ဇြဲကပင္တြင္ ထပ္မံေပ်ာက္ဆုံးေနေသာ ေကာင္ေလးအား ကယ္ ဆယ္ေရး အဖြဲ႕မ်ားမွ ဒ႐ုန္းျဖင့္ရွာေဖြ ေတြ႕ရွိ

ဇြဲကပင္တြင္ ထပ္မံေပ်ာက္ဆုံးေနေသာ ေကာင္ေလးအား ကယ္ ဆယ္ေရး အဖြဲ႕မ်ားမွ ဒ႐ုန္းျဖင့္ရွာေဖြ ေတြ႕ရွိ

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ဇြဲကပင္ေတာင္ေပၚမွ အမ်ိဳးသား (၁) ဦး ခုန္ခ်မႈျဖစ္ပြားခဲ့ေၾကာင္း သိရပါသည္။”ဒီတခါေတာ့ ေယာက္်ားေလးပါ …စာလဲေရးထားခဲ့ပါတယ္ … ဆိုင္ကယ္ လြယ္အိတ္ ေသာ့ေတြ ဖုန္း PW ေတြ ခ်န္ထားခဲ့ပါတယ္ က်ားကေလး႐ြာကလို႔ သိရၿပီး ဇြဲကပင္ေတာင္ကို ၁ဝ ရက္ေန႕ နံနက္

(၇)နာရီေလာက္ကတက္သြားၿပီး ခုခ်ိန္ထိျပန္မဆင္း လာေတာ့ပဲ ေပ်ာက္ေနပါတယ္ အဖြဲ႕စုံ ကယ္ဆယ္ေရးေတြ ထြက္သြားပါၿပီး ” ဟု zin moe အေကာင့္ပိုင္ရွင္က လူမႈကြန္ယက္တြင္ ေရးသား ေဖာ္ျပထားပါသည္။

လက္ရွိတြင္ အဆိုပါ အမ်ိဳးသားအား ဘားအံခရိုင္မီးသတ္ စခန္းမွ ရွာေဖြကယ္ဆယ္ေရး တပ္ဖြဲ႕ဝင္မ်ားျဖင့္ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ ရွိေၾကာင္း ျမန္မာနိုင္ငံ မီးသတ္တပ္ဖြဲ႕၏ သတင္းထုတ္ခ်က္အရ သိရပါသည္။

ဇြန္လ(၂၅)ရက္ေန႕က ဇြဲကပင္ေတာင္တြင္ အသက္(၂၀)အ႐ြယ္ရွိသည့္ တကၠသိုယ္ေက်ာင္းသူတစ္ဦး ေတာင္တက္ရင္း ေပ်ာက္ဆုံးခဲ့ၿပီး ဇြန္လ(၂၇)ရက္ေန႕ တြင္ ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ဇြဲကပင္ေတာင္ တက္ရတာ လြယ္တယ္ထင္ေနလား မသိဘူး။

ကယ္ဆယ္ေရး သမားေတြအားလုံး Respect ပါဗ်ာ ။ေပ်ာက္ဆုံးေနသူ ေကာင္ေလးရဲ႕ ဖိနပ္ကိုေတာ့ ရွာေတြ႕ ထားပါတယ္။ သူ႕ရဲ႕ မိဘေတြလည္း ေရာက္ေနၿပီးလို႔သိရ

ဇြဲကပင္ေတာင္ေပၚမွာ တကၠသိုလ္ေက်ာင္းသားရဲ႕ ဖိနပ္စေတြ႕ ဘားအံ တကၠသိုလ္ေက်ာင္းသားတစ္ဦး ဒီကေန႕ ေန႕လယ္ပိုင္းက ဇြဲကပင္ေတာင္ေပၚတက္သြားၿပီးေနာက္ ေပ်ာက္ဆုံးေနပါတယ္။

အခု ဇြဲကပင္ ေတာင္အေရွ႕ဘက္ျခမ္းမွာ မီးသတ္နဲ႕ ရွာေဖြကယ္ဆယ္ေရးအသင္းကလူေတြက အဲဒီတကၠသိုလ္ေက်ာင္းသားကို လိုက္ရွာေနတာျဖစ္ပါတယ္။ အခုေတာ့ ဇြဲကပင္ေတာင္ထိပ္ အိမ္သာနားမွာ ေက်ာင္းသားရဲ႕ ဖိနပ္ကို ေတြ႕ထားၿပီျဖစ္တယ္လို႔ သတင္းရရွိပါတယ္။

ဒ႐ုန္း နဲ႕ ရွာေဖြ ကယ္ဆယ္ေရး စတင္ရပါၿပီး ဇြဲကပင္ေရွ႕ဖက္ေတာင္ေျခ(ခေလာက္နို႔) မွ က်ားကေလး႐ြာမွတဖြဲ႕ မီးသတ္တဖြဲ႕တက္သြားပါၿပီ ဦးေမာင္ရဲ႕ ဒ႐ုန္းသမား လိုက္တက္လာပါမယ္။ စုစည္းမႈ အားနဲ႕ ေဆာင္႐ြက္နိုင္ၾကပါေစလို႔ Saw Kyi Win

ယခုေနာက္ဆုံးရ သတင္းအရ ေပ်ာက္ဆုံးေနသူအား ရွာေတြ႕ပါၿပီ။ အိမ္သာေအာက္ဖက္က ေခ်ာက္ထဲမွာ ျဖစ္ၿပီးလက္ရွိေတာ့ ဒ႐ုန္းနဲ႕ဘဲရွာ ေတြ႕ေသးတာျဖစ္ၿပီး အဖြဲ႕မ်ားဆင္းဖို႔ လုပ္ေဆာင္ေနဆဲပါ။

(Unicode version) ဇွဲကပင်တွင် ထပ်မံပျောက်ဆုံးနေေသာ ကောင်လေးအား ကယ် ဆယ်ရေး အဖွဲ့များမှ ဒရုန်းဖြင့်ရှာဖွေ တွေ့ရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်မှ အမျိုးသား (၁) ဦး ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။”ဒီတခါတော့ ယောက်ျားလေးပါ …စာလဲရေးထားခဲ့ပါတယ် … ဆိုင်ကယ် လွယ်အိတ် သော့တွေ ဖုန်း PW တွေ ချန်ထားခဲ့ပါတယ် ကျားကလေးရွာကလို့ သိရပြီး ဇွဲကပင်တောင်ကို ၁ဝ ရက်နေ့ နံနက်

(၇)နာရီလောက်ကတက်သွားပြီး ခုချိန်ထိပြန်မဆင်း လာတော့ပဲ ပျောက်နေပါတယ် အဖွဲ့စုံ ကယ်ဆယ်ရေးတွေ ထွက်သွားပါပြီး ” ဟု zin moe အကောင့်ပိုင်ရှင်က လူမှုကွန်ယက်တွင် ရေးသား ဖော်ပြထားပါသည်။

လက်ရှိတွင် အဆိုပါ အမျိုးသားအား ဘားအံခရိုင်မီးသတ် စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ချက်အရ သိရပါသည်။

ဇွန်လ(၂၅)ရက်နေ့က ဇွဲကပင်တောင်တွင် အသက်(၂၀)အရွယ်ရှိသည့် တက္ကသိုယ်ကျောင်းသူတစ်ဦး တောင်တက်ရင်း ပျောက်ဆုံးခဲ့ပြီး ဇွန်လ(၂၇)ရက်နေ့ တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ ဇွဲကပင်တောင် တက်ရတာ လွယ်တယ်ထင်နေလား မသိဘူး။

ကယ်ဆယ်ရေး သမားတွေအားလုံး Respect ပါဗျာ။ ပျောက် ဆုံးနေသူ ကောင်လေးရဲ့ ဖိနပ်ကိုတော့ ရှာတွေ့ ထားပါတယ်။ သူ့ရဲ့ မိဘတွေလည်း ရောက်နေပြီးလို့သိရ

ဇွဲကပင်တောင်ပေါ်မှာ တက္ကသိုလ်ကျောင်းသားရဲ့ ဖိနပ်စတွေ့ ဘားအံ တက္ကသိုလ်ကျောင်းသားတစ်ဦး ဒီကနေ့ နေ့လယ်ပိုင်းက ဇွဲကပင်တောင်ပေါ်တက်သွားပြီးနောက် ပျောက်ဆုံးနေပါတယ်။

အခု ဇွဲကပင် တောင်အရှေ့ဘက်ခြမ်းမှာ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးအသင်းကလူတွေက အဲဒီတက္ကသိုလ်ကျောင်းသားကို လိုက်ရှာနေတာဖြစ်ပါတယ်။ အခုတော့ ဇွဲကပင်တောင်ထိပ် အိမ်သာနားမှာ ကျောင်းသားရဲ့ ဖိနပ်ကို တွေ့ထားပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ဒရုန်း နဲ့ ရှာဖွေ ကယ်ဆယ်ရေး စတင်ရပါပြီး ဇွဲကပင်ရှေ့ဖက်တောင်ခြေ(ခလောက်နို့) မှ ကျားကလေးရွာမှတဖွဲ့ မီးသတ်တဖွဲ့တက်သွားပါပြီ ဦးမောင်ရဲ့ ဒရုန်းသမား လိုက်တက်လာပါမယ်။ စုစည်းမှု အားနဲ့ ဆောင်ရွက်နိုင်ကြပါစေလို့ Saw Kyi Win

ယခုနောက်ဆုံးရ သတင်းအရ ပျောက်ဆုံးနေသူအား ရှာတွေ့ပါပြီ။ အိမ်သာအောက်ဖက်က ချောက်ထဲမှာ ဖြစ်ပြီးလက်ရှိတော့ ဒရုန်းနဲ့ဘဲရှာ တွေ့သေးတာဖြစ်ပြီး အဖွဲ့များဆင်းဖို့ လုပ်ဆောင်နေဆဲပါ