ေမသန္းႏုဟာ သူမကို ခ်စ္ခင္အားေပးေနတဲ့ ပရိသတ္ေတြ ရွိေနေသးတာေၾကာင့္ ဝမ္းသာပီတိျဖစ္ေနမိတယ္လို့ ဆိုပါတယ္

ေမသန္းႏုဟာ သူမကို ခ်စ္ခင္အားေပးေနတဲ့ ပရိသတ္ေတြ ရွိေနေသးတာေၾကာင့္ ဝမ္းသာပီတိျဖစ္ေနမိတယ္လို့ ဆိုပါတယ္

သ႐ုပ္ေဆာင္ ေမသန္းႏုကေတာ့သူမကို အားေပးတဲ့ ပရိသတ္ေတြေၾကာင့္ ေရွ႕ဆက္ၿပီး အႏုပညာအလုပ္ေတြ လုပ္ေဆာင္သြားမယ့္အေၾကာင္း ေျပာလာပါတယ္။ ” အႏုပညာအလုပ္ေတြကိုေတာ့ အေျခအေန ေပးရင္ ေပးသလို လုပ္သြားမွာပါ။ အခုခ်ိန္မွာလည္း ရွင္းရွင္းေျပာရရင္ မဆင့္ကို ခ်စ္တဲ့ ပရိသတ္၊ ကိုယ့္ကို အားေပးတဲ့ပရိသတ္ေတြရွိေနပါေသးလား ဆိုတဲ့ စိတ္က အရမ္းကို ပီတိျဖစ္မိပါတယ္။ ဒါေၾကာင့္ အေျခအေနေပးလာခဲ့ရင္ေတာ့ ဆက္ၿပီး ရပ္တည္ေနမွာပါ”

ဆိုၿပီးေတာ့ မီဒီယာေတြနဲ႔ ေတြ႕ဆုံပြဲမွာ ေျဖဆိုခဲ့တာပါ။ သူမရဲ့ အႏုပညာခရီးမွာ အခုလို အမွုကိစၥေတြ ျဖစ္ခဲ့တဲ့အေပၚ ေနာင္တရေနမိတယ္လို့ ေမသန္းႏုက ဆိုပါတယ္။ သားေလးနဲ႔ ပရိသတ္ေတြ ရဲ့ အားေပးမွုက ခြန္အား တစ္ခုျဖစ္ေစခဲ့ပါတယ္လို့ ဆက္လက္ ေျပာျပခဲ့ပါတယ္။ မျဖစ္သင့္ မျဖစ္ထိုက္တဲ့အရာေလးေတြ ျဖစ္လာတာဆိုေတာ့ ေနာင္တျဖစ္မိတာေပါ့ေလ။ ေနာက္ဆို ေရွာင္ရမယ့္ အရာေတြ ျဖစ္ကုန္တာေပါ့ေနာ္။ ဘဝမွာ အမွတ္တရေတြကေတာ့ အမ်ားႀကီးပါပဲ

မဆင့္ လြတ္လာတဲ့ အခ်ိန္မွာ အားေပးၾကတဲ့ ပရိသတ္ေတြေၾကာင့္ အရမ္းခြန္အားျဖစ္ေစပါတယ္။ လူတစ္ေယာက္မွာ စိတ္က အဓိက ပါ စိတ္က အားတင္းထားရင္ အရာရာေအာင္ျမင္မွာေပါ့ေနာ္။ ေထာင္ထဲမွာ ေနတုန္းကလည္း မဆင့္ ဒီလိုပဲ ေနခဲ့တာပါ။ သားသားဆို ဖုန္းဆက္ၿပီး ေမေမ အားတင္းထားေနာ္ ဆိုၿပီးေတာ့ အျမဲတမ္းေျပာတယ္။ အဲဒီ စိတ္ေလးကို မက်ေအာင္ မဆင့္ အခုခ်ိန္ထိ ထိန္းလာနိုင္ခဲ့ပါတယ္” လို့ ေျပာျပခဲ့ပါေသးတယ္။

ေမသန္းႏုကဟာ ေငြေၾကးလိမ္လည္မွု ပုဒ္မ ၄၂၀ နဲ႔ အင္းစိန္အက်ဥ္း‌ေထာင္မွာ ျပစ္ဒဏ္ခံယူခဲ့ရတာ ျဖစ္ပါတယ္။ ႏွစ္ဆန္းတစ္ရက္ေန႔တုန္းက သမၼတရဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲမွာ သ႐ုပ္ေဆာင္ ေမသန္းႏု မပါဝင္နိုင္ခဲ့ေပမယ့္ ၂၀၂၀ ခုႏွစ္ ဇူလိုင္(၁) ရက္ေန႔မွာေတာ့ ျပန္လည္လြတ္ေျမာက္ လာခဲ့ပါတယ္။ လက္ရွိမွာေတာ့ သူမရဲ့ အားလပ္ခ်ိန္ေတြကို သားေလးနဲ႔ အတူတူ ျဖတ္သန္းေနတာ ေတြ႕ရပါတယ္။ သ႐ုပ္ေဆာင္ ေမသန္းႏု(May Than Nu)ဟာ

