလၽွာက္ထား တရားစြဲဆိုခဲ့တာပါ။ အခုဆိုရင္ေတာ့ အမွုကို စစ္ေဆးေနတာ (၇) လအၾကာ ရွိၿပီျဖစ္ပါတယ္။

မိုးေအာင္ရင္ဟာ ခ်စ္သူေကာင္မေလးနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ ေၾကာင္း၊ခ်စ္သူေကာင္မေလးက မူးယစ္ေဆးသုံးစြဲ ေၾကာင္းကို အြန္လိုင္းမီဒီယာတစ္ခု မွာ အင္တာဗ်ဴးၿပီးေနာက္ ခင္ျမတ္နိုးက အခုလို တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

(Unicode version)

သရုပ်ဆောင် မိုးအောင်ရင်ကို လာမည့် သြဂုတ်လ (၇) ရကမစပြီး ပထမဆုံးအကြိမ် စစ်ဆေးမေးမြန်း မှုတွေ ပြုလုပ်သွားမည်

ကာမလိမ်လည်မှုနဲ့ တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်က ဒီနေ့ (၁၇) ကြိမ်မြောက် ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ဒီရုံးချိန်းမှာတော့ မိုးအောင်ရင်ကို ရုံးချိန်း (၇) ချိန်းအတွင်း အပြီးသတ် စစ်ဆေးသွားမယ့် အကြောင်း

ညှိနှိုင်းဆေးနွေးခဲ့ကြတယ်လို့ ရန်ကင်းတရားရုံးမှ ပြန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်းက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။” ဒီနေ့ ရုံးချိန်းကတော့ (၁၇) ကြိမ်မြောက် ရုံးချိန်းဖြစ်ပါတယ်။ အပြီးသတ် အကြို ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါတယ်။

ခံပြသက်သေတွေကို စစ်ဆေးမယ့် ရုံးချိန်းတွေကို ညှိနှိုင်းပြီးတော့ အတည်ပြုခဲ့ကြတာပါ။ ခံပြသက်သေတွေကတော့ မိုးအောင်ရင် အပါအဝင် အားလုံးပေါင်း (၁၁)ယောက် ပါလာ ပါတယ်။ ခံပြသက်သေ (၁၁) ယောက်စလုံးကို ရုံးချိန်းပေါင်း (၇) ချိန်း အတွင်းမှာ

စစ်ဆေးမှာ ဖြစ်ပါတယ်” ဆိုပြီးတော့ ဇူလိုင် (၁၀) ရက်နေ့ ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။ စွပ်စွဲခံရသူ သရုပ်ဆောင် မိုးအောင်ရင်ကို ၂၀၂၀ ခုနှစ် သြဂုတ်လ ၇ ရက် နေ့လယ် ၁ နာရီ ရန်ကင်း တရားရုံးမှာ ပထမဆုံးအကြိမ် စစ်ဆေးသွားမယ်လို့ ဦးထွန်းနိုင်ဝင်းက

အင်တာဗျူးမှာ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ မိုးအောင်ရင်ကို စစ်ဆေးမေးမြန်းသွားမယ့် ရုံးချိန်းတွေကတော့ သြဂုတ်လ ၁၉ ရက် ၊ ၂၆ ရက်၊ ၃၁ ရက် နဲ့ စက်တင်ဘာလ ၉ ရက်၊ ၁၆ ရက်၊၂၁ရက် တို့မှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

မိုးအောင်ရင် ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့က ကာမလိမ်လည်မှုဖြင့် ရန်ကင်းတရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။ အခုဆိုရင်တော့ အမှုကို စစ်ဆေးနေတာ (၇) လအကြာ ရှိပြီဖြစ်ပါတယ်။

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ် ကြောင်း၊ချစ်သူကောင်မလေးက မူးယစ်ဆေးသုံးစွဲ ကြောင်းကို အွန်လိုင်းမီဒီယာတစ်ခု မှာ အင်တာဗျူးပြီးနောက် ခင်မြတ်နိုးက အခုလို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။