အေရွ႕ေတာင္အာရွမွာ အႀကီးဆုံး “သေဘၤာသခၤ်ိဳင္း” ျဖစ္ခဲ့တဲ့ “ကသာ”

အေရွ႕ေတာင္အာရွမွာ အႀကီးဆုံး “သေဘၤာသခၤ်ိဳင္း” ျဖစ္ခဲ့တဲ့ “ကသာ”

လူသခၤ်ိဳ၊ ကားသခၤ်ိဳင္း၊ ေလယာဥ္သခၤ်ိဳင္း ေတြပဲ ၾကားဖူးခဲ့တာ ကသာေရာက္မွကို “သေဘၤာသခၤ်ိဳင္း” ဆိုတာ ၾကားဖူးတာရယ္။ ဒုတိယ ကမၻာစစ္တုန္းက ျဖစ္ခဲ့ဖူးတာတဲ့။ ခုေနေတာ့ တျခားေနရာေတြမွာ သေဘၤာသခၤ်ိဳင္း ေတြရွိေနနိုင္ေပမယ့္ အဲ့ေခတ္အဲ့အခါတုန္းကေတာ့ ကသာက အႀကီးဆုံးလို့ေျပာတယ္။

တကယ္ေတာ့ ကသာက ျမန္မာျပည္အတြက္ ဒုတိယ သေဘၤာသခၤ်ိဳင္းေပါ့ ပထမ သေဘၤာသခၤ်ိဳင္းက မန္းေလး အနီးတဝိုက္မွာ အရင္ျမႇုပ္တာတဲ့။ ဒါျဖင့္ဘာလို့ ကသာက အႀကီးဆုံး “ သေဘၤာသခၤ်ိဳင္း” ျဖစ္ခဲ့လဲဆိုေတာ့ တကယ့္ေကာင္းေပ့ညႊန႔္ေပ့ဆိုတဲ့ “ဧရာ၀တီဖေလာ္တီလာကုမၸဏီပိုင္” သေဘၤာႀကီးေတြကို

ကသာအထိ ဆန္တက္ၿပီး ျမႇုပ္ခဲ့လို့ အဲ့ေခတ္၊ အဲ့အခါက အေရွ႕ေတာင္ အာရွရဲ့ အႀကီးဆုံးလို့ ေရးၾကတာတဲ့။ (ဒုတိယကမၻာစစ္ရဲ့ ဇာတ္ပို့မင္းသား ကသာ) ျဖစ္ပုံက ဒီလို။ ဒုတိ ယကမၻာစစ္မွာ ျမန္မာနိုင္ငံကလည္း ေတာ္ေတာ္ခံရတယ္ေလ။ အဂၤလိပ္က ဝင္ၿပီး သိမ္းလိုက္၊ ဂ်ပန္က ဝင္လာလိုက္၊ အဂၤလိပ္က ထြက္ေျပးလိုက္၊

ဂ်ပန္က ျပန္ထြက္ေျပးလိုက္၊ အဂၤလိပ္က ျပန္ဝင္လိုက္နဲ႔ကို အေတာ့္ကို ရွုပ္ရွက္ခဲ့တာေရာ္။ အဲ့လို စစ္အတြင္း အဝင္အထြက္အခ်ိန္မွာ ကသာၿမိဳံက အဓိက ဇာတ္လိုက္ေက်ာ္ႀကီး ျဖစ္ခဲ့တာရယ္ ဂ်ပန္ေတြဝင္လာေတာ့ အဂၤလိပ္က မနိုင္ေတာ့လို့ ေျပးရၾကတယ္။ အစိုးရထိပ္သီးပိုင္းကလူေတြကေတာ့ ေလယာဥ္ေတြ၊ ရထားေတြနဲ႔ ႀကိဳေျပး၊

စစ္သားေတြက တပ္ဆုတ္ေျပးၾကနဲ႔ က်န္တဲ့သူေတြကလည္း ေသာင္တင္ေနေသးတာရယ္။ အဲ့ေခတ္တုန္းက အဂၤလိပ္အာဏာပိုင္ေတြဆိုတာ အိႏၵိယနိုင္ငံမွာ ႐ုံးစိုက္ၿပီး ျမန္မာကို ဘုရင္ခံနဲ႔ အုပ္ခ်ဳပ္တာကိုး။ ဆိုေတာ့ ေျပးၾကၿပီေဟ့ဆိုေတာ့ အနီးစပ္ဆုံး လမ္းေၾကာင္းကေန အိႏၵိယနိုင္ငံထဲကို ေျပးရေရာ။

ျဖစ္ခ်င္ေတာ့ ဂ်ပန္က ေအာက္ပိုင္းမွာသိမ္းေနၿပီ။ ကသာ အထက္ ဗန္းေမာ္ကို ေလေၾကာင္းနဲ႔ တိုက္မယ္ဆိုေတာ့ သေဘၤာေတြက ကသာမွာေက်ာက္ခ်ၿပီး ကုန္းလမ္းေၾကာင္းကေန ေျပးဖို့ လုပ္ၾကရတာတဲ့။ (▪️ေျမလွန္စနစ္)က်န္ေသးတဲ့ အစိုးရပိုင္းကလူေတြေရာ၊ ခိုင္းဖို့ေခၚထားတဲ့ အႏၵိယႏြယ္ဖြားလုပ္သားေတြပါ တခါတည္းသယ္လာၾကတာ။

ဘာလို့ဆို လုပ္သားေတြကို ဂ်ပန္ေတြရသြားရင္ စစ္ေအာင္နိုင္ဖို့ အသုံးခ်မွာစိုးလို့တဲ့ အကုန္ကို ျပန္သယ္တာ။ “ေျမလွန္စနစ္” လို့လဲေခၚတယ္တဲ့။ အဲ့တာေၾကာင့္မလို့လဲ “ သေဘၤာသခၤ်ိဳင္း” ဆိုတာ ျဖစ္လာခဲ့တာရယ္။ ကသာမွာေက်ာက္ခ်ၾကၿပီး လူေတြက ကမ္းေပၚတက္ေျပးၾက။ က်န္တဲ့ တာဝန္ရွိသူေတြကေတာ့

ပါလာသမၽွ သေဘၤာေတြအကုန္လုံးကို ေဖာက္ခြဲၿပီး ေရျမဳပ္ပစ္ခဲ့တယ္တဲ့။တခ်ိဳ့သေဘၤာေပၚမွာဆို မေျပးနိုင္ေတာ့တဲ့ ဂီလာနေတြ၊ သက္ႀကီးရြယ္အိုေတြနဲ႔ ကေလးငယ္ေတြကိုပါေရာပဲ နစ္ျမႇုပ္လိုက္ၾကတာတဲ့။ အဲ့ေခတ္အဲ့အခါက မီလိုက္တဲ့ လူႀကီးေတြကေတာ့ ညဘက္က် ေပါက္ခြဲတာ တစ္ပတ္ေလာင္အထိပဲ။ မီးေတြဆို ျမစ္တျပင္လုံး လင္းေနတာပဲတဲ့။

သေဘၤာေတြဆိုတာကလည္း နည္းတာႀကီးေတြမွ မဟုတ္တာရယ္။ စုစုေပါင္း သေဘၤာအစီး (၂၀၀) နီးပါးကို ကသာၿမိဳ့အေရွ႕က ဧရာဝတီျမစ္ထဲကို ေဖာက္ခြဲျမဳပ္ပစ္ၾကတာရယ္။ ဘယ္လိုေဖာက္ခြဲတုန္းဆို ေသနတ္နဲ႔ သူတို့သတ္မွတ္ထားတဲ့ ေနရာေတြကို ပစ္ရတာတဲ့။ အဲ့ဒီေတာ့မွ သေဘၤာႀကီးထဲ ေရေတြဝင္ၿပီးတအိအိနဲ႔ ျမစ္ေရထဲျမဳပ္၊

အခ်ိန္ၾကာလာတာနဲ႔အမၽွ ျမစ္ေအာက္က ေျမႀကီးထဲျမႇပ္ဝင္ ကုန္ေတာ့တာပါပဲ ျမႇုပ္ခံရတဲ့ သေဘၤာႀကီးေတြကလည္း ပါခ်ီပါခ်က္ သေဘၤာေတြ မဟုတ္ဘူးရယ္။ အဲ့ေခတ္ အဲ့အခါက “ေဝလမင္းသား နဲ႔ မင္းသမီး” စီးတဲ့ “ဂ်ပန္ သေဘၤာ” တို့၊ “အႏၵိယဘုရင္ခံခ်ဳပ္” လာတုန္းက စီးတဲ့ “မိုက္ဆိုး သေဘၤာ” တို့၊

“ထိုင္းမင္းသား” စီးခဲ့တဲ့ “ဆိုင္းရင္း သေဘၤာ” တို့လို့ ဒိတ္ဒိတ္ၾကဲေတြကို ျမႇပ္ခ် ပစ္တာ။ နည္းနည္းေနာေနာႀကီးေတြလည္း မဟုတ္ဘူး။ တစ္စီးကို ေပ(၃၀၀)ေက်ာ္ေလာက္ ရွိတဲ့ဟာႀကီးေတြေပါ့။ အဲ့ေခတ္ကေတာ့ သိပ္တန္ဖိုးရွိတဲ့ သေဘၤာႀကီးေတြကို ဂ်ပန္ေတြမယူနိုင္ေအာင္ ျမႇုပ္ခဲ့တာတဲ့။ အဲ့ဒီ သေဘၤာေတြထဲမွာ ေဆး႐ုံသေဘၤာ၊

ဘိလပ္ေျမသေဘၤာ၊ လက္နက္သေဘၤာ၊ သြပ္သေဘၤာ၊ သံသေဘၤာေတြ စုံေနတာပါပဲ။ မျမဳပ္ခင္ သေဘၤာႀကီးေတြကို ေရလည္ေခါင္မွာ ေသာင္တင္ထားၾကေတာ့ ရြာနီးစပ္ေတြကေန ပစၥည္းေတြသြားယူၾကေသးတာလို့ ေျပာၾကေသးတယ္။ ေရြေခ်ာင္းတို့၊ အၿဖိဳက္နက္တို့လို့ တန္ဖိုးရွိတာေတြက် သူမ်ားယူမွာစိုးလို့လား မသိပါဘူး ကတၱရာေစးေတြေလာင္းၿပီး ႐ုပ္ဖ်က္ထားၾကတာတဲ့။

အဲ့သလိုနဲ႔ ေနာက္ဆုံးပိတ္က် အကုန္လုံးကို ျမႇုပ္ပစ္လိုက္ရတာပါပဲတဲ့။ ျမႇုပ္ခါစတုန္းကဆိုရင္ သေဘၤာေခါင္းတိုင္တို့၊ ဦးပိုင္း၊ ပဲ့ပိုင္းေတြက ေရပၚမွာ ေပၚတစ္ဝက္၊ ျမဳပ္တစ္ဝက္ေတြခ်ည္းပဲတဲ့။ အဂၤလိပ္ေတြေနာ္ လူမ်ိဳးစြဲသာႀကီးသာ ေခါင္းကေတာ့ အင္မတန္ေကာင္းသားရယ္။ ျမဳပ္တာကိုမွ ထင္ရာျမင္ရာ ျမႇုပ္တာမဟုတ္ဘူးေနာ္။

ကသာကမ္းနားကေနၿပီး ဧရာဝတီျမစ္ရိုးတစ္ေလၽွာက္ဘယ္အစီးေတြကိုေတာ့ ဘယ္ကေန ဘယ္လိုစီၿပီး၊ ေျမပုံဆြဲၿပီး ျမႇုပ္သြားခဲ့တာရယ္။ အဲ့သလိုကို စနစ္က်ခဲ့တာရယ္ (ျပန္လည္တူးေဖာ္ျခင္း) လြတ္လပ္ေရးရၿပီး ေနာက္ပိုင္းကေနစ အဲ့ဒီေျမပုံကိုင္ၿပီး သေဘၤာေတြေဖာ္ခဲ့တာ (၁၉၉၀) ေက်ာ္အထိပါပဲ။ (၁၉၄၂) ေနာက္ပိုင္းေလာက္က ျမႇုပ္ခဲ့တာဆိုေတာ့ လြတ္လပ္ေရးၿပီး ဖ.ဆ.ပ.လ ေခတ္မွာ ျပန္ေဖာ္ၾကတာေပါ့။

အဲ့ေခတ္အဲ့အခါက စက္မွုပစၥည္းေတြ ရွားပါးတယ္၊ ေနာက္ၿပီး တံခါးပိတ္ဝါဒ က်င့္သုံးခဲ့လို့ ျပည္ပက ပစၥည္းေတြသြင္းမရ စက္ပစၥည္းအတြက္ လိုအပ္တဲ့ သံေတြဝယ္ရခက္လို့ ဟိုးအရင္က စစ္ သေဘၤာေတြျပန္ေဖာ္ၿပီး သံေတြ အရည္ႀကိဳၿပီး ျပန္သုံးၾကရတာတဲ့။ အဲ့ေခတ္က သေဘၤာေတြျပန္ေဖာ္ခဲ့တဲ့ ပညာရွင္ ဘဘေနလင္းနဲ႔ေတြ႕ေတာ့ ျပန္ေျပာျပတယ္။

ခုေနေတြးၾကည့္ရင္ေတာ့ ႏွေျမာစရာႀကီးေပါ့ အဲ့ေခတ္တုန္းက ခုေလာက္နည္းပညာမစုံေတာ့ သေဘၤာေဖာ္ရတာမလြယ္ပါဘူး။ မ်က္မျမင္ ပုဏၰား(၆)ေယာက္ ဆင္ႀကီးကိုစမ္းေနသလို ေရထဲမွာ မျမင္မစမ္းနဲ႔ ေဖာ္ၾကရတာလို့ မွတ္တာပါပဲ။ ျမစ္ေရထဲမွာ ေရမွုန္ေတြနဲ႔ဆိုေတာ့ မီးလဲ တိုးမေပါက္ဘူးေျပာတယ္။

ဒီေနရာမွာ “ကၽြမ္းက်င္မွု” နဲ႔ “ဝါရင့္ သမၻာရင့္” ကသိပ္စကားေျပာတာကိုး။ တစ္ခုေကာင္းသြားတာက ဘယ္သေဘၤာက ဘယ္မွာျမႇုပ္ထားတာဆိုၿပီး အခ်က္အလက္က ရွိေနေတာ့ တြက္ခ်က္ရလြယ္သြားတယ္။ ဥပမာ “ေဝလမင္းသား နဲ႔ မင္းသမီး” စီးတဲ့ “ဂ်ပန္ သေဘၤာ”က ဒီေနရာမွာဆိုရင္သေဘၤာရဲ့ အက်ယ္တို့၊ ဖြဲ႕စည္းပုံတို့ ပုံစံတို့က ရွိၿပီးသားေလ

အဲ့ခါက် သေဘၤာေနရာရွာတဲ့ စက္ကေလးကို ေရထဲခ်၊ ဘယ္နားကေန ဘယ္နားကေတာ့ ေရထဲမွာရွိတယ္၊ မွတ္ထားၾက။ အဲ့အခ်ိန္ဆို ခုနက ဘဘေနလင္းတို့လို ေခါင္းေဆာင္က ေရထဲကို အရင္ဆင္း၊ လက္နဲ႔စမ္းၾကည့္၊ သေဘၤာအတြင္းပိုင္းထဲဝင္ၿပီး စမ္းၾကည့္၊ ဘယ္ကေတာ့ ပဲ့ပိုင္း၊ ဘယ္ကေတာ့ ကိုယ္ပိုင္း၊ ဘယ္ကေတာ့ျဖင့္ ဦးပိုင္းဆိုၿပီး

သတ္မွတ္ျပီး ေရေပၚျပန္တက္လာၿပီး ပုံျပန္ဆြဲ၊ သေဘၤာကိုျပန္ေဖာ္ဖို့ ဗ်ဳဟာဆြဲၾကရတယ္ သေဘၤာေတြက ျမစ္ေရျပင္ေအာက္ (၁၂)ေပေလာက္ကေန ဟိုးေအာက္ ေပ (၂၀၀) ေလာက္အထိ ျမႇုပ္ေနတာေတြလည္းရွိတယ္။ ႏွစ္ေတြၾကာလို့ ျမစ္ေၾကာင္းေျပာင္းသြားတာေတြလည္း ရွိတယ္။ အဲ့ၾကားထဲကမွ မျမင္ရတဲ့ အေနအထားမွာ ရွာရေတာ့ ေတာ္ေတာ္ႀကီးေတာ့ မလြယ္ဘူး မွတ္တာပါပဲ။

အဲ့ေခတ္က သေဘၤာေဖာ္မယ္ဆို ေပပါပုံးႀကီးေတြသုံးၿပီး ေဖာ္ၾကရတယ္ေျပာတယ္။ အရင္ဆုံး သေဘၤာအတြင္းပိုင္းနဲ႔ ပတ္ခ်ာလယ္မွာရွိတဲ့ သဲေတြက္ို စက္ေတြနဲ႔ စုပ္ထုတ္ရတယ္။ ဝါးေဖာင္တစ္စီးမွာ သဲစုပ္တဲ့စက္ရယ္၊ လူရယ္တင္ၿပီး သူ႔အပိုင္းနဲ႔သူ စုပ္ထုတ္ရတာတဲ့။ အဲ့တာေတြၿပီးၿပီဆိုရင္ သေဘၤာေဖာ္တဲ့ လုပ္ငန္း (၈၀)% ၿပီးတာပဲတဲ့။

ပီးရင္ ေပပါပုံးႀကီးေတြကို ေရထည့္ၿပီးေအာက္ကိုယူသြား၊ ေအာက္ေရာက္မွ ပုံးထဲ ေလျပန္ထိုးထည့္ေတာ့မွ တခါတည္း သေဘၤာနဲ႔ခ်ိတ္ၿပီး အေပၚကို ေပၚလာၾကေတာ့တာ။ သေဘၤာႀကီးေတြအလုံးလိုက္ႀကီး ျပန္ေပၚလာတာမ်ိဳးရွိသလို တခ်ိဳ့က် ဗုံးထိထားေတာ့ တစ္ပိုင္းတစ္စေတြ ေပၚတာမ်ိဳးလဲ ရွိတာတဲ့။

စိတ္ထဲမွာေတာ့ သေဘၤာအလုံးလိုက္ႀကီး ျပန္ေပၚလာတဲ့ အခ်ိန္မ်ိဳးက သိပ္ေပ်ာ္စရာေကာင္းမယ္လို့ ေတြးမိတာပါပဲ အဲ့လို တခ်ိန္က အႀကီးဆုံး “သေဘၤာသခၤ်ိဳင္း”ျဖစ္ခဲ့တဲ့ ကသာက ခုေနေတာ့ ေခ်ာက္ကပ္ကပ္ကေလး က်န္ေတာ့တာပါပဲ။ ေႏြနဲ႔ေဆာင္းဆို ဧရာဝတီျမစ္ထဲမယ္ ေရေတာင္ မနည္းရွာယူရတယ္။ ေသာင္ေတြ ျဖစ္ကုန္တာလည္း မနည္းပဲကိုး။

ဘဘေနလင္းကေတာ့ ေျမေအာက္မွာ သေဘၤာေတြမက်န္ေတာ့ဘူးတဲ့၊ ကသာဂု႐ုႀကီး ကိုညိဳကိုနိုင္ကေတာ့ (၂)စီးေလာက္ က်န္ေသးတယ္လို့ မွန္းတယ္။ ေနာ္ကေတာ့ ဟိုးအရင္က ေဖာ္ခဲ့တဲ့ သမိုင္းဝင္ စစ္တြင္းသေဘၤာႀကီးေတြကို ႏွေျမာမိတာပါပဲ။ အဲ့ေခတ္အဲ့အခါတုံးကလည္း ခုလိုမဟုတ္ေတာ့ သံေရက်ိဳဖို့ ပိုအားသန္ၾကတာကိုး။ ခုေနဆိုရင္ေတာ့ သမိုင္းဝင္ပစၥည္းဆိုၿပီး ေသခ်ာစနစ္တက် သိမ္းထားမွာရယ္။

သေဘၤာအစီး (၅၀)ေက်ာ္ေလာက္ေဖာ္ခဲ့တဲ့ ဘဘေနလင္းကေတာင္ေျပာေနတာ “ငါလည္း မသိခဲ့လို့ေပါ့ ငါ့သမီးရ၊ သိရင္ တစ္စီးေလာက္ ခ်န္ထားမွာေပါ့” တဲ့ သမိုင္းဝင္ပစၥည္းေတြကို သူလဲ ႏွေျမာေနသား။ ကိုယ္လဲ ႏွေျမာမိသား။ ကိုညိဳကိုနိုင္ မွန္းတာမွန္ရင္ေတာ့ (၂)စီးေလာက္ ျမစ္ထဲမွာ ရွိတန္ေကာင္းပါရဲ့။ ျပန္ေဖာ္ၿပီး စနစ္တက် ထိန္းသိမ္းျပသနိုင္မယ္ဆိုရင္ေတာ့ “ကသာ” ၿမိဳ့ေလးကို

ပိုၿပီးလူစိတ္ဝင္စားၾကၿပီး ပိုစည္ကားလာမယ္ မွတ္တာပါပဲ။ အခုေတာ့ အတိတ္ေတြကိုပဲ လြမ္းမိတယ္ ကသာရယ္လို့ ေတြးေနမိတာပါပဲ။ ကံေကာင္း အေၾကာင္းလွရင္ေတာ့ သေဘၤာႀကီးကို ေဖာ္ခြင့္ရခ်င္ေသးပါရဲ့ …. သမိုင္းဆိုတာမ်ိဳးက ေမ့ရိုးထုံးစံမွ မရွိပဲကိုအေျခအေနေပးတဲ့ တစ္ေန႔က် သေဘၤာႀကီးျပန္ဆယ္နိုင္မလားလို့ ေမၽွာ္လင့္မိရင္း Ref: စစ္တြင္းစကား – ၿငိမ္းေရႊလီ /

(စာမ်က္ႏွာ ၂၉၅-၃၀၀၊ ကသာမဂၢဇင္း – ၂၀၂၀ – မတ္လ – ပထမအႀကိမ္)/ ထိုင္းစက္ဘီးစီးအဖြဲ႕ ကသာၿမိ့သို့ လည္ပတ္ျခင္း – နန္းဇင္မ်ိဳးေအာင္/ (စာမ်က္ႏွာ ၁၆၁၊ ကသာမဂၢဇင္း – ၂၀၂၀ – မတ္လ – ပထမအႀကိမ္) / သခၤါရေရျပာအိမ္ – အဲၿငိမ္းသာ / စာမ်က္ႏွာ ၇၈/ ဦးေနလင္း၏ ေျပာျပခ်က္မ်ားမွ/ ကိုညိဳကိုနိုင္၏ ေျပာျပခ်က္မ်ားမွ /ဓါတ္ပုံ – ေအာင္ဆန္းဦး (သိန္းေခ်ာင္း) ၊ ပုလဲ-ကသာ

(unicode version) အရှေ့တောင်အာရှမှာ အကြီးဆုံး “သင်္ဘောသင်္ချိုင်း” ဖြစ်ခဲ့တဲ့ “ကသာ”

လူသင်္ချိုင်း၊ ကားသင်္ချိုင်း၊ လေယာဉ်သင်္ချိုင်း တွေပဲ ကြားဖူးခဲ့တာ ကသာရောက်မှကို “သင်္ဘောသင်္ချိုင်း” ဆိုတာ ကြားဖူးတာရယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက ဖြစ်ခဲ့ဖူးတာတဲ့။ ခုနေတော့ တခြားနေရာတွေမှာ သင်္ဘောသင်္ချိုင်း တွေရှိနေနိုင်ပေမယ့် အဲ့ခေတ်အဲ့အခါတုန်းကတော့ ကသာက အကြီးဆုံးလို့ပြောတယ်။

တကယ်တော့ ကသာက မြန်မာပြည်အတွက် ဒုတိယ သင်္ဘောသင်္ချိုင်းပေါ့ ပထမ သင်္ဘောသင်္ချိုင်းက မန်းလေး အနီးတဝိုက်မှာ အရင်မြှုပ်တာတဲ့။ ဒါဖြင့်ဘာလို့ ကသာက အကြီးဆုံး “ သင်္ဘောသင်္ချိုင်း” ဖြစ်ခဲ့လဲဆိုတော့ တကယ့်ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ “ဧရာဝတီဖလော်တီလာကုမ္ပဏီပိုင်” သင်္ဘောကြီးတွေကို

ကသာအထိ ဆန်တက်ပြီး မြှုပ်ခဲ့လို့ အဲ့ခေတ်၊ အဲ့အခါက အရှေ့တောင် အာရှရဲ့ အကြီးဆုံးလို့ ရေးကြတာတဲ့။ (ဒုတိယကမ္ဘာစစ်ရဲ့ ဇာတ်ပို့မင်းသား ကသာ) ဖြစ်ပုံက ဒီလို။ ဒုတိ ယကမ္ဘာစစ်မှာ မြန်မာနိုင်ငံကလည်း တော်တော်ခံရတယ်လေ။ အင်္ဂလိပ်က ဝင်ပြီး သိမ်းလိုက်၊ ဂျပန်က ဝင်လာလိုက်၊ အင်္ဂလိပ်က ထွက်ပြေးလိုက်၊

ဂျပန်က ပြန်ထွက်ပြေးလိုက်၊ အင်္ဂလိပ်က ပြန်ဝင်လိုက်နဲ့ကို အတော့်ကို ရှုပ်ရှက်ခဲ့တာရော်။ အဲ့လို စစ်အတွင်း အဝင်အထွက်အချိန်မှာ ကသာမြိုံက အဓိက ဇာတ်လိုက်ကျော်ကြီး ဖြစ်ခဲ့တာရယ် ဂျပန်တွေဝင်လာတော့ အင်္ဂလိပ်က မနိုင်တော့လို့ ပြေးရကြတယ်။ အစိုးရထိပ်သီးပိုင်းကလူတွေကတော့ လေယာဉ်တွေ၊ ရထားတွေနဲ့ ကြိုပြေး၊

စစ်သားတွေက တပ်ဆုတ်ပြေးကြနဲ့ ကျန်တဲ့သူတွေကလည်း သောင်တင်နေသေးတာရယ်။ အဲ့ခေတ်တုန်းက အင်္ဂလိပ်အာဏာပိုင်တွေဆိုတာ အိန္ဒိယနိုင်ငံမှာ ရုံးစိုက်ပြီး မြန်မာကို ဘုရင်ခံနဲ့ အုပ်ချုပ်တာကိုး။ ဆိုတော့ ပြေးကြပြီဟေ့ဆိုတော့ အနီးစပ်ဆုံး လမ်းကြောင်းကနေ အိန္ဒိယနိုင်ငံထဲကို ပြေးရရော။

ဖြစ်ချင်တော့ ဂျပန်က အောက်ပိုင်းမှာသိမ်းနေပြီ။ ကသာ အထက် ဗန်းမော်ကို လေကြောင်းနဲ့ တိုက်မယ်ဆိုတော့ သင်္ဘောတွေက ကသာမှာကျောက်ချပြီး ကုန်းလမ်းကြောင်းကနေ ပြေးဖို့ လုပ်ကြရတာတဲ့။ (▪️မြေလှန်စနစ်)ကျန်သေးတဲ့ အစိုးရပိုင်းကလူတွေရော၊ ခိုင်းဖို့ခေါ်ထားတဲ့ အန္ဒိယနွယ်ဖွားလုပ်သားတွေပါ တခါတည်းသယ်လာကြတာ။

ဘာလို့ဆို လုပ်သားတွေကို ဂျပန်တွေရသွားရင် စစ်အောင်နိုင်ဖို့ အသုံးချမှာစိုးလို့တဲ့ အကုန်ကို ပြန်သယ်တာ။ “မြေလှန်စနစ်” လို့လဲခေါ်တယ်တဲ့။ အဲ့တာကြောင့်မလို့လဲ “ သင်္ဘောသင်္ချိုင်း” ဆိုတာ ဖြစ်လာခဲ့တာရယ်။ ကသာမှာကျောက်ချကြပြီး လူတွေက ကမ်းပေါ်တက်ပြေးကြ။ ကျန်တဲ့ တာဝန်ရှိသူတွေကတော့

ပါလာသမျှ သင်္ဘောတွေအကုန်လုံးကို ဖောက်ခွဲပြီး ရေမြုပ်ပစ်ခဲ့တယ်တဲ့။တချို့သင်္ဘောပေါ်မှာဆို မပြေးနိုင်တော့တဲ့ ဂီလာနတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကိုပါရောပဲ နစ်မြှုပ်လိုက်ကြတာတဲ့။ အဲ့ခေတ်အဲ့အခါက မီလိုက်တဲ့ လူကြီးတွေကတော့ ညဘက်ကျ ပေါက်ခွဲတာ တစ်ပတ်လောင်အထိပဲ။ မီးတွေဆို မြစ်တပြင်လုံး လင်းနေတာပဲတဲ့။

သင်္ဘောတွေဆိုတာကလည်း နည်းတာကြီးတွေမှ မဟုတ်တာရယ်။ စုစုပေါင်း သင်္ဘောအစီး (၂၀၀) နီးပါးကို ကသာမြို့အရှေ့က ဧရာဝတီမြစ်ထဲကို ဖောက်ခွဲမြုပ်ပစ်ကြတာရယ်။ ဘယ်လိုဖောက်ခွဲတုန်းဆို သေနတ်နဲ့ သူတို့သတ်မှတ်ထားတဲ့ နေရာတွေကို ပစ်ရတာတဲ့။ အဲ့ဒီတော့မှ သင်္ဘောကြီးထဲ ရေတွေဝင်ပြီးတအိအိနဲ့ မြစ်ရေထဲမြုပ်၊

အချိန်ကြာလာတာနဲ့အမျှ မြစ်အောက်က မြေကြီးထဲမြှပ်ဝင် ကုန်တော့တာပါပဲ မြှုပ်ခံရတဲ့ သင်္ဘောကြီးတွေကလည်း ပါချီပါချက် သင်္ဘောတွေ မဟုတ်ဘူးရယ်။ အဲ့ခေတ် အဲ့အခါက “ဝေလမင်းသား နဲ့ မင်းသမီး” စီးတဲ့ “ဂျပန် သင်္ဘော” တို့၊ “အန္ဒိယဘုရင်ခံချုပ်” လာတုန်းက စီးတဲ့ “မိုက်ဆိုး သင်္ဘော” တို့၊

“ထိုင်းမင်းသား” စီးခဲ့တဲ့ “ဆိုင်းရင်း သင်္ဘော” တို့လို့ ဒိတ်ဒိတ်ကြဲတွေကို မြှပ်ချ ပစ်တာ။ နည်းနည်းနောနောကြီးတွေလည်း မဟုတ်ဘူး။ တစ်စီးကို ပေ(၃၀၀)ကျော်လောက် ရှိတဲ့ဟာကြီးတွေပေါ့။ အဲ့ခေတ်ကတော့ သိပ်တန်ဖိုးရှိတဲ့ သင်္ဘောကြီးတွေကို ဂျပန်တွေမယူနိုင်အောင် မြှုပ်ခဲ့တာတဲ့။ အဲ့ဒီ သင်္ဘောတွေထဲမှာ ဆေးရုံသင်္ဘော၊

ဘိလပ်မြေသင်္ဘော၊ လက်နက်သင်္ဘော၊ သွပ်သင်္ဘော၊ သံသင်္ဘောတွေ စုံနေတာပါပဲ။ မမြုပ်ခင် သင်္ဘောကြီးတွေကို ရေလည်ခေါင်မှာ သောင်တင်ထားကြတော့ ရွာနီးစပ်တွေကနေ ပစ္စည်းတွေသွားယူကြသေးတာလို့ ပြောကြသေးတယ်။ ရွေချောင်းတို့၊ အဖြိုက်နက်တို့လို့ တန်ဖိုးရှိတာတွေကျ သူများယူမှာစိုးလို့လား မသိပါဘူး ကတ္တရာစေးတွေလောင်းပြီး ရုပ်ဖျက်ထားကြတာတဲ့။

အဲ့သလိုနဲ့ နောက်ဆုံးပိတ်ကျ အကုန်လုံးကို မြှုပ်ပစ်လိုက်ရတာပါပဲတဲ့။ မြှုပ်ခါစတုန်းကဆိုရင် သင်္ဘောခေါင်းတိုင်တို့၊ ဦးပိုင်း၊ ပဲ့ပိုင်းတွေက ရေပါ်မှာ ပေါ်တစ်ဝက်၊ မြုပ်တစ်ဝက်တွေချည်းပဲတဲ့။ အင်္ဂလိပ်တွေနော် လူမျိုးစွဲသာကြီးသာ ခေါင်းကတော့ အင်မတန်ကောင်းသားရယ်။ မြုပ်တာကိုမှ ထင်ရာမြင်ရာ မြှုပ်တာမဟုတ်ဘူးနော်။

ကသာကမ်းနားကနေပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက်ဘယ်အစီးတွေကိုတော့ ဘယ်ကနေ ဘယ်လိုစီပြီး၊ မြေပုံဆွဲပြီး မြှုပ်သွားခဲ့တာရယ်။ အဲ့သလိုကို စနစ်ကျခဲ့တာရယ် (ပြန်လည်တူးဖော်ခြင်း) လွတ်လပ်ရေးရပြီး နောက်ပိုင်းကနေစ အဲ့ဒီမြေပုံကိုင်ပြီး သင်္ဘောတွေဖော်ခဲ့တာ (၁၉၉၀) ကျော်အထိပါပဲ။ (၁၉၄၂) နောက်ပိုင်းလောက်က မြှုပ်ခဲ့တာဆိုတော့ လွတ်လပ်ရေးပြီး ဖ.ဆ.ပ.လ ခေတ်မှာ ပြန်ဖော်ကြတာပေါ့။

အဲ့ခေတ်အဲ့အခါက စက်မှုပစ္စည်းတွေ ရှားပါးတယ်၊ နောက်ပြီး တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့လို့ ပြည်ပက ပစ္စည်းတွေသွင်းမရ စက်ပစ္စည်းအတွက် လိုအပ်တဲ့ သံတွေဝယ်ရခက်လို့ ဟိုးအရင်က စစ် သင်္ဘောတွေပြန်ဖော်ပြီး သံတွေ အရည်ကြိုပြီး ပြန်သုံးကြရတာတဲ့။ အဲ့ခေတ်က သင်္ဘောတွေပြန်ဖော်ခဲ့တဲ့ ပညာရှင် ဘဘနေလင်းနဲ့တွေ့တော့ ပြန်ပြောပြတယ်။

ခုနေတွေးကြည့်ရင်တော့ နှမြောစရာကြီးပေါ့ အဲ့ခေတ်တုန်းက ခုလောက်နည်းပညာမစုံတော့ သင်္ဘောဖော်ရတာမလွယ်ပါဘူး။ မျက်မမြင် ပုဏ္ဏား(၆)ယောက် ဆင်ကြီးကိုစမ်းနေသလို ရေထဲမှာ မမြင်မစမ်းနဲ့ ဖော်ကြရတာလို့ မှတ်တာပါပဲ။ မြစ်ရေထဲမှာ ရေမှုန်တွေနဲ့ဆိုတော့ မီးလဲ တိုးမပေါက်ဘူးပြောတယ်။

ဒီနေရာမှာ “ကျွမ်းကျင်မှု” နဲ့ “ဝါရင့် သမ္ဘာရင့်” ကသိပ်စကားပြောတာကိုး။ တစ်ခုကောင်းသွားတာက ဘယ်သင်္ဘောက ဘယ်မှာမြှုပ်ထားတာဆိုပြီး အချက်အလက်က ရှိနေတော့ တွက်ချက်ရလွယ်သွားတယ်။ ဥပမာ “ဝေလမင်းသား နဲ့ မင်းသမီး” စီးတဲ့ “ဂျပန် သင်္ဘော”က ဒီနေရာမှာဆိုရင်သင်္ဘောရဲ့ အကျယ်တို့၊ ဖွဲ့စည်းပုံတို့ ပုံစံတို့က ရှိပြီးသားလေ

အဲ့ခါကျ သင်္ဘောနေရာရှာတဲ့ စက်ကလေးကို ရေထဲချ၊ ဘယ်နားကနေ ဘယ်နားကတော့ ရေထဲမှာရှိတယ်၊ မှတ်ထားကြ။ အဲ့အချိန်ဆို ခုနက ဘဘနေလင်းတို့လို ခေါင်းဆောင်က ရေထဲကို အရင်ဆင်း၊ လက်နဲ့စမ်းကြည့်၊ သင်္ဘောအတွင်းပိုင်းထဲဝင်ပြီး စမ်းကြည့်၊ ဘယ်ကတော့ ပဲ့ပိုင်း၊ ဘယ်ကတော့ ကိုယ်ပိုင်း၊ ဘယ်ကတော့ဖြင့် ဦးပိုင်းဆိုပြီး

သတ်မှတ်ပြီး ရေပေါ်ပြန်တက်လာပြီး ပုံပြန်ဆွဲ၊ သင်္ဘောကိုပြန်ဖော်ဖို့ ဗျုဟာဆွဲကြရတယ် သင်္ဘောတွေက မြစ်ရေပြင်အောက် (၁၂)ပေလောက်ကနေ ဟိုးအောက် ပေ (၂၀၀) လောက်အထိ မြှုပ်နေတာတွေလည်းရှိတယ်။ နှစ်တွေကြာလို့ မြစ်ကြောင်းပြောင်းသွားတာတွေလည်း ရှိတယ်။ အဲ့ကြားထဲကမှ မမြင်ရတဲ့ အနေအထားမှာ ရှာရတော့ တော်တော်ကြီးတော့ မလွယ်ဘူး မှတ်တာပါပဲ။

အဲ့ခေတ်က သင်္ဘောဖော်မယ်ဆို ပေပါပုံးကြီးတွေသုံးပြီး ဖော်ကြရတယ်ပြောတယ်။ အရင်ဆုံး သင်္ဘောအတွင်းပိုင်းနဲ့ ပတ်ချာလယ်မှာရှိတဲ့ သဲတွေကို စက်တွေနဲ့ စုပ်ထုတ်ရတယ်။ ဝါးဖောင်တစ်စီးမှာ သဲစုပ်တဲ့စက်ရယ်၊ လူရယ်တင်ပြီး သူ့အပိုင်းနဲ့သူ စုပ်ထုတ်ရတာတဲ့။ အဲ့တာတွေပြီးပြီဆိုရင် သင်္ဘောဖော်တဲ့ လုပ်ငန်း (၈၀)% ပြီးတာပဲတဲ့။

ပီးရင် ပေပါပုံးကြီးတွေကို ရေထည့်ပြီးအောက်ကိုယူသွား၊ အောက်ရောက်မှ ပုံးထဲ လေပြန်ထိုးထည့်တော့မှ တခါတည်း သင်္ဘောနဲ့ချိတ်ပြီး အပေါ်ကို ပေါ်လာကြတော့တာ။ သင်္ဘောကြီးတွေအလုံးလိုက်ကြီး ပြန်ပေါ်လာတာမျိုးရှိသလို တချို့ကျ ဗုံးထိထားတော့ တစ်ပိုင်းတစ်စတွေ ပေါ်တာမျိုးလဲ ရှိတာတဲ့။

စိတ်ထဲမှာတော့ သင်္ဘောအလုံးလိုက်ကြီး ပြန်ပေါ်လာတဲ့ အချိန်မျိုးက သိပ်ပျော်စရာကောင်းမယ်လို့ တွေးမိတာပါပဲ အဲ့လို တချိန်က အကြီးဆုံး “သင်္ဘောသင်္ချိုင်း”ဖြစ်ခဲ့တဲ့ ကသာက ခုနေတော့ ချောက်ကပ်ကပ်ကလေး ကျန်တော့တာပါပဲ။ နွေနဲ့ဆောင်းဆို ဧရာဝတီမြစ်ထဲမယ် ရေတောင် မနည်းရှာယူရတယ်။ သောင်တွေ ဖြစ်ကုန်တာလည်း မနည်းပဲကိုး။

ဘဘနေလင်းကတော့ မြေအောက်မှာ သင်္ဘောတွေမကျန်တော့ဘူးတဲ့၊ ကသာဂုရုကြီး ကိုညိုကိုနိုင်ကတော့ (၂)စီးလောက် ကျန်သေးတယ်လို့ မှန်းတယ်။ နော်ကတော့ ဟိုးအရင်က ဖော်ခဲ့တဲ့ သမိုင်းဝင် စစ်တွင်းသင်္ဘောကြီးတွေကို နှမြောမိတာပါပဲ။ အဲ့ခေတ်အဲ့အခါတုံးကလည်း ခုလိုမဟုတ်တော့ သံရေကျိုဖို့ ပိုအားသန်ကြတာကိုး။ ခုနေဆိုရင်တော့ သမိုင်းဝင်ပစ္စည်းဆိုပြီး သေချာစနစ်တကျ သိမ်းထားမှာရယ်။

သင်္ဘောအစီး (၅၀)ကျော်လောက်ဖော်ခဲ့တဲ့ ဘဘနေလင်းကတောင်ပြောနေတာ “ငါလည်း မသိခဲ့လို့ပေါ့ ငါ့သမီးရ၊ သိရင် တစ်စီးလောက် ချန်ထားမှာပေါ့” တဲ့ သမိုင်းဝင်ပစ္စည်းတွေကို သူလဲ နှမြောနေသား။ ကိုယ်လဲ နှမြောမိသား။ ကိုညိုကိုနိုင် မှန်းတာမှန်ရင်တော့ (၂)စီးလောက် မြစ်ထဲမှာ ရှိတန်ကောင်းပါရဲ့။ ပြန်ဖော်ပြီး စနစ်တကျ ထိန်းသိမ်းပြသနိုင်မယ်ဆိုရင်တော့ “ကသာ” မြို့လေးကို

ပိုပြီးလူစိတ်ဝင်စားကြပြီး ပိုစည်ကားလာမယ် မှတ်တာပါပဲ။ အခုတော့ အတိတ်တွေကိုပဲ လွမ်းမိတယ် ကသာရယ်လို့ တွေးနေမိတာပါပဲ။ ကံကောင်း အကြောင်းလှရင်တော့ သင်္ဘောကြီးကို ဖော်ခွင့်ရချင်သေးပါရဲ့ …. သမိုင်းဆိုတာမျိုးက မေ့ရိုးထုံးစံမှ မရှိပဲကိုအခြေအနေပေးတဲ့ တစ်နေ့ကျ သင်္ဘောကြီးပြန်ဆယ်နိုင်မလားလို့ မျှော်လင့်မိရင်း Ref: စစ်တွင်းစကား – ငြိမ်းရွှေလီ /

(စာမျက်နှာ ၂၉၅-၃၀၀၊ ကသာမဂ္ဂဇင်း – ၂၀၂၀ – မတ်လ – ပထမအကြိမ်)/ ထိုင်းစက်ဘီးစီးအဖွဲ့ ကသာမြိ့သို့ လည်ပတ်ခြင်း – နန်းဇင်မျိုးအောင်/ (စာမျက်နှာ ၁၆၁၊ ကသာမဂ္ဂဇင်း – ၂၀၂၀ – မတ်လ – ပထမအကြိမ်) / သင်္ခါရရေပြာအိမ် – အဲငြိမ်းသာ / စာမျက်နှာ ၇၈/ ဦးနေလင်း၏ ပြောပြချက်များမှ/ ကိုညိုကိုနိုင်၏ ပြောပြချက်များမှ /ဓါတ်ပုံ – အောင်ဆန်းဦး (သိန်းချောင်း) ၊ ပုလဲ-ကသာ

မူရင်းရေးသားသူ ပို့စ်ပိုင်ရှင် (Travel by Naw Htike ) အားလေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။