ႏုပညာေလာကမွာ ဆယ္စုႏွစ္မ်ားစြာ ေအာင္ျမင္မွုမ်ားနဲ႔ ရပ္တည္နိုင္ခဲ့ၿပီး အခုခ်ိန္ထိလည္း ပရီသတ္အားေပးမွုရေနတဲ့ သ႐ုပ္ေဆာင္တစ္ဦးပါ။ ေမသန္းႏုကို သၾကၤန္မိုး ႐ုပ္ရွင္ဇာတ္ကားကေန ပရိသတ္ေတြ စတင္သိရွိခဲ့တာ ျဖစ္ပါတယ္။

သူမဟာ ၁၉၉၂ ခုႏွစ္မွာ “မူပိုင္ခ်စ္သူ”၊ ၁၉၉၅ ခုႏွစ္မွာ ”ပုဂံမွာသာတဲ့လ”၊ ၁၉၉၆ ခုႏွစ္မွာ “အလင္းေဖ်ာ့ေကာင္းကင္”၊ ၂၀၀၁ ခုႏွစ္မွာ ”ခ်စ္ျခင္း၏အျခားမဲ့၌” ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုမ်ား ရရွိခဲ့သလို ၂၀၀၂ ခုႏွစ္မွာလည္း “ငါသူတစ္ပါးေယာက်္ားမိန္းမ” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို့ဆုကို ထပ္မံရရွိခဲ့ပါတယ္။

(unicodeversion)မေသန်းနုဟာ သူမကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေ ရှိနေသေးတာကြောင့် ဝမ်းသာပီတိဖြစ်နေမိတယ်လို့ ဆိုပါတယ်

သရုပ်ဆောင် မေသန်းနုကတော့သူမကို အားပေးတဲ့ ပရိသတ်တွေကြောင့် ရှေ့ဆက်ပြီး အနုပညာအလုပ်တွေ လုပ်ဆောင်သွားမယ့်အကြောင်း ပြောလာပါတယ်။ ” အနုပညာအလုပ်တွေကိုတော့ အခြေအနေ ပေးရင် ပေးသလို လုပ်သွားမှာပါ။ အခုချိန်မှာလည်း ရှင်းရှင်းပြောရရင် မဆင့်ကို ချစ်တဲ့ ပရိသတ်၊ ကိုယ့်ကို အားပေးတဲ့ပရိသတ်တွေရှိနေပါသေးလား ဆိုတဲ့ စိတ်က အရမ်းကို ပီတိဖြစ်မိပါတယ်။ ဒါကြောင့် အခြေအနေပေးလာခဲ့ရင်တော့ ဆက်ပြီး ရပ်တည်နေမှာပါ”

ဆိုပြီးတော့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဖြေဆိုခဲ့တာပါ။ သူမရဲ့ အနုပညာခရီးမှာ အခုလို အမှုကိစ္စတွေ ဖြစ်ခဲ့တဲ့အပေါ် နောင်တရနေမိတယ်လို့ မေသန်းနုက ဆိုပါတယ်။ သားလေးနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှုက ခွန်အား တစ်ခုဖြစ်စေခဲ့ပါတယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့အရာလေးတွေ ဖြစ်လာတာဆိုတော့ နောင်တဖြစ်မိတာပေါ့လေ။ နောက်ဆို ရှောင်ရမယ့် အရာတွေ ဖြစ်ကုန်တာပေါ့နော်။ ဘဝမှာ အမှတ်တရတွေကတော့ အများကြီးပါပဲ

မဆင့် လွတ်လာတဲ့ အချိန်မှာ အားပေးကြတဲ့ ပရိသတ်တွေကြောင့် အရမ်းခွန်အားဖြစ်စေပါတယ်။ လူတစ်ယောက်မှာ စိတ်က အဓိက ပါ စိတ်က အားတင်းထားရင် အရာရာအောင်မြင်မှာပေါ့နော်။ ထောင်ထဲမှာ နေတုန်းကလည်း မဆင့် ဒီလိုပဲ နေခဲ့တာပါ။ သားသားဆို ဖုန်းဆက်ပြီး မေမေ အားတင်းထားနော် ဆိုပြီးတော့ အမြဲတမ်းပြောတယ်။ အဲဒီ စိတ်လေးကို မကျအောင် မဆင့် အခုချိန်ထိ ထိန်းလာနိုင်ခဲ့ပါတယ်” လို့ ပြောပြခဲ့ပါသေးတယ်။

မေသန်းနုကဟာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အင်းစိန်အကျဉ်း‌ထောင်မှာ ပြစ်ဒဏ်ခံယူခဲ့ရတာ ဖြစ်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့တုန်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ သရုပ်ဆောင် မေသန်းနု မပါဝင်နိုင်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ် ဇူလိုင်(၁) ရက်နေ့မှာတော့ ပြန်လည်လွတ်မြောက် လာခဲ့ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ အားလပ်ချိန်တွေကို သားလေးနဲ့ အတူတူ ဖြတ်သန်းနေတာ တွေ့ရပါတယ်။ သရုပ်ဆောင် မေသန်းနု(May Than Nu)ဟာ

နုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌” ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း “ငါသူတစ်ပါးယောကျ်ားမိန်းမ” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။