“နာမည်တူရင်တောင် သူမနဲ့ Quality တူတဲ့သူနောက်တစ်ယောက် ဆိုတာ ရှိမလာနိုင်ဘူး” ဆိုတဲ့ “ထက်ထက်ထွန်း”
ထက်ထက်ထွန်းကတော့ Miss Universe ပြိုင်ပွဲကြီး မှာ မြန်မာနိုင်ငံ အတွက် National Costume ဆုကို ဆွတ်ခူးပေးနိုင် ခဲ့တဲ့ သူတစ်ယောက် ဖြစ်သလို အခုဆိုရင် ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ကူးနေတဲ့
မင်းသမီး တစ်ယောက် အဖြစ် ရပ်တည်နေ ပြီဖြစ်ပါတယ် ။ လတ်တလော မှာတော့ Brand တွေနဲ့ ပတ်သတ်ပြီး သိပ်အစွဲမရှိတဲ့ သူမက ကိုယ့်ကိုယ်ကိုပဲ Brand လို့ သတ်မှတ်ထားတယ်လို့ ဆိုလာပါတယ် ။
လူ အများနဲ့ ဆက်ဆံတဲ့ နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့်ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ။
ဒါကြောင့် ဒီ ဗီဒီယို လေးကိုသာ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။ Brand တွေ ကိုရူးသွပ်တတ်တဲ့သူ တစ်ယောက် မဟုတ်သလို ကိုယ့်ကိုယ်ကို Brand တစ်ခုလို့ သတ်မှတ်ထားပြီး
ထက်ထက်ထွန်း ဆိုတဲ့ Brand က နောက်တစ်ယောက်မရှိနိုင်ဘူး နာမည်သာ တူချင်တူမယ်။ Quality မတူဘူးလို့ တွေးထားတဲ့ အတွက်ကို ခန္ဓာကိုယ် မှာဘာ Brand မှ မတင်ရင်တောင် ကိုယ့်ကိုယ် ကို ယုံကြည်မှု ရှိတယ်လို့
သူမရဲ့ခံယူချက်လေး ကို Cele Zone အင်တာ ဗျူး မှာဖြေဆိုခဲ့ပါတယ် ။ သူမ အဖေ ဆုံးမခဲ့သလို သုံးချင်သုံး မဖြုန်းနဲ့ ဆိုတဲ့ စကားအတိုင်း အဓိက လိုအပ်တဲ့ နေရာတွေမှာ သုံးဖို့ မစုထားဘဲနဲ့ ဒါတွေကိုပဲ တပ်မက်ပြီး Brand တွေနောက်
လိုက်နေမယ် ဆိုရင်တော့ ဖြုန်းတယ်လို့ ခေါ် တယ်လို့ သူမက ပြောခဲ့ တာဖြစ်ပါတယ်။ ထက်ထက်ထွန်း က သူမ ဟာ ကပ်စေးနှဲ တဲ့ထဲမှာ ပါသလို အဲ့လောက်ကြီး ဖြုန်းနိုင် တဲ့ အနေထားမှာ မရှိသေးတဲ့ အတွက် အဓိက လိုအပ်တဲ့ အိမ်တွေ ကားတွေနဲ့ မိသားစုနဲ့
ပျော်ပျော် ရွှင်ရွှင်နေဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ပဲ ကြိုးစားပါတယ်တဲ့ ပရိသတ်ကြီးရေ ..။ ထက်ထက်ထွန်း ရဲ့ စကားလေးကေ တာ့ လူငယ်တွေ အတုယူစရာမို့ Interview ဗီဒီယို လေးကိုလည်း Cele Zone ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Exclusive On Cele Zone / Emily (Cele Zone)
Posted by Cele Zone on Friday, July 3, 2020