ထိုင္ဝမ္တြင္ အေမရိကန္ေဒၚလာ သန္း ၆၂၀ တန္ဖိုးရွိေသာ ဒုံးက်ည္အဆင့္ျမႇင့္တင္ေရး အစီအစဥ္အား အေမရိကန္နိုင္ငံမွ သေဘာတူ

ထိုင္ဝမ္တြင္ အေမရိကန္ေဒၚလာ သန္း ၆၂၀ တန္ဖိုးရွိေသာ ဒုံးက်ည္အဆင့္ျမႇင့္တင္ေရး အစီအစဥ္အား အေမရိကန္နိုင္ငံမွ သေဘာတူ

အေမရိကန္နိုင္ငံသည္ ထိုင္ဝမ္တြင္ ေျမျပင္မွေဝဟင္ပစ္ Patriot ဒုံးက်ည္မ်ား အဆင့္ျမႇင့္တင္ရန္အတြက္ အေမရိကန္ေဒၚလာ သန္း ၆၂၀ တန္ဖိုးရွိေသာ ဒုံးက်ည္ အစိတ္အပိုင္းမ်ား ေရာင္းခ်ေပးမည့္ အစီအစဥ္ကို သေဘာတူလက္ခံခဲ့ေၾကာင္း၊ တ႐ုတ္နိုင္ငံ၏ ၿခိမ္းေျခာက္မွုမ်ားကို ကိုင္တြယ္ေျဖရွင္းရန္အတြက္ အေမရိကန္နိုင္ငံထုတ္ ပစၥည္းမ်ားအား ေနာက္ဆုံးဝယ္ယူမွုျဖစ္ေၾကာင္း

အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာၾကားခဲ့ပါသည္။ အေမရိကန္နိုင္ငံသည္ နိုင္ငံအမ်ားစုကဲ့သို့ ထိုင္ဝမ္ႏွင့္တရားဝင္သံတမန္ ဆက္ဆံေရးမရွိေသာ္လည္း ဒီမိုကရက္တစ္ကၽြန္းအား ကာကြယ္ရန္အတြက္ ဥပေဒအရ တားျမစ္မွုမ်ားရွိေနပါသည္။ တ႐ုတ္နိုင္ငံသည္ ဒီမိုကေရစီနည္းလမ္းက်က်အုပ္ခ်ဳပ္ေနသည့္ ထိုင္ဝမ္ကၽြန္း အား ၎၏ ပိုင္နက္အျဖစ္သတ္မွတ္ထားၿပီး ထိုင္ဝမ္သို့ အေမရိကန္ထုတ္လက္နက္ မ်ား ေရာင္းခ်ေနမွုအေပၚ မၾကာခဏ ျပစ္တင္ရွုတ္ခ်လ်က္ရွိပါသည္။

ထိုင္ဝမ္သည္ ႏွစ္ ၃၀ ၾကာ သက္တမ္းရွိၿပီျဖစ္ေသာ ၎၏ Patriot ဒုံးက်ည္ မ်ားအား အဆင့္ျမႇင့္တင္ရန္အတြက္ အစိတ္အပိုင္းမ်ားဝယ္ယူရန္ ေတာင္းဆိုခဲ့ေၾကာင္း နိုင္ငံျခားေရးဝန္ႀကီးဌာနမွ ဇူလိုင္လ ၉ ရက္ေန႔က ေျပာၾကားခဲ့ပါသည္။ Lockheed Martin ကုမၸဏီသည္ အဓိကကန္ထရိုက္တာျဖစ္ၿပီး စုစုေပါင္း ကုန္က်ေငြမွာ ခန႔္မွန္း အေမရိကန္ေဒၚလာ သန္း ၆၂၀ ရွိမည္ျဖစ္ေၾကာင္း နိုင္ငံျခားေရး ဝန္ႀကီးဌာနမွ ေျပာၾကားခဲ့ပါသည္။

၎အဆိုျပဳထားသည့္ ေရာင္းခ်မွုသည္ ထိုင္ဝမ္စစ္တပ္အား ေခတ္မီေစရန္ႏွင့္ ကာကြယ္ေရးစြမ္းရည္မ်ားကို ထိန္းသိမ္းရန္ ထိုင္ဝမ္၏ ႀကိဳးပမ္းအားထုတ္မွုမ်ားတြင္ ကူညီေထာက္ပံ့ျခင္းျဖင့္ အေမရိကန္နိုင္ငံ၏ အမ်ိဳးသားေရး၊ စီးပြားေရးႏွင့္ လုံျခဳံေရး ဆိုင္ရာ အက်ိဳးစီးပြားမ်ားျဖစ္ထြန္းေစပါသည္။ ထိုင္ဝမ္အေနျဖင့္ ေဒသတြင္း ၿခိမ္းေျခာက္မွုမ်ားကို ဟန႔္တားရန္ႏွင့္ အမိေျမ ကာကြယ္ေရးတြင္ ပိုမိုခိုင္မာမွုရွိေစရန္အတြက္ ၎စြမ္းရည္မ်ားကို အသုံးျပဳသြားမည္ ျဖစ္သည္။

ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနမွ အဆိုပါ ေရာင္းခ်မွုသည္ လာမည့္လအတြင္း အက်ိဳးသက္ေရာက္မည္ဟု ေမၽွာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါသည္။ အဆိုပါ လက္နက္ေရာင္းခ်မွုသည္ အေမရိကန္နိုင္ငံမွ ထိုင္ဝမ္သို့ သတၱမႀကိမ္ေျမာက္ ေရာင္းခ်မွုျဖစ္ၿပီး မိမိတို့၏ အမ်ိဳးသားကာကြယ္ေရးဆိုင္ရာ လုံျခဳံေရးႏွင့္ဆက္စပ္၍ အေရးပါသည္ကို ျပသျခင္း၊ မိမိတို့၏ လုံျခဳံေရးမိတ္ဖက္ျဖစ္သည့္ အေမရိကန္နိုင္ငံႏွင့္ ပူးေပါင္းေဆာင္ရြက္ျခင္း၊

ထိုင္ဝမ္ေရလက္ၾကားႏွင့္ ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းမွုကို အတူတကြထိန္းသိမ္းျခင္းျဖစ္ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနမွ ေျပာၾကားခဲ့ ပါသည္။ ထိုင္ဝမ္အနီးတြင္ တ႐ုတ္ေလတပ္ႏွင့္ေရတပ္မ်ား၏ စစ္ေရးေလ့က်င့္မွုမ်ား ကဲ့သို့ေသာ တ႐ုတ္နိုင္ငံ၏ ၿခိမ္းေျခာက္မွုမ်ား ပိုမိုျမင့္တက္လာသည္ႏွင့္အမၽွ ထိုင္ဝမ္ သည္ ၎၏ ကာကြယ္ေရးတြင္ အားျဖည့္လုပ္ေဆာင္လ်က္ရွိပါသည္source-Channel News Asia#Myanmar_Online_News

(unicode version)

ထိုင်ဝမ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၂၀ တန်ဖိုးရှိသော ဒုံးကျည်အဆင့်မြှင့်တင်ရေး အစီအစဉ်အား အမေရိကန်နိုင်ငံမှ သဘောတူ

အမေရိကန်နိုင်ငံသည် ထိုင်ဝမ်တွင် မြေပြင်မှဝေဟင်ပစ် Patriot ဒုံးကျည်များ အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၂၀ တန်ဖိုးရှိသော ဒုံးကျည် အစိတ်အပိုင်းများ ရောင်းချပေးမည့် အစီအစဉ်ကို သဘောတူလက်ခံခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အမေရိကန်နိုင်ငံထုတ် ပစ္စည်းများအား နောက်ဆုံးဝယ်ယူမှုဖြစ်ကြောင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် နိုင်ငံအများစုကဲ့သို့ ထိုင်ဝမ်နှင့်တရားဝင်သံတမန် ဆက်ဆံရေးမရှိသော်လည်း ဒီမိုကရက်တစ်ကျွန်းအား ကာကွယ်ရန်အတွက် ဥပဒေအရ တားမြစ်မှုများရှိနေပါသည်။ တရုတ်နိုင်ငံသည် ဒီမိုကရေစီနည်းလမ်းကျကျအုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်း အား ၎င်း၏ ပိုင်နက်အဖြစ်သတ်မှတ်ထားပြီး ထိုင်ဝမ်သို့ အမေရိကန်ထုတ်လက်နက် များ ရောင်းချနေမှုအပေါ် မကြာခဏ ပြစ်တင်ရှုတ်ချလျက်ရှိပါသည်။

ထိုင်ဝမ်သည် နှစ် ၃၀ ကြာ သက်တမ်းရှိပြီဖြစ်သော ၎င်း၏ Patriot ဒုံးကျည် များအား အဆင့်မြှင့်တင်ရန်အတွက် အစိတ်အပိုင်းများဝယ်ယူရန် တောင်းဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၉ ရက်နေ့က ပြောကြားခဲ့ပါသည်။ Lockheed Martin ကုမ္ပဏီသည် အဓိကကန်ထရိုက်တာဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၆၂၀ ရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

၎င်းအဆိုပြုထားသည့် ရောင်းချမှုသည် ထိုင်ဝမ်စစ်တပ်အား ခေတ်မီစေရန်နှင့် ကာကွယ်ရေးစွမ်းရည်များကို ထိန်းသိမ်းရန် ထိုင်ဝမ်၏ ကြိုးပမ်းအားထုတ်မှုများတွင် ကူညီထောက်ပံ့ခြင်းဖြင့် အမေရိကန်နိုင်ငံ၏ အမျိုးသားရေး၊ စီးပွားရေးနှင့် လုံခြုံရေး ဆိုင်ရာ အကျိုးစီးပွားများဖြစ်ထွန်းစေပါသည်။ ထိုင်ဝမ်အနေဖြင့် ဒေသတွင်း ခြိမ်းခြောက်မှုများကို ဟန့်တားရန်နှင့် အမိမြေ ကာကွယ်ရေးတွင် ပိုမိုခိုင်မာမှုရှိစေရန်အတွက် ၎င်းစွမ်းရည်များကို အသုံးပြုသွားမည် ဖြစ်သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါ ရောင်းချမှုသည် လာမည့်လအတွင်း အကျိုးသက်ရောက်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ လက်နက်ရောင်းချမှုသည် အမေရိကန်နိုင်ငံမှ ထိုင်ဝမ်သို့ သတ္တမကြိမ်မြောက် ရောင်းချမှုဖြစ်ပြီး မိမိတို့၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ လုံခြုံရေးနှင့်ဆက်စပ်၍ အရေးပါသည်ကို ပြသခြင်း၊ မိမိတို့၏ လုံခြုံရေးမိတ်ဖက်ဖြစ်သည့် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အတူတကွထိန်းသိမ်းခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ ပါသည်။ ထိုင်ဝမ်အနီးတွင် တရုတ်လေတပ်နှင့်ရေတပ်များ၏ စစ်ရေးလေ့ကျင့်မှုများ ကဲ့သို့သော တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာသည်နှင့်အမျှ ထိုင်ဝမ် သည် ၎င်း၏ ကာကွယ်ရေးတွင် အားဖြည့်လုပ်ဆောင်လျက်ရှိပါသည်။ source-Channel News Asia #Myanmar_ Online_News