ကာဘော်လစ် ဆပ်ပြာကိုသုံးပြီး မျက်နှာသစ် နေကြ တဲ့သူများ သတိထားကြပါ









ကာဘော်လစ် ဆပ်ပြာနဲ့ မျက်နှာသစ် နေကြတဲ့သူများ သတိထားကြပါ

အပီအပြင် ငြင်းနေကြလို့ ချက်ကျ လက်ကျပဲပြောပါမယ်။ ကာဘော်လစ် ဆပ်ပြာကို မျက်နှာလုံးဝ မတိုက်ပါနဲ့ ကို့မျက်နှာ အသားရည် ကိုယ်တန်ဖိုး ထားရင်ပေါ့

တိုက်နေတဲ့ သူတွေလဲ လာမငြင်းပါနဲ့ ဆက်တိုက်ပါ ကာဘော်လစ် ဆပ်ပြာမှာ ကာဘော်လစ် အက် စစ် ပါဝင်တဲ့ အတွက် မျက်နှာ အသားရည်ကိုပျက်ဆီး စေရုံသာမက မျက်ကြည်လွှာ ထိခိုက်စေပါတယ်။

carbolic အက်စစ်က နုနယ်တဲ့ မျက်နှာ အသားရည်ကို အက်စစ်ဓာတ် သဘောအရ စားပစ်လိုက်လို့စသုံးသုံးပီး ၁ လ ၂ လလောက်ထိ မျက်နှာက ဖြူ လာပီး ok သယောင် ဖြစ်နေပါလိမ့်မယ်

အဲ့နောက်ပိုင်း Normal skin သမားတွေ တိုက်ရင် အရည်ပြားပါးလာပီး sensitive skin အဖြစ်သို့တဖြေးဖြေး ပြောင်းလဲသွားပါမယ်

dry skin သမားတွေပိုပီး အသားရည်ကခြောက် ကပ်လာမယ် oily skin သမားတွေ ရေဓာတ်ခန်းလာမယ် sensitive skin သမားတွေ တိုက်မိရင် မျက်နှာတခုလုံး ဝက်ခြံ အုံနဲ့ကျင်းနဲ့ ပေါ်လာပါမယ်နော်

ဝက်ခြံတွေ ကုလို့ ပျောက်သွားရင်တောင် အသားရည်က နီရဲပီး နီစပ်စပ်နဲ့ လက်ရှိထက်ပိုပီးကို ထိလွယ်ရှလွယ် ဖြစ်လာပါမယ် မယုံရင် ဆက်သုံးပါနော် ကိုယ်ဖြစ် ကိုယ်ခံပါ

ကာဘော်လစ် ဆပ်ပြာကို ပိုးသတ်ရန် လက်သန့်ရန်အတွက်ပဲ အသုံးပြု သင့်ပါတယ်။ source – နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Tags: