(Unicode version) အရမ်းနာမည် ပြန်ကြီးလာတဲ့ ဘားအံတောင်ဝိုင်း မိုးပျံတံတား နှင့် နီးကပ်လာသော အန္တရာယ်
ဘားအံ တောင်ဝိုင်း လက်ရှိ အနေအထားပါ။
တောင်ဝိုင်း မိုးပျံတံတား ဆိုတာ အရမ်းနာမည်ပြန်ကြီး လာပါတယ်။ ပုံထဲက အတိုင်းသာဆိုရင် အန္တရယ် အရမ်းများ ပါတယ်။ ပုံမှာတွေ့ကြတဲ့အတိုင်းပါပဲ။
တံတားရဲ့ ခံနိုင်ရေအားက ဝန်နဲ့ မမျှတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့ လူဦးရေ သတ်မှတ်ခြင်း။ ဝန်လျော့ခြင်း။ တံတားအား ခံနိုင်ရေ အတိုင်းအတာ ကြံ့ခိုင်မှုများ စစ် ဆေးပေးခြင်း။ ကျောက်အစွန်း အဖျားများသို့ သွားရောက် ခြင်းအား
ဂရုစိုက် အသိပေးခြင်း မိုးတွင်း ကာလဆိုတော့ကျောက်များ ချော်တတ်ခြင်း။ ကျွမ်းကျင်ပညာ ရှင်များနှင့် ဆွေးနွေး တိုင်ပင်ခြင်း။ တောင်တက် တောင်ဆင်း ဖွင့်ချိန် ပိတ်ချိန်များကို
တရားဝင် သိရှိအောင် ကြော်ငြာပေးခြင်း။ အမှို က် မပစ်ချ စေရန် အသိပေးခြင်း။ အခြားလို အပ်သော ကိစ္စများ ဆောင်ရွက် ပေးစေလိုပါတယ်။
မဖြစ်ရင် မဖြစ်ဘူး ဖြစ်မှဆို အချိန်မမှီမှာ စိုးရိမ်တဲ့ အတွက် တာဝန်ရှိ ပုဂ္ဂိုလ်များ ဒီပိုစ့်ကိုမြင်တွေ့ စေလိုပါတယ်။
ပ်ိုစ့်တွေ တက်လာတိုင်း ရင်တထိတ် ထိတ်နဲ့ နေ့တိုင်း နားစွင့် နေရပါတယ်။ #အမှန်တကယ် စ်ိတ်ပူလို့ပါ။ 🙏🙏🙏 ဝိုင်းဝန်း ပူးပေါင်းကာ ကူညီဆောင်ရွက် ပေးဖို့လဲ အသင့်ရှိပါတယ်။ #photo-Crd / လေးစားလျှက် #ဆရာလုံး🙏
Tags: