ျပည္ပက ျမန္မာလုပ္သား မ်ားလႊဲထားသည့္ က်ပ္သိန္း ၆၀ လိမ္ယူၿပီး တိမ္းေရွာင္ေနသူကို ဖမ္းမိ

ျမန္မာလုပ္သား မ်ားလႊဲထားသည့္ က်ပ္သိန္း ၆၀ လိမ္ယူၿပီး တိမ္းေရွာင္ေနသူကို ဖမ္းမိ

ထိုင္းေရာက္ ျမန္မာလုပ္သား ေတြရဲ႕ လုပ္အားခကို ျမန္မာျပည္ရွိ မိသားစုထံ ပို႔ေပးမယ္လို႔ ေျပာၿပီး အမွန္တကယ္ မပို႔ေပးဘဲ ေငြေတြယူေဆာင္တိမ္းေရွာင္ေနတဲ့ ျမန္မာေငြလႊဲပြဲစား ၁ ဦးကို ျမန္မာ အလုပ္သမား

ကူညီ ေစာင့္ေရွာက္ေရး မဟာမိတ္အဖြဲ႕ (ေအေအစီ) က ဇူလိုင္ ၇ ရက္ေန႕ ညေနပိုင္းမွာ ဝင္ေရာက္ဖမ္းဆီးလိုက္ပါတယ္။ အသက္ ၄၁ ႏွစ္႐ြယ္ရွိ သဲထက္ေအာင္ဆိုသူ ျမန္မာ ၁ ဦးမွာ ျမဝတီကေနၿပီး ေငြလႊဲမႈ ဝန္ ေဆာင္ ေပးေနေၾကာင္း

အြန္လိုင္းကေန သိရွိရတဲ့အတြက္ အလုပ္သမားေတြက ယုံၾကည္စြာ ေငြလႊဲခဲ့ေၾကာင္း၊ ဒါေပမယ့္ ခုေနာက္ပိုင္းမွာ အလုပ္သမား ၁၀ ဉီးထံမွ ေငြေတြယူထားၿပီး သက္ဆိုင္ရာ မိသားစုထံ က်ပ္ေငြ သိန္းေပါင္း ၆၀ ကို လႊဲမေပးဘဲ တိမ္းေရွာင္ေနလို႔ စုံစမ္းၿပီး ထိုင္းနိုင္ငံ နခြန္းပထုံၿမိဳ႕

အုန္းရိုင္ရပ္ကြက္ရွိ တိုက္ခန္းတခုမွာ သြားေရာက္ဖမ္းဆီ းခဲ့တယ္လို႔ ေအေအစီအဖြဲ႕တာဝန္ခံ ကိုရဲမင္းက ဒီဗြီဘီကို ေျပာပါတယ္။ “ပထမ ၁ သိန္း ၂ သိန္းပို႔တုန္းကေတာ့ လႊဲေပးတယ္။ အခုသိန္း ၆၀ ဖိုး ပို႔ၾကေတာ့ သူက မပို႔ေပးဘဲ

ထိုင္းနိုင္ငံထဲမွာ ပတ္ၿပီးပုန္ းေရွာင္ေနတာ။ က်ေနာ္တို႔ေအေအစီအဖြဲ႕က ေစတနာ့ဝန္ထမ္း ေတြ အလုပ္သမားေတြနဲ႕ ပူးေပါင္းၿပီးေတာ့ သဲလြန္စလိုက္ရွာတာ၊ သူေနတဲ့ေနရာ သိတာနဲ႕ မေန႕ ည က ဝိုင္းဖမ္းၿပီး ထိုင္းရဲလက္ကို အပ္လိုက္ပါတယ္ခင္ဗ်။ သူကလည္း အျပစ္ကိုဝန္ခံတယ္။ ဒါေပမယ့္ လိမ္ယူထားတဲ့

ပိုက္ဆံေတြေတာ့ ေလာေလာဆယ္ သူ႕မွာ ျပန္ေပးနိုင္တဲ့ အေနအထား မရွိေသးဘူး။ ဘဏ္ထဲမွာေတာ့ ျမန္မာေငြ သိန္း ၃၀ ေလာက္ရွိမယ့္ ထိုင္းေငြေတြရွိတယ္။ အဲဒီပိုက္ဆံကို ရဲကစစ္ေဆးၿပီးေတာ့ ျပန္ေလ်ာ္ေပးဖို႔ကိစၥေတြ လုပ္ရမွာေပါ။”

အဲဒီပြဲစားဆီကေန ေငြလႊဲၿပီး အလိမ္ခံရတဲ့ အလုပ္သမားေတြ ရွိပါက ေအေအစီကို ဆက္သြယ္ အေၾကာင္းၾကားနိုင္ေၾကာင္း၊ ထိုင္းေရာက္အလုပ္သမားေတြအေနနဲ႕ အခုလို အလိမ္မခံရေစဖို႔ အြန္လိုင္းမွာ ေၾကာ္ျငာတဲ့ ေငြလႊဲလုပ္ငန္းေတြ

ႀကဳံရာလူနဲ႕ ေငြထည့္ ေပးတာေတြကို စိတ္ခ်ယဳံ ၾကည္ရမွ ေငြလႊဲၾကဖို႔ ေအေအစီက သတိေပး ေျပာၾကားပါတယ္။

မြန်မာလုပ်သား များလွှဲထားသည့် ကျပ်သိန်း ၆၀ လိမ်ယူပြီး တိမ်းရှောင်နေသူကို ဖမ်းမိ

ထိုင်းရောက် မြန်မာလုပ်သား တွေရဲ့ လုပ်အားခကို မြန်မာပြည်ရှိ မိသားစုထံ ပို့ပေးမယ်လို့ ပြောပြီး အမှန်တကယ် မပို့ပေးဘဲ ငွေတွေယူဆောင်တိမ်းရှောင်နေတဲ့ မြန်မာငွေလွှဲပွဲစား ၁ ဦးကို မြန်မာ အလုပ်သမား

ကူညီ စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (အေအေစီ) က ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ အသက် ၄၁ နှစ်ရွယ်ရှိ သဲထက်အောင်ဆိုသူ မြန်မာ ၁ ဦးမှာ မြဝတီကနေပြီး ငွေလွှဲမှု ဝန် ဆောင် ပေးနေကြောင်း

အွန်လိုင်းကနေ သိရှိရတဲ့အတွက် အလုပ်သမားတွေက ယုံကြည်စွာ ငွေလွှဲခဲ့ကြောင်း၊ ဒါပေမယ့် ခုနောက်ပိုင်းမှာ အလုပ်သမား ၁၀ ဉီးထံမှ ငွေတွေယူထားပြီး သက်ဆိုင်ရာ မိသားစုထံ ကျပ်ငွေ သိန်းပေါင်း ၆၀ ကို လွှဲမပေးဘဲ တိမ်းရှောင်နေလို့ စုံစမ်းပြီး ထိုင်းနိုင်ငံ နခွန်းပထုံမြို့

အုန်းရိုင်ရပ်ကွက်ရှိ တိုက်ခန်းတခုမှာ သွားရောက်ဖမ်းဆီ းခဲ့တယ်လို့ အေအေစီအဖွဲ့တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ “ပထမ ၁ သိန်း ၂ သိန်းပို့တုန်းကတော့ လွှဲပေးတယ်။ အခုသိန်း ၆၀ ဖိုး ပို့ကြတော့ သူက မပို့ပေးဘဲ

ထိုင်းနိုင်ငံထဲမှာ ပတ်ပြီးပုန် းရှောင်နေတာ။ ကျနော်တို့အေအေစီအဖွဲ့က စေတနာ့ဝန်ထမ်း တွေ အလုပ်သမားတွေနဲ့ ပူးပေါင်းပြီးတော့ သဲလွန်စလိုက်ရှာတာ၊ သူနေတဲ့နေရာ သိတာနဲ့ မနေ့ ည က ဝိုင်းဖမ်းပြီး ထိုင်းရဲလက်ကို အပ်လိုက်ပါတယ်ခင်ဗျ။ သူကလည်း အပြစ်ကိုဝန်ခံတယ်။ ဒါပေမယ့် လိမ်ယူထားတဲ့

ပိုက်ဆံတွေတော့ လောလောဆယ် သူ့မှာ ပြန်ပေးနိုင်တဲ့ အနေအထား မရှိသေးဘူး။ ဘဏ်ထဲမှာတော့ မြန်မာငွေ သိန်း ၃၀ လောက်ရှိမယ့် ထိုင်းငွေတွေရှိတယ်။ အဲဒီပိုက်ဆံကို ရဲကစစ်ဆေးပြီးတော့ ပြန်လျော်ပေးဖို့ကိစ္စတွေ လုပ်ရမှာပေါ။”

အဲဒီပွဲစားဆီကနေ ငွေလွှဲပြီး အလိမ်ခံရတဲ့ အလုပ်သမားတွေ ရှိပါက အေအေစီကို ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း၊ ထိုင်းရောက်အလုပ်သမားတွေအနေနဲ့ အခုလို အလိမ်မခံရစေဖို့ အွန်လိုင်းမှာ ကြော်ငြာတဲ့ ငွေလွှဲလုပ်ငန်းတွေ

ကြုံရာလူနဲ့ ငွေထည့် ပေးတာတွေကို စိတ်ချယုံ ကြည်ရမှ ငွေလွှဲကြဖို့ အေအေစီက သတိပေး ပြောကြားပါတယ်။

Tags: