ဧရာဝတီတိုင္းမွာ မိုးႀကိဳးပစ္ခံရၿပီး ေသဆုံးသူ ၂၀ ထိရွိေနၿပီး အမ်ားစုမွာ လယ္သမားမ်ားျဖစ္

ဧရာဝတီတိုင္းမွာ မိုးႀကိဳးပစ္ခံရၿပီး ေသဆုံးသူ ၂၀ ထိရွိေနၿပီး အမ်ားစုမွာ လယ္သမားမ်ားျဖစ္

ဧရာတိုင္းအတြင္း မိုးဦးအႀကိဳ ကာလျဖစ္တဲ့ ဧၿပီ လကေန ဒီေန႕အထိ မိုးႀကိဳးပစ္ခတ္မႈ ၂၆ ႀကိမ္ အထိရွိခဲ့ၿပီး လူအေယာက္ ၂၀ ေသဆုံးကာ ၆ ဦးဒဏ္ရာ ရွိခဲ့တယ္လို႔ တိုင္းေဒသႀကီး ေဘးအႏ္ တရာယ္ စီမံခန႔္ခြဲမႈဦးစီးဌာနက သိရပါတယ္။

မိုးႀကိဳးပစ္ခံရလို႔ ေသဆုံး ဒဏ္ရာရရွိ သြားသူေတြဟာ ဘိုကေလး၊ ေမာ္လၿမိဳင္ကြၽန္း၊ လပြတၱာ၊ မအူပင္၊ အိမ္မဲ စတဲ့ ၿမိဳ႕နယ္ေတြကျဖစ္ၿပီး အမ်ားစုကေတာ့ လယ္ကြင္းထဲ

အလုပ္သြားေရာက္ အလုပ္လုပ္ကိုင္ေနစဥ္ မိုး ႀကိဳးပစ္ ခံရတာလို႔ တိုင္းေဒသႀကီး ေဘးအႏၲ ရာယ္စီမံခန႔္ခြဲမႈ ဦးစီးဌာန တိုင္းဦးစီးမႉး ဦးသန္းစိုးက DVB ကိုေျပာပါတယ္။ အမ်ားစုက လယ္ ယာလုပ္ငန္းခြင္ေတြမွာအပစ္ခံရတာမ်ားတယ္

လယ္ယာျပင္ဆင္ဖို႔ လယ္ကြင္းေတြကို သြားရင္အပစ္ခံရတာမ်ိဳးေတြ ၿပီးေတာ့ ငါးဖမ္းရင္ ငါးကန္ေပၚမွာ အပစ္ ခံရတာေတြနဲ႕ ဖားရိုက္ရင္အပစ္ခံရတာေတာ့ တစ္ႀကိမ္ေတာ့ ရွိခဲ့တယ္” လို႔ ေျပာပါတယ္။

မိုးႀကိဳး အပစ္ခံရမႈေၾကာင့္ ေသဆုံးခဲ့သူေတြအတြက္ ၁ ဦးကို ၃ သိန္းႏႈန္း ေထာက္ပံ့ေပးထားၿပီး ဒဏ္ရာရသူေတြအတြက္ ၁ ဦးကို ၅ ေသာင္းႏႈန္းနဲ႕ စုစုေပါင္း ၆၃ သိန္း ေထာက္ပံ့ေပးအပ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဧရာဝတီတိုင္းမွာ ဇြန္လအတြင္း မိုးႀကိဳးပစ္ခံမႈ ၁၅ ႀကိမ္၊ ေသဆုံးခဲ့သူ ၁၅ ဦးထိရွိၿပီး ခဲ့တယ္လို႔ သိရပါတယ္။ မိုးႀကိဳး အပစ္ခံရလို႔ ေသဆုံသူေတြထဲမွာ တဝက္ေလာက္က လယ္ယာအလုပ္လုပ္ကိုင္သူေတြ ျဖစ္လို႔ လယ္ယာလုပ္ငန္း လုပ္ ကိုင္သူေတြကို ရာသီဥတု

အေျခအေနကို ၾကည့္ၿပီး အလုပ္လုပ္ဖို႔နဲ႕ မိုးႀကိဳးအႏၲရာယ္ လက္ကမ္ းစာေစာင္ေတြ ျဖန႔္ေဝေနတယ္လို႔ ဦးသန္းစိုးက ေျပာပါတယ္။ ဦးစီးဌာနအေနနဲ႕ နည္းလမ္းမ်ိဳးစုံနဲ႕ လုပ္ေဆာင္ေနပါတယ္၊ အထူးသျဖင့္ လုပ္ငန္းကို

မလြဲမေသြ လုပ္ရမွာျဖစ္တဲ့ အတြက္ တက္နိုင္ရင္ ရာသီဥတုမသာယာတဲ့ အေျခအေနမ်ိဳး မိုးတိမ္ေတာင္ ေတြျဖစ္တဲ့အခ်ိန္မ်ိဳးေတြမွာ လြတ္ကင္းနိုင္မယ့္ တဲတို႔ ေနအိမ္တို႔ ျပန္ဝင္ၿပီး ရာသီဥတုသာယာမွ အလုပ္ျပန္ဆင္းရင္

ဒါက သက္သာနိုင္တဲ့ အေနအထား ရွိတယ္လို႔ အႀကံျပဳ ခ်င္ပါတယ္” လို႔ ေျပာပါတယ္။ လယ္ ယာလုပ္ငန္း လုပ္ကိုင္သူ မ်ားကို မိုး႐ြာေနတဲ့ အ ေျခအေနမ်ိဳးမွာ ကြင္းထဲမွာ တစ္ေယာက္တည္း ထီးထီးႀကီ းအလုပ္လုပ္ေနရင္ အႏၲရာယ္ရွိနိုင္သလို ေနာက္တစ္ခါ မိမိတို႔

ကိုင္တြယ္တဲ့ စက္ယႏၲရား ေတြလည္း မိုးႀကိဳးပစ္ရင္ လွ်ပ္စစ္ ဓာတ္ကူးၿပီးေတာ့ အသက္ေသဆုံးတာေတြျဖစ္နိုင္ လို႔ မျဖစ္မေန အလုပ္လုပ္ကိုင္ေနရတဲ့ လယ္သမားေတြကို သတိျပဳေစခ်င္တယ္လို႔ ဆိုပါတယ္။

ဧရာဝတီတိုင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း မိုးႀကိဳးပစ္ခံရမႈေၾကာင့္ ေသဆုံးသူဦးေရ ၁၃ ဦး နဲ႕ ဒဏ္ရာရရွိသူ ၂ ဦးရွိခဲ့တယ္လို႔ တိုင္းေဒသႀကီး ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဦးစီးဌာနရဲ႕ မွတ္ တမ္းေတြအရ သိရပါတယ္။ မင္းထက္မုန္း (ပုသိမ္)

ဧရာဝတီတိုင်းမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသူ ၂၀ ထိရှိနေပြီး အများစုမှာ လယ်သမားများဖြစ်

ဧရာတိုင်းအတွင်း မိုးဦးအကြို ကာလဖြစ်တဲ့ ဧပြီ လကနေ ဒီနေ့အထိ မိုးကြိုးပစ်ခတ်မှု ၂၆ ကြိမ် အထိရှိခဲ့ပြီး လူအယောက် ၂၀ သေဆုံးကာ ၆ ဦးဒဏ်ရာ ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္ တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။

မိုးကြိုးပစ်ခံရလို့ သေဆုံး ဒဏ်ရာရရှိ သွားသူတွေဟာ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ မအူပင်၊ အိမ်မဲ စတဲ့ မြို့နယ်တွေကဖြစ်ပြီး အများစုကတော့ လယ်ကွင်းထဲ

အလုပ်သွားရောက် အလုပ်လုပ်ကိုင်နေစဉ် မိုး ကြိုးပစ် ခံရတာလို့ တိုင်းဒေသကြီး ဘေးအန္တ ရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက DVB ကိုပြောပါတယ်။ အများစုက လယ် ယာလုပ်ငန်းခွင်တွေမှာအပစ်ခံရတာများတယ်

လယ်ယာပြင်ဆင်ဖို့ လယ်ကွင်းတွေကို သွားရင်အပစ်ခံရတာမျိုးတွေ ပြီးတော့ ငါးဖမ်းရင် ငါးကန်ပေါ်မှာ အပစ် ခံရတာတွေနဲ့ ဖားရိုက်ရင်အပစ်ခံရတာတော့ တစ်ကြိမ်တော့ ရှိခဲ့တယ်” လို့ ပြောပါတယ်။

မိုးကြိုး အပစ်ခံရမှုကြောင့် သေဆုံးခဲ့သူတွေအတွက် ၁ ဦးကို ၃ သိန်းနှုန်း ထောက်ပံ့ပေးထားပြီး ဒဏ်ရာရသူတွေအတွက် ၁ ဦးကို ၅ သောင်းနှုန်းနဲ့ စုစုပေါင်း ၆၃ သိန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ဇွန်လအတွင်း မိုးကြိုးပစ်ခံမှု ၁၅ ကြိမ်၊ သေဆုံးခဲ့သူ ၁၅ ဦးထိရှိပြီး ခဲ့တယ်လို့ သိရပါတယ်။ မိုးကြိုး အပစ်ခံရလို့ သေဆုံသူတွေထဲမှာ တဝက်လောက်က လယ်ယာအလုပ်လုပ်ကိုင်သူတွေ ဖြစ်လို့ လယ်ယာလုပ်ငန်း လုပ် ကိုင်သူတွေကို ရာသီဥတု

အခြေအနေကို ကြည့်ပြီး အလုပ်လုပ်ဖို့နဲ့ မိုးကြိုးအန္တရာယ် လက်ကမ် းစာစောင်တွေ ဖြန့်ဝေနေတယ်လို့ ဦးသန်းစိုးက ပြောပါတယ်။ ဦးစီးဌာနအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပါတယ်၊ အထူးသဖြင့် လုပ်ငန်းကို

မလွဲမသွေ လုပ်ရမှာဖြစ်တဲ့ အတွက် တက်နိုင်ရင် ရာသီဥတုမသာယာတဲ့ အခြေအနေမျိုး မိုးတိမ်တောင် တွေဖြစ်တဲ့အချိန်မျိုးတွေမှာ လွတ်ကင်းနိုင်မယ့် တဲတို့ နေအိမ်တို့ ပြန်ဝင်ပြီး ရာသီဥတုသာယာမှ အလုပ်ပြန်ဆင်းရင်

ဒါက သက်သာနိုင်တဲ့ အနေအထား ရှိတယ်လို့ အကြံပြု ချင်ပါတယ်” လို့ ပြောပါတယ်။ လယ် ယာလုပ်ငန်း လုပ်ကိုင်သူ များကို မိုးရွာနေတဲ့ အ ခြေအနေမျိုးမှာ ကွင်းထဲမှာ တစ်ယောက်တည်း ထီးထီးကြီ းအလုပ်လုပ်နေရင် အန္တရာယ်ရှိနိုင်သလို နောက်တစ်ခါ မိမိတို့

ကိုင်တွယ်တဲ့ စက်ယန္တရား တွေလည်း မိုးကြိုးပစ်ရင် လျှပ်စစ် ဓာတ်ကူးပြီးတော့ အသက်သေဆုံးတာတွေဖြစ်နိုင် လို့ မဖြစ်မနေ အလုပ်လုပ်ကိုင်နေရတဲ့ လယ်သမားတွေကို သတိပြုစေချင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူဦးရေ ၁၃ ဦး နဲ့ ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ မှတ် တမ်းတွေအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)

Tags: