ပင်လုံ ကွန်ပြူတာတက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ အမျိုးသားနှစ်ဦး ထွက်ပြေးသွား








သက် ဆိုင်ရာကို အကြောင်းကြားပေးဖို့ လိုအပ်နေသလို ပြန်လည်တွေ့ရှိပါက Facility Quaran tine (၁၄)ရက်နေခိုင်းမယ်လို့လည်း သိရပါတယ်ဖ။ Ref ; ရွှေတြိဂံသတင်းလွှာ

ပင်လုံ ကွန်ပြူတာတက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ အမျိုးသားနှစ်ဦး ထွက်ပြေး

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့ရှိ ပင်လုံကွန်ပြူတာ တက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ အမျိုးသားနှစ်ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြေ ာင်း ပင်လုံကွန်ပြူတာ တက္ကသိုလ်မှ စေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်နေ သူတွေထံမှ သိရပါတယ်။

အဲဒီအမျိုးသား နှစ်ဦးက မြဝတီ ဝင်ပေါက်မှ တဆင့် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသူတွေဖြစ်ပြီး တောင်ကြီး Facility Quarantine (၉) ရက် ဝင်ရောက်ခဲ့ကာ ဓါတ်ခွဲအဖြေမှာလည်း COVID-19ကူးစက်ရောဂါပိုးမတွေ့ရှိကြောင်း အဖြေထွက်ပြီးသူတွေဖြစ်တယ်လို့ သိရပါတယ်။

“ကျန်းမာရေး အသိပညာ အားနည်းလို့ ထွက်ပြေ းတာပေါ့။ အတွေးအခေါ်က တမျိုးဖြစ်နေတာ။ မလိုအပ်ဘူး၊ မနေချင်ဘူးပေါ့။ တကယ်တမ်းဆိုရင်တော့ ထွက်မပြေးသင့်ဘူး။ ပိုးတွေ့၊ မတွေ့ဆိုတာက နှစ်ကြိမ်လောက်စစ်မှ သေချာတာလေ”

လို့ ပင်လုံ ကွန်ပြူတာ တက္ကသိုလ်မှာ စေတနာ့ ဝန်ထမ်းအဖြစ်ဆောင်ရွက်နေသူ ကိုအောင်စိုးမိုးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။ထွက်ပြေး သူနှစ်ဦးအနက် လွိုင်လင်မြို့နယ်၊ ကောင်းရောင်း ရွာမှာနေထိုင်တဲ့

မောင်လွန်း (အသက်-၂၉နှစ်) က ဇူလိုင်လ(၄)နေ့က ပင်လုံကွန်ပြူတာ တက္ကသိုလ်သို့ ရောက်ရှိလာသူပြီး ဇူလိုင်လ (၅) ရက်မှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ကျန်တစ်ဦးဖြစ်သူ ပင်လုံမြို့၊ ဝမ်အင်ရွာမှာ နေထိုင်တဲ့ ခွန်အောင်ထိန်(အသက်-၂၃)က ဇူလိုင်လ (၄) နေ့က

ပင်လုံကွန်ပြူတာ တက္ကသိုလ်သို့ ရောက်ရှိလာသူပြီး ဇူလိုင်လ (၆) ရက်မှာ ထွက်ပြေး သွားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ထွက်ပြေး သွားသူနှစ်ဦးကို သက်ဆိုင်ရာမှ လိုက်လံရှာဖွေ လျက်ရှိပြီး သူတို့နှစ်ဦး တွေ့ရှိသူတွေ အနေနဲ့

သက် ဆိုင်ရာကို အကြောင်းကြားပေးဖို့ လိုအပ်နေသလို ပြန်လည်တွေ့ရှိပါက Facility Quaran tine (၁၄)ရက်နေခိုင်းမယ်လို့လည်း သိရပါတယ်
Ref ; ရွှေတြိဂံသတင်းလွှ

Tags: