ျမန္မာ့အႀကီးဆုံးလို႔ ယူဆရတဲ့ ရွမ္းေျမာက္ပိုင္းက သနပ္ခါးပင္ႀကီး ကိုင္းတက္မ်ား ေျခာက္ေသြ႕ ေနသျဖင့္ ထိမ္းသိမ္းရန္ လိုအပ္ေန

ျမန္မာ့အႀကီးဆုံးလို႔ ယူဆရတဲ့ ရွမ္းေျမာက္ မဘိမ္းၿမိဳ႕နယ္က သနပ္ခါးပင္ႀကီး ကိုင္းတက္မ်ား ေျခာက္ေသြ႕ ေနသျဖင့္ ထိမ္းသိမ္းရန္ လိုအပ္ေန

ျမန္မာ့အႀကီးဆုံးသနပ္ခါးပင္လို႔ ယူဆရတဲ့ ရွမ္းေျမာက္၊ မဘိမ္းၿမိဳ႕နယ္က သနပ္ခါးပင္ႀကီးရဲ႕ ကိုင္းတက္ႏွစ္တက္မွာ ေျခာက္ေသြ႕ ေနၿပီျဖစ္ ေၾကာင္း ရွမ္းျပည္နယ္ သစ္ေတာဦးစီး ဌာနမွ သိရပါတယ္။

အဲဒီ သနပ္ခါးပင္က ရွမ္းျပည္နယ္‌ ေျမာက္ပိုင္း မဘိမ္းၿမိဳ႕နယ္ မိုးလုံးေက်း႐ြာရဲ႕ ႐ြာလယ္ နတ္စင္ဝင္းအတြင္းမွာ တည္ရွိၿပီး သက္တမ္း ၁၀၀ ေက်ာ္ ရွိၿပီျဖစ္ေၾကာင္း၊ ေဒသခံေတြ အစဥ္ အ ဆက္ ထိန္းသိမ္းလာခဲ့တဲ့

အဲဒီ သနပ္ခါးပင္က ရင္စို႔လုံးပါတ္ ၇ေပ၆လက္မအ႐ြယ္ရွိေၾကာင္း သိရပါတယ္။ “မန္က်ည္းပင္နဲ႕အတူ နတ္စင္ဝင္း ထဲမွာရွိတာ။ ႏွစ္ပင္စလုံးရဲ႕သက္တမ္းကို အသက္၉၀ေက်ာ္ ဘိုးဘြားေတြ ဘယ္သူမွ အတိအက် မေျပာနိုင္ၾကဘူး။

ကိုင္းတက္ ႏွစ္တက္က ေျခာက္ေသြ႕ေနၿပီ ေရ ရွည္ထိန္းသိမ္းနိုင္ဖို႔ လိုအပ္ေနပါတယ္”လို႔ ရွမ္း ျပည္နယ္ သစ္ေတာဦးစီး ဌာနမွ တာဝန္ရွိသူတစ္ဦးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကိုေျပာပါတယ္။

အဆိုပါသနပ္ခါးပင္ႀကီးက အျမင့္ ၅ေပ၉လက္မခန႔္မွာ ကိုင္းတက္ႀကီးသုံးတက္ျဖာထြက္သြားၿပီး .အျမင့္ ေပ၁၀၀ေက်ာ္ရွိေၾကာင္း လက္ရွိ အေျခ အေနမွာ အငယ္ဆုံး ကိုင္းတက္ တစ္တက္သာ အ႐ြက္အသီးေတြနဲ႕ ရွင္သန္

လ်က္ရွိကာ က်န္ကိုင္းတက္ ႀကီးႏွစ္တက္ကလဲ
ေျခာက္ေသြ႕ေနၿပီး အခက္အသီးေတြနဲ႕ စည္ကားျခင္း မရွိေတာ့ေၾကာင္း သိရပါတယ္။ သနပ္ခါး ပင္ရွိရာ မိုးလုံးေက်း႐ြာကို ၿပီးခဲ့တဲ့ ဇူလိုင္လ ၇

ရက္က ရွမ္းျပည္နယ္ အစိုးရအဖြဲ႕၀င္ သယံဇာတႏွင့္ သဘာ၀ ပတ္၀န္းက်င္ ထိန္းသိမ္းေရး ၀န္ႀကီး ေဒါက္တာ ညီညီေအာင္နဲ႕အဖြဲ႕မွ သြားေရာက္ ၾကည့္ရႈ စစ္ေဆးခဲ့ၿပီး ေရရွည္ထိန္းသိမ္း နိုင္ဖို႔ ေဆြးေႏြး အႀကံေပးခဲ့တယ္ လို႔လည္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ) ဓါတ္ပုံ-ရွမ္းျပည္နယ္သစ္ေတာဦးစီးဌာန #ေ႐ႊႀတိဂံေဒသ သတင္းလႊာ

မြန်မာ့အကြီးဆုံးလို့ ယူဆရတဲ့ ရှမ်းမြောက် မဘိမ်းမြို့နယ်က သနပ်ခါးပင်ကြီး ကိုင်းတက်များ ခြောက်သွေ့ နေသဖြင့် ထိမ်းသိမ်းရန် လိုအပ်နေ

မြန်မာ့အကြီးဆုံးသနပ်ခါးပင်လို့ ယူဆရတဲ့ ရှမ်းမြောက်၊ မဘိမ်းမြို့နယ်က သနပ်ခါးပင်ကြီးရဲ့ ကိုင်းတက်နှစ်တက်မှာ ခြောက်သွေ့ နေပြီဖြစ် ကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီး ဌာနမှ သိရပါတယ်။

အဲဒီ သနပ်ခါးပင်က ရှမ်းပြည်နယ်‌ မြောက်ပိုင်း မဘိမ်းမြို့နယ် မိုးလုံးကျေးရွာရဲ့ ရွာလယ် နတ်စင်ဝင်းအတွင်းမှာ တည်ရှိပြီး သက်တမ်း ၁၀၀ ကျော် ရှိပြီဖြစ်ကြောင်း၊ ဒေသခံတွေ အစဉ် အ ဆက် ထိန်းသိမ်းလာခဲ့တဲ့

အဲဒီ သနပ်ခါးပင်က ရင်စို့လုံးပါတ် ၇ပေ၆လက်မအရွယ်ရှိကြောင်း သိရပါတယ်။ “မန်ကျည်းပင်နဲ့အတူ နတ်စင်ဝင်း ထဲမှာရှိတာ။ နှစ်ပင်စလုံးရဲ့သက်တမ်းကို အသက်၉၀ကျော် ဘိုးဘွားတွေ ဘယ်သူမှ အတိအကျ မပြောနိုင်ကြဘူး။

ကိုင်းတက် နှစ်တက်က ခြောက်သွေ့နေပြီ ရေ ရှည်ထိန်းသိမ်းနိုင်ဖို့ လိုအပ်နေပါတယ်”လို့ ရှမ်း ပြည်နယ် သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကိုပြောပါတယ်။

အဆိုပါသနပ်ခါးပင်ကြီးက အမြင့် ၅ပေ၉လက်မခန့်မှာ ကိုင်းတက်ကြီးသုံးတက်ဖြာထွက်သွားပြီး
အမြင့် ပေ၁၀၀ကျော်ရှိကြောင်း လက်ရှိ အခြေ အနေမှာ အငယ်ဆုံး ကိုင်းတက် တစ်တက်သာ အရွက်အသီးတွေနဲ့ ရှင်သန်

လျက်ရှိကာ ကျန်ကိုင်းတက် ကြီးနှစ်တက်ကလဲ
ခြောက်သွေ့နေပြီး အခက်အသီးတွေနဲ့ စည်ကားခြင်း မရှိတော့ကြောင်း သိရပါတယ်။ သနပ်ခါး ပင်ရှိရာ မိုးလုံးကျေးရွာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၇

ရက်က ရှမ်းပြည်နယ် အစိုးရအဖွဲ့၀င် သယံဇာတနှင့် သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဒေါက်တာ ညီညီအောင်နဲ့အဖွဲ့မှ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေရှည်ထိန်းသိမ်း နိုင်ဖို့ ဆွေးနွေး အကြံပေးခဲ့တယ် လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ) ဓါတ်ပုံ-ရှမ်းပြည်နယ်သစ်တောဦးစီးဌာန #ရွှေတြိဂံဒေသ သတင်းလွှာ

Tags: