






(unicode version) တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်လျှင် နျူကလီးယားဓာတ်ပေါင်းဖို ၆ ခုမှ ၈ ခုအထိတည်ဆောက်သွားမည်

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်လျှင် နျူကလီးယားဓာတ်ပေါင်းဖို ၆ ခုမှ ၈ ခုထိ တည်ဆောက်သွားမည်ဖြစ်ပြီး စွမ်းအင်စုစုပေါင်းအားကို 70 gigawatts (GW) ထိတိုးမြှင့်သွားမည်ဖြစ်ပြီး မေလကုန်နှင့် နှိုင်းယှဉ်ကြည့်လျှင် ၄၃.၅ ရာခိုင်နှုန်းထိမြှင့်တက်လိမ်မည်ဟု China Daily

၏တာဝန်ရှိသူမှ တရုတ်နိုင်ငံအခြေစိုက် နျူကလီးယားအဖွဲ့အစည်း၏ အချက်အလက်များကိုကိုးကား၍ ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံနျူကလီးယားစွမ်းအင်အဖွဲ့အစည်းမှ စုစုပေါင်းတပ်ဆင်ထားသော နျူကလီးယားစွမ်းအင်သည် ၂၀၂၀ ပြည့်နှစ်အကုန်တွင် ၅၂ gigawatts (GW) ရှိပြီဖြစ်ကြောင်းခန့်မှန်းထားပြီး

ရည်မှန်းထားသည့် ၅၈ gigawatts (GW) နှင့် မပြည့်မီသေးကြောင်း ပြောကြားခဲ့ပါသည်။ သို့ရာတွင် ၂၀၃၅ ခုနှစ်တွင် စက်ရုံကို လည်ပတ်နေစဉ် သို့မဟုတ် တည်ဆောက် နေစဉ်အတွင်း စုစုပေါင်းစွမ်းအင်ကို ၂၀၀ (GW) အထိရောက်အောင်လုပ်ဆောင် အသင်းမှပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခြင်းကြောင့် နျူကလီးယားစက်ရုံကို ထိခိုက်လိမ့်မည် မဟုတ်သော်လည်း ယခုနှစ်အတွင် ဓာတ်ပေါင်း ဖိုအသစ် ထပ်မံတည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပါသည်။ မေလ နောက်ပိုင်းတွင်

တရုတ်နိုင်ငံနျူကလီးယားစွမ်းအင်သည် ၄၈.၈ (GW) ရှိပြီး စုစုပေါင်းထုတ်လုပ်နိုင်စွမ်း၏ ၂.၅ ရာခိုင်နှုန်းထိရှိပြီဖြစ်ကြောင်း အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှု၏ ဖော်ပြချက်များအရ သိရှိရပါသည်။ Source – CGTN #Myanmar _online_ News