






(unicode version) ဘာသာရပ် ၁၈ ခုထိ သင်ကြားပေးမည့် အသက်မွေးနည်းပညာ ကောလိပ်တွင် နန်းမွေ့စံအပါအဝင် အနုပညာရှင်များကို Kindness  Ambassador ခန့်အပ်

(ရန်ကုန် ) ဘာသာရပ် ၁၈ ခု သင်ကြားပေးမည့် ရန်ကုန်အသက် မွေးနည်းပညာ ကောလိပ် (သာကေတ) တွင် နန်းမွေ့စံအပါအဝင် အနုပညာရှင်များကို Kindness Ambassador ဇူလိုင်လ ၁၀ ရက် က ခန့်အပ်ခဲ့သည်ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက် အရသိရသည်။

ထိုကောလိပ်မှာ အလယ်တန်း အောင်ရုံနှင့် တက်ရောက်ခွင့်ရှိပြီး ကျောင်းပြီးလျှင် အလုပ်အတွက် အာမခံပေးနိုင်မည့် သင်တန်းကျောင်းလည်း ဖြစ်သည်ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ရေးသားထားသည်။ အဆိုပါကောလိပ်တွင် ကနဦး၌ ကျောင်း သား /သူ အယောက်တစ်‌ထောင် လက်ခံနိုင်မည် ဖြစ်ကြောင်းနှင့်

အဓိက သင်ကြားပေးမည့် ဘာသာရပ်များအဖြစ် ဆောက်လုပ်ရေးနည်းပညာ၊ စက်မှုနည်းပညာ၊ မော်တော်ကား တပ်ဆင်ရေးနည်းပညာ၊ နိုင်ငံခြားဘာသာစကား အပါအဝင် ဘာသာရပ် ( ၁၈ )ခုထိ သင်ကြားပေးမည်ဟု သိရသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ပြီး

နည်းပညာ ကျွမ်းကျင်သည့် နိုင်ငံတကာ ကျောင်းများမှ ဆရာ/မများက လာရောက်သင်ကြာ းပေးမည်ဖြစ်ကာ သင်ကြားချိန် ၃ လမှ ၆ လထိကာလတို သင်တန်းနှင့် ၁ နှစ်မှ ၃ နှစ်ကြာထိ တက်ရောက်ရမည့် သင်တန်းများ ဖြစ်ကြောင်း သိရသည်။ ( ဇော်ထွန်း #The Fifth Wa ve)